Published
Thursday, April 06, 2017
ကရင်နီဘာသာ အစီအစဉ် (ဧပြီလ ၆၊ ၂၀၁၇)
ကယားပြည်နယ် ရှားတောမြို့နယ်မှာရှိတဲ့ကျေးရွာတချို့ကို လူမှုအသင်းအဖွဲ့တွေ သွားရောက်ကူညီမယ့် အပေါ် လုံခြံုရေးအရ ပိတ်ပင်ထားတာဖြစ်တယ်လို့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) ဒုဥက္ကဋ္ဌ ခူးဦးရယ် က ပြောပါတယ်။
ကယား(ကရင်နီ)ပြည်နယ်မှာ ကျင်းပတဲ့ ကရင်နီအမျိုးသားနှစ်သစ်ကူးပွဲတော်ဟာ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP)ရဲ့ ပွဲတော်သာဖြစ်တယ်ဆိုပြီး ခံယူနေကြဆဲဖြစ်တယ်လို့ ကရင်နီအမျိုးသားနှစ်သစ်ကူးဖြစ်မြောက်ရေးကော်မတီဥက္ကဋ္ဌက ပြောပါတယ်။
ဒီးမောဆိုမြို့နယ် အနောက်ဘက်ခြမ်းက တောင်သူတွေဟာ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ မြေပဲ စတာတွေကို စိုက်ပျိုးခဲ့တဲ့နေရာမှာ ဘိန်းတွေကိုစိုက်ပျိုးလာခဲ့ကြပေမယ့် စားဝတ်နေရေးအတွက် ရုန်းကန်နေကြရဆဲဖြစ်ပါတယ်။






