ပါတီဖွဲ့စည်းရေးကော်မတီ မကြာခင်ဖွဲ့စည်းမည်ဟု ဦးမြအေးပြော

ပါတီဖွဲ့စည်းရေးကော်မတီ မကြာခင်ဖွဲ့စည်းမည်ဟု ဦးမြအေးပြော
by -
မဇ္ဈိမ
နိုင်ငံရေးပါတီတစ်ရပ်ဖွဲ ့စည်းရေးအတွက်ဖွဲ ့စည်းရေးကော်မတီကို မကြာခင်ဖွဲ ့စည်းသွားမည်ဟု ၈၈မျိုးဆက်ကျောင်းသားများ ဦးဆောင်သည့်ယနေ ့ဆွေးနွေးပွဲအပြီးတွင် ဦးမြအေးက ပြောသည်။

မတ်လ ၃၀ နှင် ၃၁ ရက်တွင် ရန်ကုန်မြို့၊ UMFCCIတွင်ပြုလုပ်သည့် နိုင်ငံရေးပါတီတစ်ရပ်ဖွဲ့စည်းရေး ဆွေးနွေးပွဲတွင် ပါတီထောင်ပြီးပါ က အခြေခံဥပဒေပြန်ရေးဆွဲရေးထက်ပြုပြင်သွားနိုင်ရေးကို အလေးထားဆွေးနွေးခဲ့ကြသည်။

မျိုးဆက်ပေါင်းစုံနယ်ပယ်ပေါင်းစုံပါ၀င်မည့်ပါတီတစ်ရပ်အနေဖြင့် လူပုဂ္ဂိုလ်ကို အခြေခံသည့် နိုင်ငံရေးစနစ်ကို မသွားဘဲ မူဝါဒကိုအခြေခံ သည့်စနစ်ကို ထူထောင်မည်ဟုလည်း မီဒီယာများကို ယနေ့ အသိပေးခဲ့သည်။

မူဝါဒကိုအခြေခံသည့်စနစ်အတွက် ပြည်သူများ၏နိုင်ငံရေးသိမှုက အဆင်သင့်ဖြစ်နေပြီလားဆိုသည့်အပေါ် ၈၈မျိုးဆက်ကျောင်းသားဟောင်းဖြစ်သည့် ဦးမင်းဇေယျာက ပြည်သူလူထုအား ဆွဲခေါ်နိုင်လဲအချက်ပေါ်မူတည်ကြောင်း ပြောသည်။

 “ပြည်သူတွေရဲ့ နိုင်ငံရေး အသိအမြင်ဘယ်လောက် ရင့်ကျက်နေပြီလဲ၊ ဘယ်လောက် မြင့်မားနေပြီလဲ ဆိုတာထက် ကျွန်တော်တို့ကိုယ်တိုင်က နိုင်ငံရေး ပါတီတွေက ပြည်သူတွေရဲ့ နိုင်ငံရေး အသိဉာဏ်တွေ နိုင်ငံရေး အသိဉာဏ်တွေ မြင့်မားလာအောင် ရင့်ကျက်လာအောင် ဘယ်လောက်အထိ ပညာပေးနိုင်ပြီလဲ။ ဘယ်လောက်ထိ ဆွဲခေါ်နိုင်ပြီလဲ ဆိုတဲ့ အချက်ပေါ်မှာ ပိုပြီးတော့ မူတည်တယ်လို့ ကျွန်တော်တို့က မြင်တယ်။ ပြောချင်တဲ့သဘောက ပြည်သူတွေရဲ့ နိုင်ငံရေး ရေချိန်နိမ့်နေလို့ နိမ့်တဲ့အတိုင်းပဲ ကျွန်တော်တို့ နိုင်ငံရေးပါတီတွေက ဆက်သွားမယ်ဆိုတဲ့ အတွေးအခေါ်မျိုး လုပ်ငန်းစဉ်မျိုးကို ကျွန်တော်တို့ မစဉ်းစားထားပါဘူး။ အခုပြည်သူတွေ နိမ့်ခြင်းမြင့်ခြင်းက ကျွန်တော်တို့ အပေါ်မှာ မူတည်လိမ့်မယ်။ ကျွန်တော်တို့က ပြည်သူတွေရဲ့ နိုင်ငံရေး အတွေးအခေါ်တွေ ပြည့်ဝလာအောင် မြင့်မားလာအောင် ကျွန်တော်တို့ အားလုံးက ဝိုင်းဝန်းပြီးတော့ စွမ်းဆောင်ပေးဖို့ တာဝန်ရှိတယ်ဆို တဲ့ အမြင်နဲ့ လုပ်စရာ ရှိတာကို ဆက်လုပ်သွားမှာပါ” ဟု ဦးမင်းဇေယျာက ပြောသည်။

ပြည်သူလူထုနိုင်ငံရေး ရေချိန်အပေါ်ကိုလည်း ဦးမြအေးက သုံးသပ်ခဲ့သည်။

“လူထုနိုင်ငံရေး ရေချိန်နိမ့်တယ်လို့ မယူဆပါဘူး။ လူထုနိုင်ငံရေး ရေချိန်က ရှိပြီးသားပါ။ ကျွန်တော်တို့က လူထုရဲ့ရှေ့ကိုလည်း ရောက်လို့မရဘူး။ လူထုရဲ့ အနောက်ကိုလည်း ရောက်လို့ မရဘူး။ လူထုနဲ့ ကျွန်တော်တို့က တစ်သားတည်းပါ။ နောက်တစ်ခုက လူကိုအခြေခံတဲ့ နိုင်ငံရေး ဘဝကနေပြီးတော့မှ မူကို အခြေခံတဲ့ နိုင်ငံရေး ဘဝကို ပြောင်းချင်ပါပြီ” ဟု ဦးမြအေးက ပြောသည်။

ပါတီဖွဲ ့စည်းရေးကော်မတီကိုမကြာခင်ဖွဲ ့စည်းတော့မည်ဖြစ်သော်လည်းပါတီနာမည်ကိုမူ မစဉ်းစားသေးကြောင်း ဦးမင်းဇေယျာက မီဒီယာများကိုပြောခဲ့ပြီး ယခုဆွေးနွေးပွဲသည် နိုင်ငံရေးပါတီတစ်ရပ်ပေါ်ထွန်းရေးအတွက် ဒုတိယအကြိမ်ဆွေးနွေးခဲ့ကြခြင်းဖြစ်သည်။

April 27, 2026
စစ်အုပ်စုလက်အောက်ခံ စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီက...
April 25, 2026
ညီနောင်မဟာမိတ်အဖွဲ့ဝင်များဖြစ်သည့် MNDAA, TNLA နှင့် AA တို့ ထိန်းချုပ်ထားသည့် မြို့အားလုံးကို...
April 24, 2026
အာဏာသိမ်း စစ်အုပ်စု၏ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ယခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှ...
April 23, 2026
မောင်ခက်နွေ —စစ်အာဏာသိမ်းပြီး ငါးနှစ်နီးပါးအကြာတွင် အရပ်သားသမ္မတအဖြစ် အသွင်ပြောင်းလဲထားသည့် ၂၀၂၆...