မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီဝင်နှစ်ရာကျော် နှုတ်ထွက်သည့်ကိစ္စ မဟုတ်မှန်ကြောင်း ပါတီဘက်က ငြင်းဆို

မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီဝင်နှစ်ရာကျော် နှုတ်ထွက်သည့်ကိစ္စ မဟုတ်မှန်ကြောင်း ပါတီဘက်က ငြင်းဆို
by -
မဇ္ဈိမ
မွန်ပြည်နယ် ရေးမြို့နယ် တောင်ပြင်ကျေးရွာက မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီဝင် နှစ်ရာကျော် နှုတ်ထွက်သည့် ကိစ္စ မဟုတ်မှန်ကြောင်း မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ (AMDP) ဘက်က တရားဝင်ငြင်းဆန်လိုက်သည်။

"တရားဝင်​ ကျွန်တော်တို့ဆီ စာလည်းမတင်သေးဘူး၊ တကယ်လို့ သူတို့ထွက်မယ်ဆိုရင်လည်း ကျွန်တော်တို့ဆီ တရားဝင် စာတင်ရမှာပေါ့၊ နှုတ်ထွက်စာက ပါတီဗဟိုလည်း မရောက်သေးဘူး၊ မြို့နယ်လည်း မရောက်သေးဘူးဟု မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ တွဲဖက်အထွေထွေအတွင်းရေးမှူး(၁) နိုင်စံတင်က မဇ္စျိမကို အတည်ပြုပြောဆိုသည်။

ယခုကိစ္စသည် တောင်ပြင်ကျေးရွာက ပါတီ CEC တစ်ဦးအား ပါတီစည်းမျဉ်းစည်းကမ်းများနှင့် မကိုက်ညီခြင်းကြောင့် ပါတီမှ ထုတ်ပယ်လိုက်သည့်အပေါ် အဆိုပါ CEC က လူမှုကွန်ယက်စာမျက်နှာပေါ်တွင် ရေးသားပြောဆိုနေမှုများသာ ဖြစ်ပြီး မှန်ကန်မှုမရှိဟု နိုင်စံတင်က ဆက်လက်ပြောဆိုသည်။

မွန်ပြည်နယ်အခြေစိုက် ပါတီဖြစ်သည့် မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ နှင့် မွန်အမျိုးသားပါတီ ပူးပေါင်းပြီး မွန်ပါတီတစ်ခုတည်း ဖြစ်စေရန် ဒေသခံများက လိုလားလျက်ရှိနေသော်​လည်​း ပါတီပေါင်းစည်းရေးအတွက် ဆွေးနွေးမှုများသည် အောင်မြင်မှုမရှိသေးပေ။

အဆိုပါ မွန်ပါတီ နှစ်ပါတီ ပေါင်းစည်းရေး မအောင်မြင်ခြင်းကြောင့် မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီ ပါတီဝင် နှစ်ရာကျော် နှုတ်ထွက်ကြောင်းသတင်းများ ထွက်ပေါ်နေသော်​လည်​း မဇ္ဈိမမှ ခိုင်လုံသည့် အတည်ပြုချက် ရယူနိုင်ခြင်းမရှိသေးပေ။

April 27, 2026
စစ်အုပ်စုလက်အောက်ခံ စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီက...
April 25, 2026
ညီနောင်မဟာမိတ်အဖွဲ့ဝင်များဖြစ်သည့် MNDAA, TNLA နှင့် AA တို့ ထိန်းချုပ်ထားသည့် မြို့အားလုံးကို...
April 24, 2026
အာဏာသိမ်း စစ်အုပ်စု၏ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ယခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှ...
April 23, 2026
မောင်ခက်နွေ —စစ်အာဏာသိမ်းပြီး ငါးနှစ်နီးပါးအကြာတွင် အရပ်သားသမ္မတအဖြစ် အသွင်ပြောင်းလဲထားသည့် ၂၀၂၆...