အမ်း၌ မဲရုံလုံခြံုရေးနှင့် အခြားကိစ္စရပ်များအတွက် ရဲအင်အား ၂၀၀ ကျော်ဖြင့် ဆောင်ရွက်မည်

အမ်း၌ မဲရုံလုံခြံုရေးနှင့် အခြားကိစ္စရပ်များအတွက် ရဲအင်အား ၂၀၀ ကျော်ဖြင့် ဆောင်ရွက်မည်
by -
မဇ္ဈိမ
ဧပြီလ ၁ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ကြားဖြတ်ရွေးကောက်ပွဲတွင် ရခိုင်ပြည်နယ်အတွင်း အမ်းမဲဆန္ဒနယ်မြေတစ်ခုတည်းသာရှိပြီး ရွေးကောက်ပွဲကာလအတွင်း မဲရုံလုံခြံုရေးနှင့် အခြားကိစ္စရပ်များအတွက် ရဲအင်အား ၂၂၀ ကျော်တို့ဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရသည်။

အဆိုပါလုံခြံုရေးဆောင်ရွွက်ရာတွင် မဲလုံခြံုရေးအတွက် မဲရုံပေါင်း ၁၃၇ ရုံအတွက် ရဲဝန်ထမ်းပေါင်း ၁၁၉ ဦးကို ခန့်အပ် တာဝန်ပေးထားပြီး၊ လှည့်ကင်းဆောင်ရွက်ရန်အတွက် ရဲအရာရှိ ၂၅ ဦးအပါဝင် အခြားရဲဝန်ထမ်း ရ၆ ဦးတို့ကိုပါ ခန့်အပ်တာဝန်ပေးအပ်ထားပြီး ဖြစ်ကြောင်းလည်း သိရသည်။

“မဲရုံလုံခြံုရေးတွေကို ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ မဲပေးနေစဉ်ကာလအတွင်းမှာလည်းလုံခြံုရေးဆောင်ရွက်သွားမှာဖြစ်ပါတယ်။ လုံခြံုရေးကို အပိုင်းနှစ်ပိုင်းခွဲပြီးတော့ ဆောင်ရွက်ပေးဖို့ စီစဉ်ထားပါတယ်။ မဲရုံလုံခြံုရေးနဲ့ မဲရုံလှည့်ကင်းလုံခြံုရေး ဖြစ်ပါတယ်။”ဟု အမ်းမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးအောင်စိုးက ပြောသည်။

ယင်းအပြင် အမ်းမြို့မဲဆန္ဒနယ်မြေကို အပိုင်း ၄ ပိုင်းခွဲပြီး ဆောင်ရွက်သွားမည်ဖြစ်ကာ အမ်းမြို့ပေါ်ရပ်ကွက်များ အတွင်းရှိ မဲရုံများတွင် လုံခြံုရေးအင်အား ၃၈ ဦး၊ ကုဇူးကိုင်းကျေးရရွာတွင် ၆ ဦး၊ ဒါးလက်ကျေးရွွာအုပ်စုတွင် ၁၄ ဦး၊ တပ်တောင်မြို့တွင် ၃၃ ဦး၊ ရူးကျေးရွာတွင် ၉ ဦး၊ ကျောက်မြောင်းကျေးရွာတွင် ရ ဦးနှင့် ညောင်းချောင်းကျေးရွာတွင် ၉ ဦး တို့ကို လုံခြံုရေးတာဝန်များ ဆောင်ရွက်နိုင်ရန်အတွက်  စီစဉ်ထားပြီးဖြစ်ကြောင်းလည်း သိရသည်။

“ကျွန်တော်တို့ အခုလိုလုံခြံုရေးကို ဆောင်ရွက်တဲ့အခါ အမ်းမြို့နယ်မှာရှိတဲ့ ရဲတပ်ဖွဲ့ဝင်တွေအပါဝင် သံတွဲခရိုင်၊ စစ်တွေခရိုင်၊ ကျောက်ဖြူခရိုင်၊ မြောက်ဦးခရိုင်တွေက ထပ်မံအင်အားဖြည့်ပြီးတော့မှ   ဆောင်ရွက်သွားမှာဖြစ် ပါတယ်”ဟု ၄င်းကပြောသည်။

အမ်းမြို့နယ်မှာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများရှိသည့်အတွက် မဲပုံးများအားသယ်ပို့ရာ လမ်းကြောင်းများတွင် လည်း လုံလောက်သည့် ရဲအင်အားများဖြင့် သက်ဆိုင်ကျေးလက်ကော်မရှင် အဖွဲ့ခွဲများအထိ လိုက်ပါဆောင်ရွက်သွားမည် ဖြစ်ကြောင်းလည်း သိရသည်။

လက်ရှိအချိန်တွင် အမ်းမြို့ပေါ်၌ ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ကြမည့် ပါတီ (၃) ခုနှင့် တသီးပုဂ္ဂလ ကိုယ်စားလှယ်တစ်ဦးတို့မှာ မဲဆွယ်စည်းရုံးရေးများကို အင်တိုက်အားတိုက် လုပ်ဆောင်လျှက်ရှိကြပြီး မတ်လ ၃၀ ရက်နေ့ ည ၁၂ နာရီအချိန်တွင် မဲဆွယ်စည်းရုံးရေးကာလ ပြီးဆုံးမည်ဖြစ်ကြောင်း လည်းသိရသည်။

NUCC ၏ ကောင်စီဝင်များကို ၂၀၂၆ ခုနစ်၊ ဖေဖော်ဝါရီ ၃ ရက်နေ့က ပြုလုပ်သည့် NUCC ၏ သတင်းစာရှင်းလင်းပွဲ၌ တွေ့ရစဉ်။ (မောင်ခက်နွေ)
April 2, 2026
မောင်ခက်နွေ — နွေဦးတော်လှန်ရေးအတွင်း ပေါ်ပေါက်လာသည့် ဖက်ဒရယ်ဒီမိုကရေစီပဋိဉာဏ်...
April 1, 2026
ယမင်းဖူးပွင့်အောင် - အာဏာသိမ်းစစ်ကော်မရှင်တပ်၏ စစ်ထောက်လှမ်းရေးချုပ် (စရဖချုပ်) အဖြစ်...
March 31, 2026
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ကာကွယ်ရေးဦးစီးချုပ် (တပ်ချုပ်)...
March 30, 2026
အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ယနေ့ (မတ် ၃၀ ရက်) ကျင်းပသည့် ၂၀၂၆...