သတင်းသမားများ ဘေးကင်းလုံခြုံရေးကို ဆောင်ရွက်ရန် အကြံပေးအဖွဲ့ ဖွဲ့စည်း

သတင်းသမားများ ဘေးကင်းလုံခြုံရေးကို ဆောင်ရွက်ရန် အကြံပေးအဖွဲ့ ဖွဲ့စည်း

မျိုးသီရိကျော်၊ ဝင်းညွန့် — မြန်မာနိုင်ငံလုံးဆိုင်ရာ သတင်းသမားများဘေးကင်းရေးနှင့် လုံခြုံရေးလုပ်ငန်းစီမံချက်များကို ဦးဆောင် အကောင်အထည်ဖော် ဆောင်ရွက်ပေးမည့် အကြံပေးအဖွဲ့ကို ပြီးခဲ့သည့် ဒီဇင်ဘာ ၁၁ ရက်နေ့က အဖွဲ့ (၉) ခုက စုပေါင်းဖွဲ့စည်းလိုက်သည်။

အကြံပေးအဖွဲ့တွင် အသံ (ATHAN)၊ ဘီအဲန်အိုင် သတင်းအစီအစဉ် (BNI)၊ မြန်မာနိုင်ငံသတင်းစာဆရာအသင်း (MJA)၊ မြန်မာဂျာနယ်လစ်ကွန်ယက် (MJN )၊ မြန်မာနိုင်ငံစာနယ်ဇင်းသမဂ္ဂ (MJU)၊ မြန်မာမီဒီယာရှေ့နေများကွန်ယက် (MMLN)၊ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ (MPC)၊ မြန်မာအမျိုးသမီးသတင်းသမားများအဖွဲ့ (MWJS) နှင့် ပဲန်မြန်မာ (Pen Myanmar) တို့ပါဝင်သည်။

သတင်းသမားများနှင့် တက်ကြွလှုပ်ရှားသူများအတွက် တစ်စုံတစ်ရာ ပြစ်ဒဏ်ပေးမခံရစေရန်နှင့် ဘေးအန္တရာယ် မကျရောက်စေရန် ကြိုတင်ကာကွယ်မည်ဟု မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီမှ အတွင်းရေးမှူး ဦးမြင့်ကျော်က ဆိုသည်။

“ဥပဒေပြင်ဆင်ရေးအတွက် တိုက်တွန်းမယ့်ဟာတွေလည်းပါတယ်။ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ၊ နည်းပညာဆိုင်ရာ စတဲ့ လုံခြုံရေးအတွက် သင်တန်းလိုမျိုးဟာတွေလည်းပါတယ်။ ဘေးကင်းလုံခြုံရေးအတွက် သက်ဆိုင်တဲ့အဖွဲ့တွေက သတိပြုလာနိုင်အောင် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်လာအောင် မူဝါဒတစ်ခု ပေါ်ထွက်လာအောင် တိုက်တွန်းနှိုးဆော်ကြတဲ့ စီမံကိန်းတစ်ခုပါ” ဟု ဆိုသည်။

ရခိုင်ပြည်နယ်တွင် သတင်းရယူခြင်းနှင့် သတင်းရေးသားဖော်ပြခြင်းမှာ စိန်ခေါ်မှုများရှိနေသည်ဟု ရခိုင်ကအလွတ်တန်းသတင်းထောက် ကိုဧကရာဇ်က ပြောသည်။

“ရခိုင်ပြည်နယ်မှာရှိတဲ့ သတင်းသမားတွေဟာ တပ်ဖက်က အသံတွေ မရကြဘူး။ တိုက်ပွဲဖြစ်ပွားနေတဲ့ ကာလအတွင်းမှာဆိုရင် လုံခြုံရေးအရ  အသွားအလာကန့်သတ်ခံရတာ၊ သတင်းရယူသည့်အပိုင်းတွင်လည်း စဉ်ခေါ်မှုကတော့ အများကြီးရှိပါတယ်။ DMG က အယ်ဒီတာချုပ်ဆိုရင် တရားစွဲခံထားရတွေရှိတယ်။ ဒါကြောင့် အကြံပေးအဖွဲ့ ဖွဲစည်းတာကို ဝမ်းသာပါတယ်။ လိုလည်း လိုအပ်ပါတယ်” ဟု ဆိုသည်။

