လူ့အခွင့်အရေးလှုပ်ရှားသူရခိုင်လူငယ် ၃ ဦး၏အမှုအားရုပ်သိမ်းပေးရန် ပြည်နယ်တရားလွှတ်တော်တွင် တင်ပြတောင်းဆိုမည်

လူ့အခွင့်အရေးလှုပ်ရှားသူရခိုင်လူငယ် ၃ ဦး၏အမှုအားရုပ်သိမ်းပေးရန် ပြည်နယ်တရားလွှတ်တော်တွင် တင်ပြတောင်းဆိုမည်

ထွန်းခိုင် — ဒီဇင်ဘာလ (၁ဝ) ရက်နေ့က စစ်တွေမြို့တွင် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ အထိမ်းအမှတ် လှုပ်ရှားမှုပြုလုပ်၍ ငြိမ်းစုစီဥပဒေပုဒ်မ (၁၉)ဖြင့် တရားစွဲခံထားရသူ ကိုသန်းလှ (ခ) ကိုမင်းဘာချေ အပါအဝင် ရခိုင်လူငယ် (၃)ဦးအမှုအား ရုပ်သိမ်းပေးရန် ပြည်နယ်တရားလွှတ်တော်တွင် တင်ပြတောင်းဆိုသွားမည်ဟု ယနေ့ တတိယအကြိမ်မြောက် ရုံးချိန်းတွင် ကိုသန်းလှက ပြောသည်။

“ဒီအမှုကို ကျနော်တို့က တရားရုံးတော်က ပယ်ဖျက်ပေးဖို့တောင်းဆိုတယ်။ မြို့နယ်တရားရုံးက ဒီတောင်းဆိုချက်ကို ရခိုင်ပြည်နယ်တရားလွှတ်တော်ကိုတင်ပေးပါဆိုပြီးတော့ ပြောတယ်။ အဲဒီကိစ္စကို မြို့နယ်တရားရုံးက အမိန့်ချပိုင်ခွင့်မရှိဘူးပေါ့လေ။ ကျနော်တို့ကတော့ အခုလာမယ့် ရုံးချိန်းမှာ အမှုကို ရုပ်သိမ်းပေးဖို့အကြောင်းကို ပြည်နယ်တရားလွှတ်တော်ကိုတင်ပြီးတော့ ပယ်ဖျက်ပေးဖို့တောင်းဆိုမှုကို ကျနော်တို့တောင်းဆိုသွားမယ်” ဟု ကိုသန်းလှက ပြောသည်။

၄င်းတို့ သုံးဦး၏ အမိန့်ကို ၆ လအတွင်း အပြီးသတ်အမိန့်ချမည်ဖြစ်ပြီး လာမည့် ဇန်နဝါရီလ ၂၂ ရက်နေ့တွင် ထပ်မံရုံးချိန်းလိုက်ကြောင်းလည်း ၄င်းကဆက်ပြောသည်။

တရားစွဲဆိုခံရနေသူ သုံးဦးမှာ ရခိုင်လူငယ်မျိုးဆက်သစ်ကွန်ရက်မှ ကိုမင်းဘာချေ (ခေါ်)ကိုသန်းလှ၊ ကိုနိုင်နိုင်ထွန်းနှင့် မခိုင်မြတ်သူတို့ဖြစ်ကြသည်။

၄င်းတို့ ၃ ဦးအား ဒီဇင်ဘာလ ၁ဝ ရက်နေ့က ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့တွင် လူ့အခွင့်အရေး လှုပ်ရှားမှုပြုလုပ်ခဲ့သဖြင့် ငြိမ်းစုစီမတင်ဘဲ လူစုလူဝေး ပြုလုပ်သည်ဟုဆိုကာ ရဲတပ်ဖွဲ့ဝင်များက ၎င်းနေ့ နံနက်ပိုင်းတွင် ဖမ်းဆီးသွားခဲ့ပြီး ယင်းနေ့ ညနေ ၄ နာရီအချိန်ခန့်တွင် အာမခံဖြင့် ပြန်လည်လွှတ်ပေးခဲ့သည်။

၂ဝ၂ဝ ပြည့်နှစ်၊ ဒီဇင်ဘာလ (၂၁)ရက်နေ့တွင် ၄င်းတို့ ၃ ဦးအား စစ်တွေမြို့နယ်တရားရုံးတွင် စစ်တွေမြို့နယ် ရဲမှူးက တရားလိုလုပ် တရားစွဲဆိုခြင်းဖြစ်သည်။

September 9, 2026
ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်၊ ရိုးတောင်ကျော်လမ်းရှိ ညောင်ကျိုးနှင့် ပွိုင့် ၆၆၆ ကုန်း...
စစ်အုပ်စုတပ်သားအချို့ / AFP
September 8, 2026
ညီနောင်မဟာမိတ် (၃) ဖွဲ့၏ ‘၁၀၂၇ စစ်ဆင်ရေး’ ကို အားကျပြီး အတုယူပြုလုပ်သော စစ်အုပ်စုတပ်၏ ‘၄၉၂၆...
ဓာတ်ပုံ - (AA / Crd)
September 7, 2026
ရခိုင်ပြည်၊ စစ်တွေမြို့နယ်နှင့် ပုဏ္ဏားကျွန်းမြို့နယ် အစပ်ရှိ နေရာအချို့ကို စက်တင်ဘာလ ၇ ရက် ယနေ့...
September 5, 2026
ယခုရက်ပိုင်းအတွင်း ရခိုင်ပြည်၊ စစ်တွေနှင့် ကျောက်ဖြူမြို့နယ်တို့တွင် တိုက်ပွဲများ...