နေရပ်ပြန် စစ်ဘေးရှောင်များ မိုးစပါးရိတ်သိမ်ရန် အလုပ်သမားမရှိ၊ ရိတ်သိမ်းစက်မလုံလောက်မှုနှင့် ကြုံနေရ

နေရပ်ပြန် စစ်ဘေးရှောင်များ မိုးစပါးရိတ်သိမ်ရန် အလုပ်သမားမရှိ၊ ရိတ်သိမ်းစက်မလုံလောက်မှုနှင့် ကြုံနေရ

ဉာဏ်ဟိန်း — ရခိုင်ပြည်နယ်အတွင် မိုးစပါးရိတ်သိမ်းရန် အချိန်ကျရောက်နေသော်လည်း လုံလောက်သော အလုပ်သမားအရေအတွက်နှင့် ရိတ်သိမ်းစက်များမရှိသည့် ပြဿနာကို ရင်ဆိုင်နေရ‌ကြောင်း ကျောက်တော်မြို့နယ် ရွှေပြည်ကျေးရွာဒေသခံများက ဆိုကြသည်။

“ ကျနော်တို့မှာ စပါးရိတ်ဖို့အတွက် အလုပ်သမားမရှိတဲ့အတွက် စက်ကိုအားကိုပြီးတော့ ရိတ်နေရတယ်။ လယ် ၁ ဧကကို ငွေ ၅၀၀၀ ကျော်ပေးရတယ်။ စက်တွေကလည်း စပါးရိတ်ဖို့အချိန်မှာ အချိန်မှန်မရောက်တော့ စပါးတွေပျက်စီးတာတွေရှိတယ်။ နောက်ပြီးတော့ စပါးရိတ်နေတဲ့အချိန်မှာ တိုက်ပွဲဖြစ်မှာကိုလည်း စိုးရိမ်းရတယ်”ဟု ရွေပြည်ကျေးရွာဒေသခံ ကိုဦးထွန်းယဉ်က DMG သို့ပြောသည်။

ရခိုင်တောင်သူများမှာ တိုက်ပွဲများကြောင့် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်းခဲ့ကြပြီး လက်ရှိအချိန်တွင် စပါးရိတ်သိမ်းရန် ကျောက်တောမြို့နယ်က စစ်ဘေးရှောင် လူသုံးထောင်ကျော် ပြန်သွားကြသည်။

ရသေ့တောင်မြို့နယ် ကန်ပြင်ကျေးရွာမှ ကိုမောင်ထွန်းစိန်က “ အဓိကတော့ အခုချိန်မှာ ကျွန်တော်တို့ စက်ကို အားကိုးပြီးတော့ ရိတ်သိမ်းနေရတယ်။ စက်ကနည်းနေတော့ အချိန်က လိုက်မမီဘူး၊ စောင့်ရတယ်။ အစိုးရ အနေနဲ့ ဒီလို အပစ်ခတ်ရပ်စဲထားအချိန်မှာ ကျနော်တို့ စပါးတွေကို အမြန်ဆုံးရိတ်သိမ်းနိုင်ဖို့အတွက် ဆောင်ရွက်ပေးစေချင်တယ်” ဟု ၎င်းကဆိုသည်။

ထိုသို့ နေရပ်ပြန်စစ်ဘေးရှောင်များ စပါးရိတ်သိမ်းရန် အခက်ခဲများကို တင်ပြလာပါက ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြည်နယ်အစိုးရအဖွဲ့မှ စည်ပင်သာယာရေးဝန်ကြီး ဦးဝင်းမြင့်က DMG သို့ပြောသည်။

“မနှစ်ကတော့ ကျနော်တို့အစိုးရအဖွဲ့က တစ်မြို့နယ်ကို စပါးရိတ်စက်တစ်လုံးကျ ပေးထားတယ်။ ဒါပေမဲ့ လုံလောက်မယ်လို့တော့ မထင်ဘူးပေါ့နော်။ ကျနော်တို့အနေနဲ့လည်း ဒီကိစ္စကို ချက်ချင်းဆောင်ရွက်ဖို့အတွက် အခက်ခဲတွေတော့ရှိတယ်။ ဒါပေမဲ့ မြို့နယ်အုပ်ချုပ်မှူးဆီက တင်ပြလာရင်တော့ တစ်မျိုးမျိုးတော့ စဉ်းစားပေးသွားမယ်” ဟု ၎င်းကဆိုသည်။

