အနောက်တံခါးကိုကာကွယ်မည်ဟု ရခိုင်ဒေသခံတွေကို ဒေါက်တာအေးမောင်ဂတိပြု

အနောက်တံခါးကိုကာကွယ်မည်ဟု ရခိုင်ဒေသခံတွေကို ဒေါက်တာအေးမောင်ဂတိပြု
by -
မဇ္ဈိမ
 ကြားဖြတ်ရွေးကောက်ပွဲတွင် အမ်းမဲဆန္ဒနယ်မှ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် ရခိုင်အမျိုးသားပါတီ ဥက္ကဋ္ဌ ဒေါက်တာအေးမောင်က အနောက်တံခါးကို ကာကွယ်မည်ဟု ရခိုင်ဒေသခံတွေကို ကတိပြုပြောကြားခဲ့ကြောင်း ရခိုင်အမျိုးသားပါတီမှသိရသည်။

ဧပြီ ၄ ရက် ညနေ စစ်တွေမြို့ရှိ ရခိုင်အမျိုးသားပါတီ ဗဟိုဌာနချုပ်တွင် ဒေါက်တာအေးမောင်က လွှတ်တော်အတွင်း ဝင်ရောက်ခြင်းနှင့် အနောက်တံခါးကိုကာကွယ်နိုင်မည့် အကြောင်းများအား   ဒေသခံများကိုပြောကြားစဉ် ကတိပေးခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

အဆိုပါကိစ္စနှင့်ပက်သက်ပြီး အမ်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နေရာကို အနိုင်ရရှိထားသည့် ရခိုင်အမျိုးသားပါတီ ဥက္ကဌ ဒေါက်တာအေးမောင်က “အမျိုးသားလုံခြံုမှုတံတိုင်းတစ်ခု အင်မတန်လိုအပ်တယ်ဆိုတာကို ဒေသခံတွေ အဲ့သလိုပဲ ကျွန်တော်တို့ပါတီက အဓိကထားပြီးမှ မူသတ်မှတ်တာပေါ့ အဲ့ဒီ့မှာ အနောက်တံခါးဆိုတာပါလာတာ။ အဲ့ဒီ့အနောက်တံခါး မလုံခြံုရင် ကျွန်တော်တို့ အသက်အိုးအိမ်စည်း စိမ်ကိုခြိမ်းခြောက် တယ်လို့ခံ စားရမှာပေါ့” ဟု ၎င်းက ပြောဆိုသည်။

ရခိုင်ပြည်နယ်၏ ပထဝီနိုင်ငံရေးအခြေအနေအရ ရခိုင်အမျိုးသားပါတီရဲ့ အဓိကမူဝါဒသည် အမျိုးသားလုံခြံုရေးဖြစ်ကြောင်းလည်း ၎င်းက ဆက်လက်ပြောဆိုသည်။

ရခိုင်ပြည်နယ်သည် ယခင် ၂၀၁၀ ခုနှစ်လောက်ကတည်းက လူမျိုးရေး၊ ဘာသာရေးပဋိပက္ခများဖြစ်ပွားနေသောကြောင့် NLD အစိုးရက ကုလသမ္မဂ္ဂအတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန်ဦးဆောင်သည့် ရခိုင်အကြံပေးကော်မရှင်တစ်ရပ် အပါအဝင် ဒုသမ္မတ ကိုယ်တိုင်ဦးဆောင်သည့် ကော်မရှင်တို့ကို ဖွဲ့စည်းဆောင်ရွက်နေရသည်။

သို့သော် ရခိုင်ပြည်နယ်အရေးကိစ္စတွင် အာဏာရပါတီ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ လုပ်ဆောင်ချက်များသည့် ယခင် ဦးသိန်းစိန်အစိုးထက်ပိုပြီး လိုအပ်ချက်များရှိနေသည်ဟု ဒေါက်တာအေးမောင်က သုံးသပ်သည်။

ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် လစ်လပ်နေရာဖြစ်သော အမ်းမဲဆန္ဒနယ်အား ရခိုင်အမျိုးသားပါတီ အပါအဝင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ပြည်ခိုင်ဖြိုးပါတီနှင့် တသီးပုဂ္ဂလ ကိုယ်စားလှယ်လောင်း တစ်ဦးတို့က ဝင်ရောက်ယှဉ်ပြိုင်ခဲ့ခြင်းဖြစ်ပြီး ဒေါက်တာအေးမောင်က မဲအပြတ်အသတ်ဖြင့် အနိုင်ရရှိခဲ့ခြင်း ဖြစ်သည်။

ANP ဥက္ကဋ္ဌ ဒေါက်တာအေးမောင်သည် ၂၀၁၀ အထွေထွေ ရွေးကောက်ပွဲတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် တစ်ဦးဖြစ်ခဲ့ပြီး၊ ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲတွင် ပြည်နယ်ဝန်ကြီးချုပ်   ဖြစ်ခွင့်အတွက် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်နေရာအား မာန်အောင်မဲဆန္ဒနယ်မှ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာတွင် ရှုံးနိမ့်ခဲ့ဖူးသည်။

NUCC ၏ ကောင်စီဝင်များကို ၂၀၂၆ ခုနစ်၊ ဖေဖော်ဝါရီ ၃ ရက်နေ့က ပြုလုပ်သည့် NUCC ၏ သတင်းစာရှင်းလင်းပွဲ၌ တွေ့ရစဉ်။ (မောင်ခက်နွေ)
April 2, 2026
မောင်ခက်နွေ — နွေဦးတော်လှန်ရေးအတွင်း ပေါ်ပေါက်လာသည့် ဖက်ဒရယ်ဒီမိုကရေစီပဋိဉာဏ်...
April 1, 2026
ယမင်းဖူးပွင့်အောင် - အာဏာသိမ်းစစ်ကော်မရှင်တပ်၏ စစ်ထောက်လှမ်းရေးချုပ် (စရဖချုပ်) အဖြစ်...
March 31, 2026
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ကာကွယ်ရေးဦးစီးချုပ် (တပ်ချုပ်)...
March 30, 2026
အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ယနေ့ (မတ် ၃၀ ရက်) ကျင်းပသည့် ၂၀၂၆...