တိုက်ပွဲဖြစ်ပွားနေသည့် ရခိုင်ပြည်တွင် လူ့အခွင့်အရေးချိုးဖောက်မှုများကို တစ်ကမ္ဘာလုံးကသိစေရန် မီဒီယာသမားများက ဖော်ပြနေမှုအပေါ်တွင် အစိုးရအနေဖြင့် ထိန်းချုပ်ရန်ကြိုးစားနေမှုများရှိသဖြင့် သတင်းသမားများ သတင်းရယူမှုအပိုင်းတွင် အကန့်အသတ်များရှိလာနေသည်ကို တွေ့ရှိရကြောင်း ရခိုင်အခြေစိုက် နိရဉ္စရာသတင်းဌာန၏ အယ်ဒီတာချုပ် ဦးခိုင်မြတ်ကျော်က ပြောသည်။

ညှိနှိုင်းဆောင်ရွက်ရေးအတွက် သတင်းထောက်အချို့ကို ခေါ်ယူထားပြီး ၎င်းညှိနှိုင်းရေးမှူးများက သတင်းသမားများကို ခြိမ်းခြောက်ခံရသည့်ကိစ္စများနှင့် ဖြစ်စဉ်များကို မှတ်တမ်းပြုစုပြီး အကြံပေးအဖွဲ့ကို တင်ပြရမည်ဖြစ်ကြောင်း မြန်မာသတင်းပညာသိပ္ပံ (MJI)မှ တွဲဖက်အတွင်းရေးမှူး ဦးနိုင်မင်းဝေက ဆိုသည်။

NLD အစိုးရ ၄ နှစ်ကျော် ကာလအတွင်း အသရေဖျက်မှု၊ ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ (ဃ)နှင့် အကြမ်းဖက် တိုက်ဖျက်ရေး ဥပဒေပုဒ်မများတို့ဖြင့် တရားစွဲခြင်း၊ အမှုဖွင့်ခြင်းခံရသည့် သတင်းသမားပေါင်း (၆၇) ဦးရှိကြောင်း အသံအဖွဲ့၏ စာရင်းအရသိရသည်။

ဓါတ်ပုံ - ၂၀၁၇ ခုနှစ်က မောင်တောမြို့နယ်သို့ တပ်မတော်အစီစဉ်ဖြင့် ရခိုင်သတင်းသမားများအပါအဝင် နိုင်ငံတကာသတင်းသမားများပါ သွားရောက်ခဲ့ကြစဉ်။

Most read this week

September 7, 2026
မြန်မာနိုင်ငံတစ်ဝန်း စစ်အုပ်စုတပ်က ကျူးလွန်နေသည့် အကြမ်းဖက်မှုများ၊ လူ့အခွင့်အရေး...
ဓာတ်ပုံ - နိရဉ္စရာသတင်းဌာန
September 7, 2026
ရခိုင်ပြည်နှင့် မြန်မာနိုင်ငံတစ်ဝန်း လွတ်လပ်သော သတင်းမီဒီယာလုပ်ငန်းများမှာ နိုင်ငံရေးနှင့်...
စစ်ဘေးတိမ်းရှောင်နေရသည့် ပုဏ္ဏားကျွန်းဒေသခံအချို့ - ပုံဟောင်း / APM
September 7, 2026
ရခိုင်ပြည်၊ စစ်တွေမြို့နယ် အစပ်တွင် ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် ပုဏ္ဏားကျွန်းနှင့်...
Wai Hun Aung (Facebook) / ဇွန်လ ၁၅ ရက်က ရသေ့တောင်မြို့နယ်မှ ကျောက်တော်မြို့သို့ လာသော စက်လှေတစ်စီး တိမ်းမှောက်ကာ ရေနစ်မြုပ်နေသည်ကို တွေ့ရစဉ်။
September 5, 2026
ရခိုင်ပြည်တွင် ယခုနှစ် မိုးတွင်းကာလ စက်လှေနစ်မြုပ်မှုကြောင့် သေဆုံးသူ အရေအတွက် တိုးလာနေပြီး...