မြောက်ပိုင်းလေးဖွဲ့နှင့် ပမာဏအပစ်အခတ်ရပ်စဲရေး ဆွေးနွေးရန် အစိုးရမှ ကမ်းလှမ်းထား

မြောက်ပိုင်းလေးဖွဲ့နှင့် ပမာဏအပစ်အခတ်ရပ်စဲရေး ဆွေးနွေးရန် အစိုးရမှ ကမ်းလှမ်းထား

အောင်ထိန် — ရက္ခိုင့်တပ်တော် (AA) အပါအဝင် မြောက်ပိုင်းမဟာမိတ် ၄ ဖွဲ့နှင့် ပမာဏအပစ်အခတ်ရပ်စဲရေး သေဘာတူစာချုပ် ချုပ်ဆိုနိုင်ရေးအတွက် ယခုလ ဒုတိယအပတ်တွင် တွေ့ဆုံဆွေးနွေးရန် အစိုးရဖက်မှ ကမ်းလှမ်းထားကြောင်း ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့ PCG မှ ဦးလမိုင်ဂွန်ဂျာက ပြောသည်။

မြစ်ကြီးနားနှင့် ကျိုင်းတုံ၌ တွေ့ဆုံရန် ဒီဇင်ဘာလ ၁၆ ရက်နေ့က ပမာဏအပစ်အခတ်ရပ်စဲရေး စာချုပ်မှုကြမ်းအဆိုကို အစိုးရမှ မြောက်ပိုင်းလေးဖွဲ့ထံသို့ ပေးပို့ထားပြီဖြစ်သော်လည်း မြောက်ပိုင်းအဖွဲ့ဖက်မှ အကြောင်းပြန် ခြင်းမရှိသေးကြောင်း ဦးလမိုင်ဂွန်ဂျာက ပြောသည်။

“အစိုးရဖက်ကတော့ ကမ်းလှမ်းတဲ့ စာပေးဖို့ထားတယ်။ အဲအပေါ်မှာ ကျွန်တော်လည်းပဲ မြောက်ပိုင်းလေးဖွဲ့ကို တင်ပြထားတယ်။ လောလောဆယ်ကတော့ ဘယ်နေ့၊ ဘယ်ရက်၊ ဘယ်နေရာမှာ တွေ့မယ်ဆိုတာကိုတော့ သူတို့ဆီက အကြောင်းပြန်လာတာမရှိသေးဘူး” ဟု ၎င်းက ပြောသည်။

မြောက်ပိုင်းလေးဖွဲ့အနေဖြင့် လက်ရှိတွင် ဒီဇင်ဘာလ ခရစ်စမတ်ကျရောက်သွားသဖြင့် သက်ဆိုင်ရာအဖွဲ့အစည်းများမှ လူကြီးများမစုံသေးသောကြောင့် ယခုလအပတ်အတွင်း ၎င်းတို့လေးဖွဲ့တို့ တွေ့ဆုံဆွေးနွေးပြီးမှ အစိုးရနှင့်ဆွေးနွေးရန် ကိစ္စအားအကြောင်းပြန်မည်ဟု မြောက်ပိုင်းပိုင်းအဖွဲ့ဖက်၏ ပြောဆိုမှုကို ဦးလမိုင်ဂွန်ဂျာက ပြန်ပြောသည်။

အစိုးရဖက်မှ တွေ့ဆုံဆွေးနွေးရန် အဆိုပြုထားသည့်အကြောင်းနှင့်ပတ်သက်၍ မြောက်ပိုင်းလေးဖွဲ့ သဘောထားကို သိရှိရန်အတွက် TNLA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးမိုင်းအက်ကျော်ကို ဆက်သွယ်မေးမြန်းခဲ့သော်လည်း ဆက်သွယ်လို့မရရှိခဲ့ပေ။

အစိုးရအနေဖြင့် မြောက်ပိုင်းလေးဖွဲ့နှင့် တွေ့ဆုံဆွေးနွေးရန်အတွက် ကမ်းလှမ်းခြင်းမှာ ကောင်းမွန်သည့်အပေါင်း လက္ခဏာတစ်ခုဖြစ်ပြီး သို့သော် ပမာဏအပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးနိုင်ရေး အချိန်ယူလုပ်ရန်လိုအပ်ကြောင်း မြေပုံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖေသန်းက သုံးသပ်သည်။

“တပ်မတော်နဲ့ အေအေကြားမှာ အပစ်အခတ်လက်မှတ်ရေးထိုးဖို့ ပထမဆုံးအကြမ်းဖက်အဖွဲ့က ရုပ်သိမ်းပေးရမယ်။ နောက်ပြီး တပ်နေရာချထားမှုကို နှစ်ဖက်သဘောတူဖို့လိုတယ်။ အဲဒီအခြေအနေက အေအေနဲ့တပ်မတော်ကြားမှာ အငြမ်းပွားလာနိုင်တယ်။ ရှုပ်ထွေးလာနိုင်တဲ့ အခြေအနေတွေရှိတယ်။ အခုလို တွေ့ဆုံတာတော့ ကောင်းတယ်။ သို့သော် အခက်အခဲတွေကို စိတ်ရှည်ရှည်နဲ့ အချိန်ပေးဖြတ်သန်းရမယ်လို့ မြင်တယ်” ဟု ဦးဖေသန်းက ရှုမြင်သည်။

