ရခိုင်မှ အခြေခံပညာကျောင်းများ ပြန်ဖွင့်လှစ်ဖို့ ကြိုတင်ပြဆင်ထားရန်ညွှန်ကြား

ရခိုင်မှ အခြေခံပညာကျောင်းများ ပြန်ဖွင့်လှစ်ဖို့ ကြိုတင်ပြဆင်ထားရန်ညွှန်ကြား
ပုံစာ - ၂၀၁၉ ခုနှစ်၊ မတ်လအတွင်းက တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ဖြေဆိုရန် စောင့်ဆိုင်းနေကြသော မြောက်ဦးက ကျောင်းသူ/ကျောင်းသားများ။ (ဓါတ်ပုံ - ပျံလွှား)
ပုံစာ - ၂၀၁၉ ခုနှစ်၊ မတ်လအတွင်းက တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ဖြေဆိုရန် စောင့်ဆိုင်းနေကြသော မြောက်ဦးက ကျောင်းသူ/ကျောင်းသားများ။ (ဓါတ်ပုံ - ပျံလွှား)

ကျော်သူဌေး — ရခိုင်ပြည်နယ်မှ အခြေခံပညာစာသင်ကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ရန်အတွက် ကိုဗစ်-၁၉ စည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ ကြိုတင်ပြင်ဆင်ထားရန် ပညာရးဝန်ကြီးဌာနမှ ညွှန်ကြားထားသည်ဟု ရခိုင်ပြည်နယ်ပညာရေးမှူးရုံးမှ သိရသည်။

မည်သည့်အချိန်တွင် ဖွင့်မည်ကို မသိရသော်လည်း မြန်မာနိုင်ငံတွင်ရှိသည့် အခြေခံပညာကျောင်းများအား ပြန်လည်ဖွင့်လှစ်နိုင်ရန် ပညာရေးဝန်ကြီးဌာနနှင့် ကျန်းမာရေးဝန်ကြီးဌာနတို့ ညှိနှိုင်းဆောင်ရွက်နေသည်ဟု ရခိုင်ပြည်နယ်ပညာရေးမှူး ဦးတင်သိန်းက ပြောသည်။

“ ကျောင်းဖွင့်လှစ်ဖို့အတွက် ပညာရေးဝန်ကြီးနဲ့ကျန်းမာရေးဝန်ကြီးတို့ ညှိနှိုင်းဆောင်ရွက်နေတယ်။ ကျန်းမာရေးက ခွင့်ပြုလာတဲ့အခါ ကျောင်းပြန်ဖွင့်ဖို့အစီအစဉ်ရှိနေတယ်။ ကိုယ့်ပြည်နယ်မှာရှိတဲ့ ကျောင်းအားလုံးကို အရင် ဇူလိုင်လကလုပ်ခဲ့တဲ့ ပုံစံအတိုင်း အချက် ၈၀ နဲ့ကိုက်ညီဖို့အတွက် အဆင်သင့်ဖြစ်နေအောင် ကြိုင်တင်ပြင်ဆင်ထားဖို့ မှာကြားသွားတယ်” ဟု ရခိုင်ပြည်နယ်၊ ပြည်နယ်ပညာရေးမှူး ဦးတင်သိန်းက ပြောသည်။

ကျောင်းများဖွင့်လှစ်နိုင်မည်ဆိုပါက လက်ရှိ ကိုဗစ်ရောဂါ လျော့နည်းလာမှု အခြေအနေပေါ်မူတည်နေပြီး၊ ယခုလက်ရှိ ရခိုင်ပြည်နယ်တွင်ရှိသည့် ကျောင်းများအားလုံးကို ကျန်းမာရေးဆိုင်ရာ ညွှန်ကြားချက် ၈၈ ချက်နှင့်အညီ ကိုက်ညီအောင် လုပ်ဆောင်ရန် စီစဉ်နေကြောင်း ပြည်နယ်ပညာရေးမှူး ဦးတင်သိန်းက ပြောသည်။

စာသင်ကျောင်းများနှင့်တက္ကသိုလ်များ ပြန်လည်ဖွင့်လှစ်နိုင်ရန် ပြည်သူများအနေဖြင့် ကိုဗစ်-၁၉ ကာကွယ်ရေးဆိုင်ရာ စည်ကမ်းလိုက်နာမှု အတိုင်းအတာတွင် မူတည်နေသည်ဟု ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မြင့်ထွေးက ပြီးခဲ့သည့် ဒီဇင်ဘာလ ၂၉ ရက်နေ့က ပြောကြားထားသည်။

ပြီးခဲ့သည့် ဇူလိုင်လ ၂၁ ရက်နေ့မှ သြဂုတ်လ ၂၇ ရက်နေ့အထိ မြန်မာနိုင်ငံမှ ကျောင်းများအားလုံးကို ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ ဖွင့်လှစ်နိုင်ခဲ့သော်လည်း သြဂုတ်လ ၂၈ ရက်နေ့တွင် ပြည်တွင်းကူးစက်မှု မြင့်မားလာသဖြင့် ပြန်လည်ပိတ်ပင်ခဲ့ခြင်းဖြစ်သည်။

Most read this week

Wai Hun Aung (Facebook) / ဇွန်လ ၁၅ ရက်က ရသေ့တောင်မြို့နယ်မှ ကျောက်တော်မြို့သို့ လာသော စက်လှေတစ်စီး တိမ်းမှောက်ကာ ရေနစ်မြုပ်နေသည်ကို တွေ့ရစဉ်။
September 5, 2026
ရခိုင်ပြည်တွင် ယခုနှစ် မိုးတွင်းကာလ စက်လှေနစ်မြုပ်မှုကြောင့် သေဆုံးသူ အရေအတွက် တိုးလာနေပြီး...
မောင်တော နခခ (၅) စခန်းသိမ်းတိုက်ပွဲအတွင်း တွေ့ရသော AA တပ်ဖွဲ့ဝင်တစ်ဦး။ / AA Info Desk
September 4, 2026
ရခိုင်ပြည်၊ စစ်တွေမြို့နယ်တွင် စစ်အုပ်စုတပ်နှင့် အာရက္ခတပ်တော် (AA) တို့ စက်တင်ဘာလ ၄ ရက်၊ နံနက်...
ရခိုင်ဒေသအတွင်း တားမြစ် အရက်၊ ဘီယာများအား DLEPS မှ စစ်ဆေးမှုများ လုပ်ဆောင်နေစဉ် / APM
September 4, 2026
ရခိုင်ပြည်အတွင်း မုဒိမ်းမှုကျူးလွန်ပြီး ထွက်ပြေးလွတ်မြောက်နေသူများအား အမြန်ဆုံး...
DMG / ဩဂုတ်လ ၂၉ ရက်နေ့က ကျောက်တော်မြို့နယ်၌ ကျင်းပသည့် လူငယ်တွေ့ဆုံပွဲတွင် တက် ရောက်လာသူများကို တွေ့ရစဉ်
September 4, 2026
ရခိုင်ပြည်အတွင်း လူမှုသဟဇာတ ဖြစ်ပေါ်တိုးတက်စေရေးအတွက် စုံလင်ကွဲပြားသည့် လူမျိုးစုအားလုံးအကြား...