KNU ညီလာခံတွင် မဟာမိတ်တပ်ပေါင်းစုုများ ပူးပေါင်းဆောင်ရွက်နုုိင်ရေး ထည့်သွင်းဆွေးနွေး

KNU ညီလာခံတွင် မဟာမိတ်တပ်ပေါင်းစုုများ ပူးပေါင်းဆောင်ရွက်နုုိင်ရေး ထည့်သွင်းဆွေးနွေး
by -
မဇ္ဈိမ
ကရင်ပြည်နယ် ကေအန်ယူထိမ်းချုပ်ရာဒေသဖြစ်သည့် လောခီးလာ တပ်စခန်းတွင် ၂၀၁၄ ခုနှစ် ဇန်နဝါရီလ ၂၀ ရက်နေ့မှ ၂၂ ရက်အထိ ကျင်းပသည့် တိုင်းရင်းသား လက်နက်ကိုင်များအဖွဲ့ ညီလာခံတွင် လုံခြံုရေးယူထားသည့် KNU တပ်သားများအားတွေ့ရစဉ်။ ဓာတ်ပုံ - ဘိုဘို
ကရင်ပြည်နယ် ကေအန်ယူထိမ်းချုပ်ရာဒေသဖြစ်သည့် လောခီးလာ တပ်စခန်းတွင် ၂၀၁၄ ခုနှစ် ဇန်နဝါရီလ ၂၀ ရက်နေ့မှ ၂၂ ရက်အထိ ကျင်းပသည့် တိုင်းရင်းသား လက်နက်ကိုင်များအဖွဲ့ ညီလာခံတွင် လုံခြံုရေးယူထားသည့် KNU တပ်သားများအားတွေ့ရစဉ်။ ဓာတ်ပုံ - ဘိုဘို
တုုိင်းရင်းသား လက်နက်ကုုိင် အဖွဲ့အစည်းများ ပူးပေါင်းဆောင်ရွက်နုုိင်ရေးနှင့် ပတ်သက်၍ ကရင်အမျိုးသားအစည်းအရုံုး (KNU) ၏ ၁၆ ကြိမ်မြောက် ညီလာခံတွင် ထည့်သွင်းဆွေးနွေးခဲ့ကြောင်း သိရသည်။

မတ်လ ၃၁ ရက်နေ့တွင် ညီလာခံတွင် နုုိင်ငံရေး အစီရင်ခံစာနှင့် ပတ်သက်၍ ဆွေးနွေးမှုတွင် တပ်ပေါင်းစုုနှင့် မဟာမိတ်များ ပေါင်းစပ်နုုိင်ရေး ဆွေးနွေးနေကြခြင်း ဖြစ်သည်ဟုု KNU ၏ အထွေထွေအတွင်းရေးမှူး (၁)၊ ညီလာခံ ကျင်းပရေးကော်မတီ ဥက္ကဋ္ဌ ပဒုုိစောသောသီဘွဲ့က ပြောသည်။

“ကျွန်တော်တိုု့ မိတ်ဆွေ တပ်ပေါင်းစုု၊ မဟာမိတ်ရဲ့ ဝေါဟာတွေကုုိ အခြေခံပြီးတော့ ပြောကြတာပေါ့နော်။ ဒါတစ်ခုုပေါ့နော်။ လက်ရှိ အစုုိးရ အနေနဲ့ကုုိ ကျွန်တော်တုုိ့ကုုိ ဘယ်လုုိသတ်မှတ်သလဲပေ့ါ။ တွေ့ဆုံုဆွေးနွေးရေး ကိစ္စအပေါ်မှာ အခြေခံပြီးတော့မှ အာဏာရှင်ပဲ ဖြစ်နေသေးသလား။ ရှိသေးသလားဆုုိတဲ့ဟာမျိုးတွေ ဆွေးနွေးသုံုးသပ်နေကြတယ်။ နောက်တစ်ခုုကတော့ ရှေ့ဆက် တပ်ပေါင်းစုုရဲ့ ကဏ္ဍ၊ မဟာမိတ်ရဲ့ကဏ္ဍ ကျနော်တုုိ့ ဘယ်လုုိပေါင်းစပ်မလဲဆုုိတာကုုိ ကျွန်တော်တိုု့ ချပြပြီးတော့ ဆွေးနွေးတာပေါ့နော်။ အတည်ပြုချက်မပြီးသေးပါဘူး”ဟုု သူက ပြောသည်။