ရက္ခိုင့်တပ်တော် (AA) ကို အကြမ်းဖက်အဖွဲ့အစည်းသတ်မှတ်ထားခြင်းမှ ပယ်ဖျက်ရန်အတွက် တပ်မတော် အနေဖြင့် AA နှင့် ဆွေးနွေးမှုရလဒ်များကို အစိုးရထံတင်ပြရန်လိုအပ်ကြောင်း လက်ရှိအာဏာရပါတီ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ၏ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်က ဇန်နဝါရီလ ၃ ရက်နေ့က DMG သို့ပြော ဆိုထားသည်။

တပ်မတော်နှင့် AA တို့အကြား နှစ်ဖက်ထိပ်ပိုင်းခေါင်းဆောင်များပါဝင်သည့် Online အစည်းအဝေးတစ်ခုကို နိုဝင်ဘာလ ၂၅ ရက်နေ့ကပြုလုပ်ခဲ့ပြီး ယင်းဆွေးနွေးပွဲသည် မိနစ် ၃၀ ကြာမြင့်ခဲ့ကြောင်း ရက္ခိုင့်တပ်တော် (AA) က သတင်းထုတ်ပြန်ထားသည်။

ယင်းနောက် ဒီဇင်ဘာလ ၉ ရက်နေ့က “ဝ” ပြည် သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) ထိန်းချုပ်ရာ ပန်ဆန်းမြို့တွင် တပ်မတော်နှင့် ရက္ခိုင့်တပ်တော် (AA) တို့မှ နှစ်ဘက်ကိုယ်စားလှယ်များ တွေ့ဆုံဆွေးနွေးခဲ့ကြသည်။

လက်ရှိ တပ်မတော်နှင့် ရက္ခိုင့်တပ်တော် (AA) ဆွေးနွေးမှုလုပ်ဆောင်နေခြင်းသည် ရခိုင်ပြည်နယ်၏ ငြိမ်းချမ်းရေးလမ်းစအတွက် ကောင်းသည့်အလားအလာ တစ်ခုဖြစ်ပြီး ရေရှည်တည်တံ့သော အပစ်အခတ်ရပ်စဲရေး ရရှိရန်အတွက် သုံးပွင့်ဆိုင်ဆွေးနွေးပွဲများပြုလုပ်ရန် လွှတ်တော်ကိုယ်စားလှယ်များနှင့် နိုင်ငံရေးလေ့လာသူများက တိုက်တွန်းပြောဆိုလျက်ရှိနေသည်။

Most read this week

Wai Hun Aung (Facebook) / ဇွန်လ ၁၅ ရက်က ရသေ့တောင်မြို့နယ်မှ ကျောက်တော်မြို့သို့ လာသော စက်လှေတစ်စီး တိမ်းမှောက်ကာ ရေနစ်မြုပ်နေသည်ကို တွေ့ရစဉ်။
September 5, 2026
ရခိုင်ပြည်တွင် ယခုနှစ် မိုးတွင်းကာလ စက်လှေနစ်မြုပ်မှုကြောင့် သေဆုံးသူ အရေအတွက် တိုးလာနေပြီး...
မောင်တော နခခ (၅) စခန်းသိမ်းတိုက်ပွဲအတွင်း တွေ့ရသော AA တပ်ဖွဲ့ဝင်တစ်ဦး။ / AA Info Desk
September 4, 2026
ရခိုင်ပြည်၊ စစ်တွေမြို့နယ်တွင် စစ်အုပ်စုတပ်နှင့် အာရက္ခတပ်တော် (AA) တို့ စက်တင်ဘာလ ၄ ရက်၊ နံနက်...
ရခိုင်ဒေသအတွင်း တားမြစ် အရက်၊ ဘီယာများအား DLEPS မှ စစ်ဆေးမှုများ လုပ်ဆောင်နေစဉ် / APM
September 4, 2026
ရခိုင်ပြည်အတွင်း မုဒိမ်းမှုကျူးလွန်ပြီး ထွက်ပြေးလွတ်မြောက်နေသူများအား အမြန်ဆုံး...
DMG / ဩဂုတ်လ ၂၉ ရက်နေ့က ကျောက်တော်မြို့နယ်၌ ကျင်းပသည့် လူငယ်တွေ့ဆုံပွဲတွင် တက် ရောက်လာသူများကို တွေ့ရစဉ်
September 4, 2026
ရခိုင်ပြည်အတွင်း လူမှုသဟဇာတ ဖြစ်ပေါ်တိုးတက်စေရေးအတွက် စုံလင်ကွဲပြားသည့် လူမျိုးစုအားလုံးအကြား...