ကြားဖြတ်ရွေးကောက်ပွဲတွင် လူထုကို ကတိမပြုခဲ့ဘဲ အနိုင်ရရှိခဲ့ခြင်းဟု ဒေါက်တာအေးမောင်ပြော

ကြားဖြတ်ရွေးကောက်ပွဲတွင် လူထုကို ကတိမပြုခဲ့ဘဲ အနိုင်ရရှိခဲ့ခြင်းဟု ဒေါက်တာအေးမောင်ပြော
by -
မဇ္ဈိမ
ဧပြီ ၁ ရက်နေ့က ကျင်းပခဲ့သည့် ကြားဖြတ်ရွေးကောက်ပွဲတွင် လစ်လပ်မဲဆန္ဒနယ်ဖြစ်သော အမ်းမဲဆန္ဒနယ်မှ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် ရခိုင်အမျိုးသားပါတီ ဥက္ကဋ္ဌ ဒေါက်တာအေးမောင်က မိမိအနေနှင့် လူထုအား ရွေးကောက်ပွဲ ကတိကဝတ် မပြုခဲ့ဘဲ အနိုင်ရရှိခဲ့ခြင်း ဖြစ်ကြောင်း ဧပြီ ၂ ရက်နေ့တွင် သတင်းမီဒီယာများကို ပြောကြားလိုက်သည်။

“ ကျွန်တော် လူထုကို ကတိမပေးခဲ့ဘူး၊ ကတိပေးတာ တစ်ခုကတော့ ကျွန်တော်တို့ ညီညွှတ်ဖို့၊ ရခိုင် တစ်မျိုးသားလုံးအတွက် အုတ်မြစ်ချတာဖြစ်တယ်၊ အခုကတည်းက ညီညွတ်မှုကို တည်ဆောက်နိုင်ခဲ့ရင် လာမဲ့ ၂၀၂၀ မှာ ကျွန်တော်တို့ဟာ ကိုယ့်ပြည်နယ်ကို ကိုယ့်တို့ ကိုယ်တိုင် ရမယ်၊ ကိုယ့်သယံဇာတ ကိုယ့် ရပိုင်ခွင့်တစ်ခု ရအောင် ကျွန်တော်တို့ ကြိုးစားမယ်” ဟု ဒေါက်တာအေးမောင်ကပြောသည်။

ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် လစ်လပ်နေရာဖြစ်သော အမ်းမဲဆန္ဒနယ်အား ရခိုင်အမျိုးသားပါတီ အပါအဝင် အမျိုးသားဒီမိုကရေစီအဖွဲ့ချူပ်၊ ပြည်ခိုင်ဖြိုးပါတီနှင့် တသီးပုဂ္ဂလ ကိုယ်စားလှယ်လောင်း တစ်ဦးတို့က ဝင်ရောက်ယှဉ်ပြိုင်ခဲ့ခြင်း ဖြစ်ပြီး ဒေါက်တာ ဦးအေးမောင်က မဲအပြတ်အသတ်ဖြင့် အနိုင်ရရှိခဲ့ခြင်း ဖြစ်သည်။

ANP ဥက္ကဋ္ဌ ဒေါက်တာ ဦးအေးမောင်သည် ၂၀၁၀ အထွေထွေ ရွေးကောက်ပွဲတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် တစ်ဦးဖြစ်ခဲ့ပြီး၊ ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲတွင် ပြည်နယ်ဝန်ကြီးချူပ်   ဖြစ်ခွင့်အတွက် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်နေရာအား မာန်အောင်မဲဆန္ဒနယ်မှ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာတွင် ရှုံးနိမ့်ခဲ့သည်။

ယခု ကျင်းပခဲ့သော ကြားဖြတ်ရွေးကောက်ပွဲတွင် အနိုင်ရရှိပြီးနောက် ဒေါက်တာ ဦးအေးမောင်က ၎င်းအနေနှင့် အမ်းမြို့နယ်တစ်ခုတည်း၏ အကျိုးစီးပွားသာမက ရခိုင်ပြည်နယ်တစ်ခုလုံး၏ အကျိုးစီးပွားကို ဖော်ဆောင်သွားမည် ဖြစ်ကြောင်း သတင်းမီဒီယာများကို ယနေ့တွင် ပြောကြားခဲ့ခြင်းလည်း ဖြစ်သည်။

“ ကျွန်တော်ကို တာဝန်ပေးကြတာဟာ အမ်းတစ်ခုတည်းကို တည်ဆောက်ဖို့ တာဝန်ပေးတာမဟုတ်၊ လမ်းလေးတစ်လမ်းကို တည်ဆောက်ဖို့ တာဝန်ပေးတာမဟုတ်ဘူး၊ အမ်းလို တစ်ပြည်နယ်လုံး ကျွန်တော်တို့ ပူးပေါင်း လုပ်ဆောင်ရမဲ့အသိဟာ အမ်းလူထုပေါ်မှာရှိခဲ့တယ်” ဟု ဒေါက်တာ ဦးအေးမောင်က ပြောသည်။

April 27, 2026
စစ်အုပ်စုလက်အောက်ခံ စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီက...
April 25, 2026
ညီနောင်မဟာမိတ်အဖွဲ့ဝင်များဖြစ်သည့် MNDAA, TNLA နှင့် AA တို့ ထိန်းချုပ်ထားသည့် မြို့အားလုံးကို...
April 24, 2026
အာဏာသိမ်း စစ်အုပ်စု၏ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ယခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှ...
April 23, 2026
မောင်ခက်နွေ —စစ်အာဏာသိမ်းပြီး ငါးနှစ်နီးပါးအကြာတွင် အရပ်သားသမ္မတအဖြစ် အသွင်ပြောင်းလဲထားသည့် ၂၀၂၆...