ရခိုင်နိုင်ငံရေးအခင်းအကျင်းကို ဝိုင်းဝန်းဖြေရှင်းရန် ANP နှင့် ရခိုင်မျိုးနွယ်စုပါတီများ တွေ့ဆုံမည်

ရခိုင်နိုင်ငံရေးအခင်းအကျင်းကို ဝိုင်းဝန်းဖြေရှင်းရန် ANP နှင့် ရခိုင်မျိုးနွယ်စုပါတီများ တွေ့ဆုံမည်

မင်းထွန်း — ရခိုင်နိုင်ငံရေး အခင်းအကျင်းများကို ဝိုင်းဝန်းဖြေရှင်းနိုင်ရန်အတွက် ရခိုင်အမျိုးသားပါတီ (ANP) နှင့် ရခိုင်တိုင်းရင်းသားမျိုးနွယ်စုပါတီများ ဇန်နဝါရီလ ၇ ရက်နေ့တွင် ANP ပါတီဗဟိုရုံး၌ တွေ့ဆုံဆွေးနွေးသွားမည်ဖြစ်ကြောင်း ယင်းပါတီ တာဝန်ရှိသူများထံမှ သိရသည်။

ANP ပါတီနှင့် တွေ့ဆွေးနွေးမည့် ရခိုင်တိုင်းရင်းသားမျိုးနွယ်စုပါတီများမှာ သက်၊ မြို၊ ခမီ၊ ဒိုင်းနက်စသည့် ပါတီများ ပါဝင်သည်။ အဆိုပါ မျိုးနွယ်စုပါတီများသည် ရခိုင်ပြည်နိုင်ငံရေးအခင်းအကျင်းတွင် ANP ပါတီနှင့်ထပ်တူ ကိုယ်တိုင်ပါဝင်ခံစား၊ ရင်ဆိုင်တွေ့ကြုံနေရကြောင်း ANP မူဝါဒရေးရာဦးဆောင်ကော်မတီဝင် ဦးထွန်းအောင်ကျော်က ပြောသည်။

“နောက်ဖြစ်ပေါ်လာမယ့် နိုင်ငံရေးအခင်းအကျင်းတွေမှာလည်း အားလုံးဝိုင်းဝန်းပြီး ဘယ်လိုဖြေရှင်းမလဲ၊ အမျိုးသားစီးပွားအကျိုး၊ ရခိုင်လူမျိုးတစ်မျိုးတည်းမဟုတ်ဘဲနဲ့ ရခိုင်နဲ့ရခိုင်မျိုးနွယ်စု တိုင်းရင်းသားညီအစ်ကို အားလုံးအတွက် ရခိုင်ပြည်မှာရှိတဲ့ ရခိုင်ပြည်သူလူထုအတွက် နိုင်ငံရေးနည်းအရ ဘယ်လိုလုပ်ပြီး အကောင်းဆုံးဖြေရှင်းနိုင်မလဲဆိုတာကို ဝိုင်းဝန်းပြီး တိုင်ပင်ဆွေးနွေးဖို့အတွက် အဓိကရည်ရွယ်လို့ ခေါ်တာဖြစ်တယ်” ဟု ၎င်းကဆိုသည်။

ရခိုင်တိုင်းရင်းသားမျိုးနွယ်စုပါတီများသည် လူနည်းစုပါတီများဖြစ်သည့်အတွက် လက်တွဲခေါ်ယူရန် လိုအပ်သည့်အတွက်ကြောင့် မျိုးနွယ်စုပါတီများကို ဦးစားပေးတွေ့ဆုံခြင်းဖြစ်ကြောင်း ဦးထွန်းအောင်ကျော်က ပြောသည်။

ယင်းအပြင် ရခိုင်ပြည်နယ်အတွက် လက်တွဲညီညီဆောင်ရွက်ရမည့် အခြေအနေပေါ်ပေါက်လာလျှင် တခြားရခိုင်နိုင်ငံရေးပါတီများဖြစ်သည့် ရခိုင့်ဦးဆောင်ပါတီ (AFP)၊ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (ALD ) စသည့်ပါတီများနှင့်လည်း ဆွေးနွေးသွားမည်ဖြစ်ကြောင်း ဦးထွန်းအောင်ကျော်က ဆက်ဆိုသည်။

“ရခိုင်ပြည်နယ်အတွက် လက်တွဲညီညီဆောင်ရွက်ရမယ့် အခြေအနေတွေပေါ်ပေါက်လာရင် တခြား ရခိုင်နိုင်ငံရေးပါတီတွေနဲ့လည်း အချိန်မရွေးပေါ်ပေါက်လာတဲ့ အခြေအနေပေါ်မှာ မူတည်လို့ စည်းလုံးညီညွတ်မှု တစ်ခုကို ဖော်ဆောင်ဖို့ ဆွေးနွေးတိုင်ပင်ဖို့အတွက် မူဝါဒရှိပြီးသားဖြစ်တယ်” ဟု သူကပြောသည်။

