AA နှင့် တွေ့ဆုံဆွေးနွေးမှုအတွက် အစိုးရနှင့်တပ်မတော် ကြိုတင်ညှိနှိုင်းမှုများရှိကြောင်း ငြိမ်းချမ်းရေးကော် မရှင်ပြော

AA နှင့် တွေ့ဆုံဆွေးနွေးမှုအတွက် အစိုးရနှင့်တပ်မတော် ကြိုတင်ညှိနှိုင်းမှုများရှိကြောင်း ငြိမ်းချမ်းရေးကော် မရှင်ပြော
ပုံစာ - ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလအတွင်းက မြောက်ပိုင်းမဟာမိတ်အဖွဲ့၊ တပ်မတော်နှင့် NRPC တို့ ကျိုင်းတုံမြို့တွင် တွေ့ဆုံ ဆွေးနွေးကြစဉ်။
ပုံစာ - ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလအတွင်းက မြောက်ပိုင်းမဟာမိတ်အဖွဲ့၊ တပ်မတော်နှင့် NRPC တို့ ကျိုင်းတုံမြို့တွင် တွေ့ဆုံ ဆွေးနွေးကြစဉ်။

အောင်ထိန် — တပ်မတော်နှင့် ရက္ခိုင့်တပ်တော် (AA) တို့ တွေ့ဆုံဆွေးနွေးမှုတွင် အစိုးရနှင့်တပ်မတော်တို့အကြား ကြိုတင်ညှိနှိုင်းဆောင်ရွက်မှုများရှိကြောင်း အစိုးရမှ ဦးဆောင်ဖွဲ့စည်းထားသည့် ငြိမ်းချမ်းရေးကော်မရှင် အကြီးတန်းအကြံပေး ဦးလှမောင်ရွှေက ပြောသည်။

AA  ပါဝင်သည့် မြောက်ပိုင်းလေးအဖွဲ့နှင့် တွေ့ဆုံဆွေးနွေးရေး ကိစ္စရပ်များနှင့် NCA လက်မှတ်မထိုးရ သေးသည့်အဖွဲ့များနှင့် ပတ်သက်ပြီး ဒီဇင်ဘာလ ပထမပတ်အတွင်းက အစိုးရ၊ တပ်မတော် လွှတ်တော်ကိုယ်စားလှယ်များနှင့် ဆွေးနွေးမှုများရှိကြောင်း ဦးလှမောင်ရွှေက ပြောသည်။

“ဒီမြောက်ပိုင်းလေးဖွဲ့နဲ့ တွေ့ဆုံဖို့ဆိုတာက အစိုးရ၊ တပ်မတော်၊ လွတ်တော်သဘောထားလည်းပဲ ပေါ်လစီလည်း အထက်ကပေးပြီးသားပါ။ အဲဒါတော့ အခုမှမဟုတ်ဘဲ အရင်နှစ်တွေကပင် ပေးပြီးသားဖြစ်တဲ့အတွက် မြောက်ပိုင်းလေးဖွဲ့ထဲမှာပါတဲ့ အေအေဟာလည်း ဒီတွေ့ဆုံဆွေးနွေးမှုထဲမှာ ပါပြီးသားပါ” ဟု ၎င်းက ပြောသည်။

သို့သော် ယင်းတွေ့ဆုံမှုများနှင့် ပတ်သက်ပြီး အသေးစိတ် အကြောင်းအရာများကို ဦးလှမောင်ရွှေက ထုတ်ဖော်ပြောဆိုခြင်းမရှိပေ။

ရခိုင်ပြည်နယ်အတွင်း အပစ်အခတ်ရပ်စဲရေးအတွက် တပ်မတော်နှင့် AA တို့အကြား ညှိနှိုင်းမှုရှိသော်လည်း အစိုးရပါဝင်မှုမရှိပါက ပြီးပြည့်စုံသည့် ဆွေးနွေးမှုတစ်ခုဖြစ်လာနိုင်မည်မဟုတ်ကြောင်း ရခိုင်အမျိုးသားပါတီ (ANP) ၏ မူဝါဒရေးရာ ဦးဆောင်ကော်မတီဝင် ဦးဖေသန်းကထောက်ပြသည်။

“ဒါကသုံးပွင့်ဆိုင်ဆွေးနွေးမှ အလုပ်ဖြစ်မှာဖြစ်တယ်။ ဘာဖြစ်လို့လည်းဆိုတော့ ရခိုင်ပြည်မှာဖြစ်နေတဲ့ စစ်ဘေးစစ်ဒဏ်ဆိုးကျိုးတွေ။ ပြန်လည်နေရာချထားရေးကအစ မိုင်းရှင်းလင်းရေးကိစ္စ၊ နောက်ပြီး အင်တာနက်ပြန်ဖွင့် ပေးမယ့်ကိစ္စ၊ ပြီးတော့ အကြမ်းဖက်က ရုပ်သိမ်းပေးဖို့ ကိစ္စတာတွေက အစိုးရမပါလို့မဖြစ်ဘူး” ဟု ၎င်းက ဆိုသည်။

