ကိုဗစ်ကာလ မြန်မာ-ထိုင်း မြဝတီနယ်စပ်ကုန်သွယ်မှုယခင်နှစ်ထက် လျော့ကျ

ကိုဗစ်ကာလ မြန်မာ-ထိုင်း မြဝတီနယ်စပ်ကုန်သွယ်မှုယခင်နှစ်ထက် လျော့ကျ

Covid- 19 ကာလအတွင်း မြန်မာ-ထိုင်းနယ်စပ် မြဝတီနယ်စပ်ကုန်သွယ်မှုအခြေအနေမှာအ သွားအလာကန့်သတ်မှုတစ်ချို့မှလွဲ၍ ကုန်သွယ်မှုကို မထိခိုက်စေဘဲ ကုန်သွယ်မှုပြုခဲ့ သော် လည်း ယခုနှစ်သုံးလအတွင်း ကုန်သွယ်မှုက ယခင်နှစ် သုံးလအတွင်း ကုန်သွယ်မှုထက် လျော့ကျလျက်ရှိကြောင်း စီးပွားရေးနှင့်ကူးသန်းဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

ယခင်နှစ် (၂၀၁၉ အောက်တိုဘာ ၁ ရက်မှ ၂၀၂၀ ဇန်နဝါရီ ၁ ရက်ထိ) ကုန်သွယ်မှုပမာဏ ၂၈၀.၁၆၅ သန်းရှိခဲ့သည့် ကာလတူထက် ယခုနှစ် ၂၀၂၀ အောက်တိုဘာ ၁ ရက်မှ ၂၀၂၁ ဇန်နဝါရီ ၁ ရက်အထိ သုံးလအတွင်း အမေရိကန်ဒေါ်လာ ၂၅၆.၂၈၀ သန်းသာ ကုန်သွယ်နိုင်ခဲ့ ခြင်းဖြစ်သည်။

မြန်မာနိုင်ငံဘက်သို့ ထိုင်းနိုင်ငံမှ တင်သွင်းသော သွင်းကုန်ပစ္စည်းများမှာ Covid -19 ကာလ ကုန်သွယ်မှုအကန့်အသတ်များကြောင့် လျော့ကျလျက်ရှိကာ ယခုဘဏ္ဍနှစ်သစ် (၃)လ အ တွင်း အမေရိကန်ဒေါ်လာ ၁၉၇.၇၆၄ သန်းသာ ကုန်သွယ်နိုင်ခဲ့သည့်အတွက် ယခင်ကာလ တူက ကုန်သွယ်ခဲ့သည့် အမေရိကန်ဒေါ်လာ ၂၁၉.၁၄၀ သန်းထက် ၂၁.၃၇၆ သန်း လျော့ကျ သွားခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့အတူ မြဝတီနယ်စပ်မှတဆင့် ထိုင်း-နိုင်ငံဘက်သို့ မြန်မာ့လယ်ယာထွက်ကုန်ပြောင်းဆန်တင်ပို့မှု ရပ်နားထားပြီးနောက် မြန်မာဘက်ကပို့ကုန်လျော့ကျလျက်ရှိကာ ၂၀၂၀ အောက်တို ဘာလ ၁ ရက်မှ ၂၀၂၁ ခုနှစ်ဇန်နဝါရီလ ၁ ရက်နေ့ထိ အမေရိကန်ဒေါ်လာ ၅၈.၅၁၆ သန်း သာတင်ပို့နိုင်ခဲ့သည့်အတွက် ယခင်နှစ်ကာလတူက ကုန်သွယ်ခဲ့သည့် ၆၁.၀၂၅ သန်းနှင့်နှိုင်း ယှဉ်ပါက အမေရိကန်ဒေါ်လာ ၂.၅၀၉ သန်း လျော့ကျခဲ့ကြောင်း သိရသည်။

ကြားကာလအနေဖြင့် ထိုင်းနိုင်ငံဘက်တွင် ပြောင်းထွက်ချိန်နှင့်တိုက်ဆိုင်နေ၍ ထိုင်းဘက်က နိုင်ငံသား အကျိုးစီးပွားကိုကာကွယ်သည့်အနေဖြင့် အခွန်နှုန်းတိုးမြှင့်ထား၍ ထိုင်းဘက်သို့ ပြောင်းတင်ပို့မှုကို သြဂုတ် ၃၁ ရက်နေမှစကာ ရပ်ဆိုင်းထားရပြီး မြန်မာ့ နွား၊ ကျွဲ အရှင်များကို ထိုင်းနိုင်ငံဘက်သို့ တင်ပို့မှုမြင့်တက်လျက်ရှိကြောင်း သိရသည်။

လက်ရှိ မြဝတီနယ်စပ်မှတဆင့် မြန်မာ့ပြောင်းဖူးဆန်များအား ထိုင်းနိုင်ငံဘက်သို့ အခွန် ကင်းလွတ်ခွင့်ဖြင့် တင်ပို့ခြင်းကို လာမည့် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် စတင်နိုင်ရန်အတွက် ပြောင်းကုန်သည်များမှ ကြိုတင် ပြင်ဆင်လျက်ရှိနေသည်။

Most read this week

မြဝတီမြို့တွင် မော်တော်ယာဉ် ဗုံးပေါက်ကွဲမှု ဖြစ်ပွားပြီးနောက် မီးလောင်ပျက်စီးသွားသည့် မြင်ကွင်း / Crd
September 14, 2026
ကရင်ပြည်၊ မြဝတီမြို့ပေါ်ရှိ မြို့မရဲစခန်းဘေးလမ်းနှင့် မြေနီကုန်းလမ်းဆုံ...
ပုံစာ - စစ်အုပ်စု၏ လေကြောင်းနှင့် လက်နက်ကြီး ပစ်ခတ်မှုများကြောင့် ပျက်စီးသွားသည့် နေအိမ်များ။
September 12, 2026
ကရင်ပြည်၊ ဖာပွန် (မူတြော်) ခရိုင်၊ ကတိုင်တိကျေးရွာအုပ်စု၊ ထီးသဲလယ်ကျေးရွာအတွင်းသို့ စစ်အုပ်စုက...
CJ (ကျုံဒိုး-ကော့ကရိတ်လမ်း ပုံဟောင်း)
September 11, 2026
ကရင်ပြည်၊ ကျုံဒိုး-ကော့ကရိတ် လမ်းပိုင်းတစ်လျှောက်ရှိ တပ်ရင်း၊ တပ်ဖွဲ့ နေရာများတွင် အခိုင်အမာ...
September 11, 2026
ကရင်အမျိုးသားအစည်းအရုံး (KNU) ထိန်းချုပ်သည့် ကော်သူးလေ (ကရင်ပြည်) နယ်မြေများအတွင်း ၂၀၂၄ ခုနှစ်၊...