လူ့အခွင့်အရေးကမ်ပိန်း ပြုလုပ်ရာတွင် ပါဝင်သည့်လူငယ်သုံးဦး ငြိမ်းစုစီဥပဒေဖြင့် တရားစွဲခံရ

လူ့အခွင့်အရေးကမ်ပိန်း ပြုလုပ်ရာတွင် ပါဝင်သည့်လူငယ်သုံးဦး ငြိမ်းစုစီဥပဒေဖြင့် တရားစွဲခံရ

အောင်ထိန် — အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့အထိမ်းအမှတ်အဖြစ် ရခိုင်ပြည်နယ်၊ စစ်တွေမြို့၌ လူ့အခွင့်အရေး ကမ်ပိန်းပြုလုပ်ရာတွင် ပါဝင်ခဲ့သည့် လူငယ်သုံးဦးမှာ ငြိမ်းစုစီဥပဒေပုဒ်မ-၁၉(က)ဖြင့် ယနေ့ ဒီဇင်ဘာလ ၂၁ ရက်နေ့တွင် တရားစွဲဆိုခံရကြောင်း သိရသည်။

ရခိုင်လူငယ်မျိုးဆက်သစ်ကွန်ရက်မှ ကိုမင်းဘာချေ(ခ)ကိုသန်းလှအပါအဝင် ကိုနိုင်နိုင်ထွန်း၊ မခိုင်မြတ်သူတို့ကို   စစ်တွေမြို့နယ်ရဲတပ်ဖွဲ့မှူးက တရားလိုပြုလုပ်ကာ တရားစွဲဆိုခြင်းဖြစ်ကြောင်း စွဲဆိုခံရသူများကဆိုသည်။

လူ့အခွင့်အရေးနေ့ကို ကြိုဆိုသည့်အနေဖြင့် ကမ်ပိန်းပြုလုပ်သူများအား ယခုကဲ့သို့ တရားစွဲဆိုလိုက်ခြင်းမှာ ဥပဒေက မည်သို့ဆုံးဖြတ်လိုက်သည်ကို စဉ်းစား၍မရကြောင်း ကိုမင်းဘာချေ(ခ)ကိုသန်းလှက ပြောသည်။

“ကျွန်တော်တို့လုပ်ရပ်ဟာ ဘယ်သူတစ်ဦးတစ်ယောက်ကိုမှ မထိခိုက်ပါဘူး။ ဘယ်သူတစ်ဦးတစ်ယောက်ကိုမှ ဝေဖန်ပုတ်ခတ်တာမျိုးမရှိဘူး။ ကျွန်တော်တို့က လူ့အခွင့်အရေးနေ့ကို ကြိုဆိုတဲ့အနေနဲ့လုပ်တာကိုမှ ဥပဒေက လက်ခံပြီး တရားစွဲဆိုတဲ့အပေါ်မှာ ကျွန်တော်တို့အနေနဲ့ စိတ်မကောင်းဖြစ်တယ်” ဟု ၎င်းကဆိုသည်။

ဒီဇင်ဘာလ ၁၀ ရက်နေ့တွင်ကျရောက်သည့် အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးနေ့တွင် ရခိုင်ပြည်နယ်အတွင်း လူ့အခွင့်အရေးချိုးဖောက်ခံရမှုများအား ဆန့်ကျင်ရှုတ်ချကြောင်း စစ်တွေမြို့တွင် လူငယ် ၃၀ ကျော်က ကမ်ပိန်း ပြုလုပ်ခဲ့ကြသည်။

ထိုသို့ကမ်ပိန်းပြုလုပ်ရာတွင် စစ်တွေမြို့ BXT ဆိပ်ကမ်းမှ ရှုခင်းသာလမ်းတလျှောက် ဆိုင်းဘုတ်များ ကိုင်ဆောင်သွားရောက်ခဲ့ရာ စစ်တွေဟိုတယ်အနီးအရောက်တွင် ရဲတပ်ဖွဲ့ကလာရောက်ကာ လူငယ်သုံးဦးကို ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး ယင်းနေ့ညနေပိုင်းတွင် အာမခံဖြင့်ပြန်လွှတ်ပေးခဲ့သည်။

“လူ့အခွင့်အရေးကို လိုက်နာလေးစားတန်ဖိုးထားတဲ့ ပြည်သူတွေအပေါ်မှာ အစိုးရအနေနဲ့ အသိမှတ်ပြု လက်ခံရမယ့်အစား ကျွန်မတို့ကို အခုလိုမျိုးတရားစွဲဆိုတဲ့အပေါ် လူငယ်တစ်ယောက်အနေနဲ့ရော အမျိုးသမီးတစ်ယောက်အနေနဲ့ပါ အရမ်းစိတ်မကောင်းဖြစ်ရတယ်” ဟု တရားစွဲဆိုခံရသူ မခိုင်မြတ်သူက ပြောသည်။