ရခိုင်ပါတီများနှင့် ရခိုင်တိုင်းရင်းသားမျိုးနွယ်စုပါတီများ တွေ့ဆုံးဆွေးနွေးခြင်းသည် ကောင်းသည့်အလားအလာဖြစ်ကြောင်း ဒိုင်းနက်လူမျိုးများတိုးတက်ရေးပါတီ ဥက္ကဋ္ဌ ဦးအောင်ကျော်ဇောက ပြောသည်။

“အခုက တွေ့ရမယ်ဆိုတော့ ကောင်းတဲ့အလားအလာဖြစ်တယ်။ ဆိုတော့ ခမီ၊ မြို၊ ဒိုင်းနက်၊ ရခိုင်တို့ဟာ တခါမှ ဒီလိုဆွေးနွေးတိုင်ပင်တာ မရှိဘူးလေ။ အခု ဆွေးနွေးရင် တစ်ဖက်နဲ့တစ်ဖက် အားလုံးသဟဇာတကျရင် အားလုံး အခြေအနေကောင်းမယ်ထင်တယ်” ဟု သူကဆိုသည်။

လက်ရှိတွင် ရခိုင်၌ မျိုးနွယ်စုပါတီများဖြစ်ကြသည့် ကမန်အမျိုးသားတိုးတက်ရေးပါတီ၊ ခမီအမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ မြိုတိုင်းရင်းသားပါတီ၊ ခူမီး (ခမီ) အမျိုးသားပါတီ၊ မြိုအမျိုးသား ဒီမိုကရေစီပါတီ၊ ဒိုင်းနက်လူမျိုးများတိုးတက်ရေးပါတီ၊ မြိုတိုင်းရင်းသား ဖွံ့ဖြိုးရေးပါတီတို့ အသီးသီးရှိကြသည်။

ရခိုင်ပြည်နယ်တွင် ရခိုင်တိုင်းရင်းသားမျိုးနွယ်စု (၇) ခုရှိပြီး ယင်းအထဲ၌ ရခိုင်၊ ကမန်၊ ခမီ၊ ဒိုင်းနက်၊ မရာမာကြီး၊ မြို၊ သက်လူမျိုးတို့ ပါဝင်သည်။

Most read this week

Wai Hun Aung (Facebook) / ဇွန်လ ၁၅ ရက်က ရသေ့တောင်မြို့နယ်မှ ကျောက်တော်မြို့သို့ လာသော စက်လှေတစ်စီး တိမ်းမှောက်ကာ ရေနစ်မြုပ်နေသည်ကို တွေ့ရစဉ်။
September 5, 2026
ရခိုင်ပြည်တွင် ယခုနှစ် မိုးတွင်းကာလ စက်လှေနစ်မြုပ်မှုကြောင့် သေဆုံးသူ အရေအတွက် တိုးလာနေပြီး...
မောင်တော နခခ (၅) စခန်းသိမ်းတိုက်ပွဲအတွင်း တွေ့ရသော AA တပ်ဖွဲ့ဝင်တစ်ဦး။ / AA Info Desk
September 4, 2026
ရခိုင်ပြည်၊ စစ်တွေမြို့နယ်တွင် စစ်အုပ်စုတပ်နှင့် အာရက္ခတပ်တော် (AA) တို့ စက်တင်ဘာလ ၄ ရက်၊ နံနက်...
ရခိုင်ဒေသအတွင်း တားမြစ် အရက်၊ ဘီယာများအား DLEPS မှ စစ်ဆေးမှုများ လုပ်ဆောင်နေစဉ် / APM
September 4, 2026
ရခိုင်ပြည်အတွင်း မုဒိမ်းမှုကျူးလွန်ပြီး ထွက်ပြေးလွတ်မြောက်နေသူများအား အမြန်ဆုံး...
DMG / ဩဂုတ်လ ၂၉ ရက်နေ့က ကျောက်တော်မြို့နယ်၌ ကျင်းပသည့် လူငယ်တွေ့ဆုံပွဲတွင် တက် ရောက်လာသူများကို တွေ့ရစဉ်
September 4, 2026
ရခိုင်ပြည်အတွင်း လူမှုသဟဇာတ ဖြစ်ပေါ်တိုးတက်စေရေးအတွက် စုံလင်ကွဲပြားသည့် လူမျိုးစုအားလုံးအကြား...