အမျိုးသမီးအရေးအတွက် ရွေးကောက်ပွဲအနိုင်ရ အမျိုးသမီးအမတ်များနှင့်ပူးပေါင်းမည်ဟု ကချင်ပြည်နယ် အမျိုးသမီးများကွန်ရက်ဆို

အမျိုးသမီးအရေးအတွက် ရွေးကောက်ပွဲအနိုင်ရ အမျိုးသမီးအမတ်များနှင့်ပူးပေါင်းမည်ဟု ကချင်ပြည်နယ် အမျိုးသမီးများကွန်ရက်ဆို

မျိုးမြတ်မြတ်ပန် — အမျိုးသမီးအရေးအတွက် ရွေးကောက်ပွဲအနိုင်ရ အမျိုးသမီးအမတ်များနှင့်ပူးပေါင်းမည်ဖြစ်ကြောင်း ကချင်ပြည်နယ် အမျိုးသမီးများကွန်ရက်မှ ပဲ့ကိုင်ကော်မတီဝင် ဒေါ်အောင်ဂျာကပြောသည်။

ကချင်ပြည်နယ်အမျိုးသမီးများ ကွန်ရက်အနေဖြင့် အမျိုးသမီးကိုယ်စားလှယ်များနှင့်ပူးပေါင်းက အမျိုးသမီးများအကြမ်းဖက်မှု ကာကွယ်ရေးဥပဒေမူကြမ်းကို ပြည်ထောင်စုလွှတ်တော်တွင် အတည်ပြုနိုင်ရေး မျှော်လင့်လျက်ရှိ နေခြင်းဖြစ်သည်။

“လွန်ခဲ့တဲ့ ငါးနှစ်ကထက် ဒီနှစ်မှာ အမျိုးသမီးလွှတ်တော်အမတ်များလာတာ အရမ်းဝမ်းသာတယ်။ ကျွန်မတို့လည်း အမျိုးသမီးအဖွဲ့ကနေပြီးတော့လည်း အမျိုးသမီးတွေကို အကြမ်းဖက်မှုကနေကာကွယ်တဲ့ ဥပဒေမူကြမ်းအဆင့်ရှိနေတဲ့ဟာကို ပြည်နယ်ကနေ တိုက်တွန်းပြီးတော့မှ ပြည်ထောင်စုအဆင့်မှာ အတည်ပြုနိုင်ရေးအတွက် ဆက်လက်ပြီးတော့ အားရှိလာမယ်။ ပိုပြီးတော့ ဥပဒေတစ်ရပ်ဖြစ်လာမယ်လို့ ကျွန်မတို့ မျှော်လင့်ပါတယ်” ဟု ၎င်းကပြောသည်။

၎င်းတို့အနေဖြင့် အမျိုးသမီးကိုယ်စားလှယ်များအပြင် အမျိုးသားကိုယ်စားလှယ်များကိုပါ ဆက်လက်ချဉ်းကပ်သွားမည်ဖြစ်ကြောင်း ဒေါ်အောင်ဂျာက ပြောသည်။

“လွန်ခဲ့တဲ့ လွှတ်တော်သက်တမ်းမှာ ပြည်သူတွေအတွက် ကိုယ်စားပြုထားတဲ့အမတ်တွေက အမျိုးသမီးတွေပါဝင်ရေး၊ ကျား/မ တန်းတူရေးတွေမှာ အများကြီးတော့ မဆွေးနွေးပေးနိုင်တာတွေကို တွေ့ရတယ်။ ဒါတွေက ဆုံးရှုံးနစ်နာမှုတွေပါ”ဟု ၎င်းင်းကပြောသည်။

ထိုပြောကြားချက်အပေါ် အင်ဂျန်းယန်မြို့နယ် ပြည်နယ်လွတ်တော်ကိုယ်စားလှယ် ဒေါ်ဂျာဆိုင်းခေါန်က “ကျွန်မတို့အနေနဲ့ အမျိုးသမီးအခွင့် အရေးနဲ့ ပတ်သက်တာတွေ ပြောပေးပါဆိုရင် ပြောပေးတာရှိတယ်။ လွှတ်တော်မှာလည်း ကျွန်မရဲ့ အင်ဂျန်းယန် မှာတော့ မရှိဘူး။ သက်ငယ်မုဒိမ်းမှုဆိုတာတွေက တခြားနယ်မှာတွေဖြစ်တယ်။ အဲ့အခါမှာ လွှတ်တော်မှာ ဝိုင်းဝန်း ဆွေးနွေးဖြစ်ပါတယ်” ဟု ၎င်းကပြောသည်။

၂၀၂၀ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ကချင်ပြည်နယ်မှ အမျိုသမီး ၅၅ ဦးဝင်ရောက်ယှဉ် ပြိုင်ခဲ့ပြီး ၁၀ ဦးအနိုင်ရရှိခဲ့သည်။

August 6, 2026
(၃၈) နှစ်မြောက် ရှစ်လေးလုံး ဒီမိုကရေစီအရေးတော်ပုံကြီးအတွက် ဩစတေးလျနိုင်ငံ၊ မဲလ်ဘုန်းမြို့တွင်...
July 25, 2026
အွန်လိုင်းငွေလိမ်ဂိုဏ်းများ (ကျားဖြန့်) နှိမ်နင်းသည့်အနေဖြင့် စစ်အုပ်စုက သက်ဆိုင်ရာ...
July 22, 2026
ကချင်ပြည်၏ မြို့တော် မြစ်ကြီးနားမြို့အပါအဝင် မြို့နယ် အတော်များများတွင် ဆက်သွယ်ရေးလိုင်းများ...
ဓါတ်ပုံ - WHO
July 17, 2026
ကချင်ပြည်အတွင်း ငှက်ဖျားရောဂါ ကူးစက်ဖြစ်ပွားမှု မြင့်မားနေပြီး အချို့ဒေသများတွင် ဆေးဝါးများ...