ယင်းသို့ တရားစွဲခံရသည့် လူငယ်သုံးဦးအမှုကို စစ်ဆေးရန်အတွက် လာမည့် ဒီဇင်ဘာလ ၃၀ ရက်နေ့ကို ထပ်မံရုံးချိန်းလိုက်ကြောင်း သိရသည်။

မည်သူမဆို သက်ဆိုင်ရာသို့ အသိပေးတင်ပြခြင်းမရှိဘဲ စုဝေးခြင်း(သို့မဟုတ်) စီတန်းလှည့်လည်ခြင်းပြုကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကို သုံးလထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ကျပ်သုံးသောင်းထက်မပိုသော ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်ဖြစ်ကြောင်း ငြိမ်းစုစီဥပဒေတွင် ပြဋ္ဌာန်းထားသည်။

ငြိမ်းချမ်းစွာစုဝေးခြင်းနှင့် ငြိမ်းချမ်းစွာစီတန်းလှည့်လည်ခြင်းဆိုင်ရာဥပဒေကို နိုင်ငံတော်သမ္မတ ဦးသိန်းစိန် အစိုးရလက်ထက် ၂၀၁၁ ခုနှစ်တွင်ပြဋ္ဌာန်းခဲ့ပြီး NLD အစိုးရလက်ထက် ၂၀၁၆ ခုနှစ်တွင် ပြန်လည်ပြင်ဆင် ပြဋ္ဌာန်းခဲ့သည်။

သို့သော်လည်း ထပ်မံပြင်ဆင်ချက်သည် ဒီမိုကရေစီနိုင်ငံတစ်ခုတွင် လွတ်လပ်စွာထုတ်ဖော်ပြောဆိုနိုင်ခွင့်ကို ထိန်းချုပ်ကန့်သတ်ထားပြီး ဥပဒေပါပုဒ်မ(၁၉)ဖြင့် လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူအများအပြား တရားစွဲဆို ခံနေရသောကြောင့် ပြန်လည်ပြင်ဆင်သင့်ကြောင်း တရားလွှတ်တော်ရှေ့နေများက တိုက်တွန်းထားသည်။

Most read this week

Wai Hun Aung (Facebook) / ဇွန်လ ၁၅ ရက်က ရသေ့တောင်မြို့နယ်မှ ကျောက်တော်မြို့သို့ လာသော စက်လှေတစ်စီး တိမ်းမှောက်ကာ ရေနစ်မြုပ်နေသည်ကို တွေ့ရစဉ်။
September 5, 2026
ရခိုင်ပြည်တွင် ယခုနှစ် မိုးတွင်းကာလ စက်လှေနစ်မြုပ်မှုကြောင့် သေဆုံးသူ အရေအတွက် တိုးလာနေပြီး...
မောင်တော နခခ (၅) စခန်းသိမ်းတိုက်ပွဲအတွင်း တွေ့ရသော AA တပ်ဖွဲ့ဝင်တစ်ဦး။ / AA Info Desk
September 4, 2026
ရခိုင်ပြည်၊ စစ်တွေမြို့နယ်တွင် စစ်အုပ်စုတပ်နှင့် အာရက္ခတပ်တော် (AA) တို့ စက်တင်ဘာလ ၄ ရက်၊ နံနက်...
ရခိုင်ဒေသအတွင်း တားမြစ် အရက်၊ ဘီယာများအား DLEPS မှ စစ်ဆေးမှုများ လုပ်ဆောင်နေစဉ် / APM
September 4, 2026
ရခိုင်ပြည်အတွင်း မုဒိမ်းမှုကျူးလွန်ပြီး ထွက်ပြေးလွတ်မြောက်နေသူများအား အမြန်ဆုံး...
DMG / ဩဂုတ်လ ၂၉ ရက်နေ့က ကျောက်တော်မြို့နယ်၌ ကျင်းပသည့် လူငယ်တွေ့ဆုံပွဲတွင် တက် ရောက်လာသူများကို တွေ့ရစဉ်
September 4, 2026
ရခိုင်ပြည်အတွင်း လူမှုသဟဇာတ ဖြစ်ပေါ်တိုးတက်စေရေးအတွက် စုံလင်ကွဲပြားသည့် လူမျိုးစုအားလုံးအကြား...