မွန်ပြည်နယ်တွင် ရွေးကောက်ပွဲကန့်ကွက်မှုမရှိသေး

မွန်ပြည်နယ်တွင် ရွေးကောက်ပွဲကန့်ကွက်မှုမရှိသေး

မွန်ပြည်နယ်တွင် ရွေးကောက်ပွဲနှင့် ပတ်သက်သည့် ကန့်ကွက်မှုများ မရှိသေးကြောင်း ပြည်နယ် ရွေးကောက်ပွဲ ကော်မရှင်က ပြောသည်။

မွန်ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ ခွဲအနေဖြင့် ရွေးကောက်ရလဒ်များကို နိုဝင်ဘာ ၁၀ ရက်နေ့က ထုတ် ပြန် ကြေညာခဲ့သည်။

ရွေးကောက်တင်မြှောက်ခံရသော လွှတ်တော်ကိုယ်စားလှယ်များကိုသော်လည်းကောင်း၊ ရွေး ကောက်ပွဲသည် တရားမျှတမှု မရှိကြောင်း အကြောင်းပြပြီး ကန့်ကွက်မှုများသော်လည်းကောင်း မရှိသေး ဟု ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ ခွဲ တာဝန်ရှိသူ က ပြောသည်။

 “ကန့်ကွက်လွှာက လောလောဆယ်မရှိသေးဘူးပေါ့နော် နောက်ပိုင်းကျတော့ တင်ဖို့ပြင်နေကြတယ်နဲ့တူတယ်၊ အခုကတော့ ရှိကောင်း ရှိလာနိုင်တယ်၊ မရှိရင်လည်းမရှိဘူး မရှိရင်တော့ ပိုပြီးတော့ ကောင်းတာပေါ့။ အေးအေး ချမ်းချမ်းနဲ့ ဒါကတော့ ကိုယ်စားလှယ်လောင်းတွေရဲ့ ဆောင်ရွက်ခွင့်ပါ၊ တင် မတင်တော့ မသိဘူးပေါ့နော် သတ် မှတ်ရက်အတွင်းမှာပဲ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို တင်သွင်းရမယ်” ဟု ပြည်နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ ခွဲအတွင်းရေးမှူး ဦးဟိဏ်းလင်းထက် က ပြောသည်။

ရွေးကောက်ပွဲနှင့် ပတ်သက်သည့် ကန့်ကွက်မှုများကို သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် ရွေး ကောက်ပွဲကော်မရှင်အဖွဲ့ ခွဲမှ ရွေးကောက်ပွဲရလဒ်များ ကြေညာသည့်နေ့မှစ၍ ၄၅ ရက်အတွင်း ကော်မရှင်သို့ ကန့်ကွက်လွှာတင်သွင်းနိုင်သည်ဟု ရွေးကောက်ပွဲနည်းဥပဒေတွင် ဖော်ပြပါရှိသည်။

၂၀၁၅ အထွေထွေ ရွေးကောက်ပွဲတွင်လည်း မွန်ပြည်နယ်တွင် ကန့်ကွက်လွှာ တင်သွင်းသူ မရှိခဲ့ကြောင်း ပြည်နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ ခွဲအတွင်းရေးမှူး က ဆက်ပြောသည်။

ရွေးကောက်ပွဲတွင် မွန်ပြည်နယ်အတွင်း ကိုယ်စားလှယ် ၁၁ ဦး အနိုင်ရရှိထားသည့် မွန်ညီညွတ်ရေးပါတီ (MUP) က ရွေးကောက်ပွဲနှင့် ပတ်သက်ပြီး မဲဆန္ဒနယ်အချို့က ရလဒ်ကို စိစစ်နေဆဲဖြစ်ပြီး စိစစ်မှု အပေါ် မူတည် ၍ ကန့်ကွက်ရမည့် အကြောင်းအရာများ ရှိလာပါက ကန့်ကွက်သွားမည် ဟု ပြောသည်။

“မဲဆန္ဒနယ်အချို့တွေမှာ သံသယဖြစ်နေတဲ့အနေအထားမှာရှိနေတယ်။ လေ့လာစိစစ်နေဆဲ အခြေအနေ မှာ ရှိနေတဲ့အတွက် လက်ရှိရွေးကောက်ပွဲအပေါ ရလဒ်အပေါသဘောထားကိုတော့ ချမှတ်ဖို့ စောသေးတယ်” ဟု မွန်ညီညွတ်ရေးပါတီ တွဲဖက်အတွင်းရေးမှူး နိုင်လယိတမက ပြောသည်။