ထုုိ့ပြင် KNU ၏ ပေါ်လစီများ ချမှတ်ရာတွင် တုုိင်းရင်းသားများ၏ စည်းလုံုး ညီညွတ်မှု၊ နုုိင်ငံရေးနွေးနွေးပွဲတွင် ငြိမ်းချမ်းရေးနှင့် တွေ့ဆုံုဆွေးနွေးရေးနှင့် ကရင်အမျိုးသားများ စည်းလုံုးညီညွတ်ရေးတုုိ့ကုုိ တင်ပြဆွေးနွေးခဲ့သည်ဟုု သူက ပြောသည်။ လာမည့် ရက်သတ္တပတ်တွင် KNU ၏ ရှေ့လုုပ်ငန်းစဉ်များကုုိ ဆက်လက် ဆွေးနွေးသွားမည် ဖြစ်ကြောင်း သူက ပြောသည်။

ညီလာခံကုုိ ရက်သတ္တပတ် သုံုးပတ်ခန့်ကြာ ကျင်းပနေပြီ ဖြစ်ပြီး မတ်လ ၂၁ ရက်နေ့မှ ၃၀ ရက်နေ့များတွင် KNU ၏ ဖွဲ့စည်းပုံု အခြေခံ ဥပဒေနှင့် နည်းဥပဒေများကိုု ဆွေးနွေးရာ အမျိုးသမီးများ ၃၀ ရာခုုိင်နှုန်းပါဝင်ရန် ၁၅ ကြိမ်မြောက် ညီလာခံတွင် ထည့်သွင်းထားသော်လည်း ယခု ၁၆ ကြိမ်မြောက် ညီလာခံတွင် ပြန်လည် အတည်ပြု ပြဌာန်းခဲ့သည်။

အလားတူ ဖွဲ့စည်းပုံု အခြေခံ ဥပဒေနှင့်၊ နည်းဥပဒေတွင် မြေယာကော်မတီ၊ လူ့အခွင့်အရေး ကော်မတီတို့ တုုိးချဲ့လုုိက်သလုုိ၊ KNU ၏ ဗဟုုိကော်မတီဝင် တုုိးချဲ့ခြင်းဆုုိင်ရာကိိစ္စများကုုိ မဲခွဲ၍ သဘောတူဆုံုးဖြတ်ခဲ့သည်။ မူလက KNU ၏ ဗဟုုိအမြဲ တမ်းကော်မတီတွင် ၄၅ ဦးဖြင့် ဖွဲ့စည်းထားရာမှ ယခုု ၅၅ ဦးထိ တုုိးမြှင့် ဖွဲ့စည်းလုုိက်သည် ပဒုုိစောသောသီဘွဲ့က ပြောသည်။

မတ်လ ၁၄ ရက်နေ့မှစတင်ကျင်းပသော KNU ညီလာခံတွင် ၄ နှစ်သာကာလအတွင်း ဌာနတုုိင်းမှ လုုပ်ငန်းအစီရင်ခံစာများ တင်ပြဆွေးနွေး သုံုးသပ်ခဲ့ကြပြီး ဖွဲ့စည်းပုံု အခြေခံ ဥပဒေနှင့် နည်းဥပဒေများကုုိ ဆွေးနွေးခဲ့ခြင်း ဖြစ်သည်။

စနေနေ့နှင့် တနင်္ဂနွေနေ့ နှစ်ရက်တွင် ညီလာခံ ရပ်နားထားပြီး  ညီလာခံကုုိ ရက်သတ္တပတ် ၂ ပတ်ကြာ ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။ နောက်ဆုံုး အပတ်တွင် KNU ၏ ထိပ်သီးခေါင်းဆောင် ၅ ဦးကုုိ ရွေးချယ်၍ ဗဟုုိအမြဲတမ်း ကော်မတီနှင့် အလုုပ်အမှုဆောင်ကော်မတီဝင်များကုုိ ဆက်လက် ရွေးချယ်သွားမည် ဖြစ်ကြောင်း သိရသည်။

NUCC ၏ ကောင်စီဝင်များကို ၂၀၂၆ ခုနစ်၊ ဖေဖော်ဝါရီ ၃ ရက်နေ့က ပြုလုပ်သည့် NUCC ၏ သတင်းစာရှင်းလင်းပွဲ၌ တွေ့ရစဉ်။ (မောင်ခက်နွေ)
April 2, 2026
မောင်ခက်နွေ — နွေဦးတော်လှန်ရေးအတွင်း ပေါ်ပေါက်လာသည့် ဖက်ဒရယ်ဒီမိုကရေစီပဋိဉာဏ်...
April 1, 2026
ယမင်းဖူးပွင့်အောင် - အာဏာသိမ်းစစ်ကော်မရှင်တပ်၏ စစ်ထောက်လှမ်းရေးချုပ် (စရဖချုပ်) အဖြစ်...
March 31, 2026
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ကာကွယ်ရေးဦးစီးချုပ် (တပ်ချုပ်)...
March 30, 2026
အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ယနေ့ (မတ် ၃၀ ရက်) ကျင်းပသည့် ၂၀၂၆...