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ ရသေ့တောင်၊ မြေပုံ စသည့် မြို့နယ်များမှာ ၂၀၂၀ ခုနှစ်တွင် တိုက်ပွဲကြောင့် မစိုက်ပျိုးနိုင်သည့် လယ်ဧကမှာ ၂၀၁၉ ခုနှစ်ထက် ၁ သိန်းကျော်ထိ ကျဆင်းသွားကြောင်း ရခိုင်ပြည်လုံးဆိုင်ရာ တောင်သူသမဂ္ဂ ဥက္ကဌ ဦးကျော်ဇံက DMG သို့ ပြောသည်။

“ ကျနော်တို့အနေနဲ့ကတော့ လယ်သမားတွေ စပါးမစိုက်ပျိုးနိုင်လိုက်တဲ့အတွက် ကူညီပေးဖို့အတွက် ပြင်ဆင်မှု မရှိခဲ့ဘူး။ အစိုးရကိုပြောချင်တာကတော့ ဒီ စပါးမစိုက်ပျိုးနိုင်တဲ့ တောင်သူလယ်သမားတွေအတွက် အစိုးရဖက်က တတ်နိုင်သလောက် လျော်ကြေးပေးစေချင်တယ်။ နောက်ပြီးတော့ ကျနော်တို့က အခုလိုမျိုး အပစ်ခတ်ရပ်စဲမယ်လို့ မထင်ထားတဲ့အတွက် ကြိုတင်ပြင်ဆင်မှုတော့ မရှိခဲ့ဘူး” ဟု ၎င်းကရှင်းပြသည်။

ရခိုင်ပြည်နယ်တွင် တပ်မတော်နှင့် ရက္ခိုင့်တပ်တော် (AA) တို့၏ ၂ နှစ်တာတိုက်ပွဲဖြစ်ပွားမှုကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရသည့် စစ်ဘေးရှောင်ဦးရေမှာ နိုဝင်ဘာလ ၂ ရက်နေ့အထိ ၂ သိန်း ၃ သောင်း ၆ ထောင်ကျော် ရှိခဲ့သည်။

သို့သော် နယ်မြေတည်ငြိမ်နေမှုကြောင့် နေရပ်ပြန်ကြသူများရှိသဖြင့် လက်ရှိ ဒီဇင်ဘာလ ၃ ရက်နေ့အထိ စစ်ဘေးရှောင်ဦးရေ ၁ သိန်း ၉ သောင်းသော်ကျော်သာရှိကြောင်း ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံး (REC)၏ စာရင်းအရ သိရသည်။

Most read this week

Wai Hun Aung (Facebook) / ဇွန်လ ၁၅ ရက်က ရသေ့တောင်မြို့နယ်မှ ကျောက်တော်မြို့သို့ လာသော စက်လှေတစ်စီး တိမ်းမှောက်ကာ ရေနစ်မြုပ်နေသည်ကို တွေ့ရစဉ်။
September 5, 2026
ရခိုင်ပြည်တွင် ယခုနှစ် မိုးတွင်းကာလ စက်လှေနစ်မြုပ်မှုကြောင့် သေဆုံးသူ အရေအတွက် တိုးလာနေပြီး...
မောင်တော နခခ (၅) စခန်းသိမ်းတိုက်ပွဲအတွင်း တွေ့ရသော AA တပ်ဖွဲ့ဝင်တစ်ဦး။ / AA Info Desk
September 4, 2026
ရခိုင်ပြည်၊ စစ်တွေမြို့နယ်တွင် စစ်အုပ်စုတပ်နှင့် အာရက္ခတပ်တော် (AA) တို့ စက်တင်ဘာလ ၄ ရက်၊ နံနက်...
ရခိုင်ဒေသအတွင်း တားမြစ် အရက်၊ ဘီယာများအား DLEPS မှ စစ်ဆေးမှုများ လုပ်ဆောင်နေစဉ် / APM
September 4, 2026
ရခိုင်ပြည်အတွင်း မုဒိမ်းမှုကျူးလွန်ပြီး ထွက်ပြေးလွတ်မြောက်နေသူများအား အမြန်ဆုံး...
DMG / ဩဂုတ်လ ၂၉ ရက်နေ့က ကျောက်တော်မြို့နယ်၌ ကျင်းပသည့် လူငယ်တွေ့ဆုံပွဲတွင် တက် ရောက်လာသူများကို တွေ့ရစဉ်
September 4, 2026
ရခိုင်ပြည်အတွင်း လူမှုသဟဇာတ ဖြစ်ပေါ်တိုးတက်စေရေးအတွက် စုံလင်ကွဲပြားသည့် လူမျိုးစုအားလုံးအကြား...