ရွေးကောက်ပွဲနှင့် ပတ်သက်၍ မွန်ပြည်နယ်အတွင်း ကန့်ကွက်မှု မရှိသေးသော်လည်း ရှမ်းပြည်နယ် မြောက် ပိုင်း၊ မဲဆန္ဒနယ် အမှတ် ၅ (မူဆယ်၊ ကွတ်ခိုင်၊ နမ့်ခမ်း) တွင် ကန့်ကွက်မှုများ ရှိနေပြီး ပြည်ထောင်စုကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေးပါတီ USDP က ၂၀၂၀ ရွေးကောက်ပွဲသည် လွတ်လပ်ပြီး တရားမျှတမှု မရှိဟုဆိုကာ တစ်နိုင်ငံ လုံး အတိုင်းအတာအနေဖြင့် ရွေးကောက်ပွဲ ပြန်လည်ကျင်းပပေးရန် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် UEC ကို တောင်းဆိုထားသည်။

ကန့်ကွက်လွှာ တင်သွင်းသူတိုင်း သည် မိမိ၏ ကန့်ကွက်လွှာနှင့်အတူ နိုင်ငံတော်က ကုန်ကျမည့် အမှုစရိတ် အတွက် ငွေကျပ် ၅ သိန်းကို ကော်မရှင်သို့ သတ်မှတ်ပေးသွင်းရမည်ဖြစ်ပြီး ကန့်ကွက်လွှာတစ်စောင်၌ ကန့် ကွက်သူ တစ်ဦးထက်ပို၍ ပါရှိလျှင် ကန့်ကွက်သူ တစ်ဦးချင်းအလိုက် ငွေကျပ် ၅ သိန်းပေးသွင်းရမည်ဟု ရွေးကောက်ပွဲနည်းဥပဒေတွင် ဖော်ပြပါရှိသည်။

အဆိုပါ တင်သွင်းထားသော အမှုစရိတ် ငွေကျပ် ၅ သိန်းကို မည်သည့်အကြောင်းကြောင့်မျှ ပြန်လည်ထုတ် ယူခွင့် မရှိစေရဟုလည်း ဖော်ပြပါရှိသည်။

မွန်ပြည်နယ်တွင် နိုဝင်ဘာ ၈ ရက်နေ့က ကျင်းပခဲ့သည့်ရွေးကောက်ပွဲ၌ နိုင်ငံရေးပါတီ ၁၆ ပါတီတို့နှင့် တစ်သီး ပုဂ္ဂလကိုယ်စားလှယ်လောင်း စုစုပေါင်း ၂၅၇ ဦး ဝင်ပြိုင်ခဲ့ကြပြီး ကိုယ်စားလှယ် ၄၅ ဦး ရွေးကောက်တင် မြှောက်ခံထားရသည်။

ရွေးကောက် တင်မြှောက်ခံထားရသည့် ကိုယ်စားလှယ် ၄၅ ဦးတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီမှ ၃၄ ဦးနှင့် မွန်ညီညွတ်ရေး ပါတီ (MUP) မှ ၁၁ ဦးတို့ ဖြစ်သည်။

Most read this week

August 19, 2026
ရခိုင်ပြည်၊ ပုဏ္ဏားကျွန်းမြို့နယ်တွင် အာရက္ခတပ်တော် (AA) ထံ စစ်မှုထမ်းရန် လာရောက်...
August 19, 2026
ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်တွင် ငဝန်မြစ်ရေကာတာ ကျိုးပေါက်ခဲ့သည်မှာ ၃ ပတ်နီးပါး...
ဓါတ်ပုံ - (ပုံဟောင်း - Crd)
August 18, 2026
မကွေးတိုင်းအတွင်း စစ်တပ်က လေကြောင်းတိုက်ခိုက်မှုများကို ခပ်စိပ်စိပ် ပြုလုပ်နေသည့်အပြင်...
August 18, 2026
ရခိုင်ပြည်၊ ရသေ့တောင်မြို့နယ်ရှိ ကျောက်တန်းကျေးရွာနှင့် အောက်ဇီးကိုင်းကျေးရွာတို့ကို...