ယင်းအပြင် တပ်မတော်နှင့် အေအေတို့ကြား နှစ်ဖက်အပြန်အလှန်ယုံကြည်မှု တည်ဆောက်နိုင်လျင် ဆွေးနွေးမှု ဆက်လက်ဖြစ်နေမှာဖြစ်ပြီး သို့သော် တစ်ဖက်ကတောင်းဆိုချက်ကို တစ်ဖက်က အပေးအယူမျှမျှတတ လုပ်ဆောင်နိုင်မှုအပေါ်မူတည်ကာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ အောင်မြင်လာမည်ဖြစ်ကြောင်း ဦးဖေသန်းက ဆက်လက်၍ ပြောသည်။

အစိုးရ၏ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC)၊ ငြိမ်းချမ်းရေးကော်မရှင်နှင့် တပ်မတော်မှ ဒုတိယဗိုလ်ချုပ်ကြီးရာပြည့် ဦးဆောင်သော အဖွဲ့တို့သည် ဒီဇင်ဘာလ ၃ ရက် နှင့် ၄ ရက်တို့တွင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ညှိနှိုင်းအစည်းအဝေးကို ပြုလုပ်ခဲ့ကြောင်း NRPC က သတင်းထုတ်ပြန်ထားသည်။

ယင်းနောက် ဒီဇင်ဘာလ ၉ ရက်နေ့က “ဝ”ပြည် သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) ထိန်းချုပ်ရာ ပန်ဆန်းမြို့တွင် တပ်မတော်နှင့်ရက္ခိုင့်တပ်တော်(AA)တို့မှ နှစ်ဘက်ကိုယ်စားလှယ်များ တွေ့ဆုံဆွေးနွေးခဲ့ကြသည်။

အစိုးရ၊ တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ သီးသန့်တွေ့ဆုံဆွေးနွေးမည့် အစီအစဉ်ကို မသိရှိသော်လည်း AA အပါအဝင် မြောက်ပိုင်းလေးဖွဲ့နှင့် တွေ့ဆုံရန်ရှိကြောင်း အစိုးရ၏ ငြိမ်းချမ်းရေးကော်မရှင်က ဆိုသည်။

လက်ရှိ တပ်မတော်နှင့် ရက္ခိုင့်တပ်တော် (AA) ဆွေးနွေးမှုလုပ်ဆောင်နေခြင်းသည် ရခိုင်ပြည်နယ်၏ ငြိမ်းချမ်းရေးလမ်းစအတွက် ကောင်းသည့်အလားအလာ တစ်ခုဖြစ်ပြီး ရေရှည်တည်တံ့သော အပစ်အခတ်ရပ်စဲရေး ရရှိရန်အတွက် သုံးပွင့်ဆိုင်ဆွေးနွေးပွဲများပြုလုပ်ရန် လွှတ်တော်ကိုယ်စားလှယ်များနှင့် နိုင်ငံရေးလေ့လာသူများက တိုက်တွန်းပြောဆိုလျက်ရှိသည်။

Most read this week

September 7, 2026
မြန်မာနိုင်ငံတစ်ဝန်း စစ်အုပ်စုတပ်က ကျူးလွန်နေသည့် အကြမ်းဖက်မှုများ၊ လူ့အခွင့်အရေး...
ဓာတ်ပုံ - နိရဉ္စရာသတင်းဌာန
September 7, 2026
ရခိုင်ပြည်နှင့် မြန်မာနိုင်ငံတစ်ဝန်း လွတ်လပ်သော သတင်းမီဒီယာလုပ်ငန်းများမှာ နိုင်ငံရေးနှင့်...
စစ်ဘေးတိမ်းရှောင်နေရသည့် ပုဏ္ဏားကျွန်းဒေသခံအချို့ - ပုံဟောင်း / APM
September 7, 2026
ရခိုင်ပြည်၊ စစ်တွေမြို့နယ် အစပ်တွင် ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် ပုဏ္ဏားကျွန်းနှင့်...
Wai Hun Aung (Facebook) / ဇွန်လ ၁၅ ရက်က ရသေ့တောင်မြို့နယ်မှ ကျောက်တော်မြို့သို့ လာသော စက်လှေတစ်စီး တိမ်းမှောက်ကာ ရေနစ်မြုပ်နေသည်ကို တွေ့ရစဉ်။
September 5, 2026
ရခိုင်ပြည်တွင် ယခုနှစ် မိုးတွင်းကာလ စက်လှေနစ်မြုပ်မှုကြောင့် သေဆုံးသူ အရေအတွက် တိုးလာနေပြီး...