မူဆယ်လမ်းတွင် အခွန်မဲ့ပစ္စည်းများ ကားနှစ်စီးအပြည့် ဖမ်းဆီးရမိ

မူဆယ်လမ်းတွင် အခွန်မဲ့ပစ္စည်းများ ကားနှစ်စီးအပြည့် ဖမ်းဆီးရမိ
by -
မဇ္ဈိမ
မန္တလေး - မူဆယ် ပြည်ထောင်စုလမ်းမကြီးရှိ ရေပူအမြဲတမ်းစစ်ဆေးရေးစခန်းအနီးတွင် ကားနှစ်စီးအပြည့်ဖြင့် အခွန်မဲ့ သယ်ဆောင်လာသည့် စားသောက်ကုန်နှင့် လူသုံးကုန်ပစ္စည်းများ ဖမ်းဆီးရမိခဲ့ကြောင်း ရေပူအမြဲတမ်းစစ်ဆေးရေးစခန်း ပူးပေါင်းစစ်ဆေးရေးအဖွဲ့ တာဝန်ခံ၊ အကောက်ခွန်ဦးစီးဌာနရုံးချုပ် ဒုတိယညွှန်ကြားရေးမှူး ဦးတက်ထွန်းအောင်က မဇ္ဈိမသို့ ပြောသည်။

မတ်လ ၃ဝ ရက်နေ့ မွန်းလွဲ ၂ နာရီအချိန်ခန့်တွင် ရေပူအမြဲတမ်းစစ်ဆေးရေးစခန်း ပူးပေါင်းစစ်ဆေးရေးအဖွဲ့မှ မူဆယ်လမ်းရှိ ၁ဝ၅မိုင် ဘက်မှ CANTER ကားအမျိုးအစား နှစ်စီးအပြည့် စားသောက်ကုန်နှင့် လူသုံးကုန်ပစ္စည်းများအခွန်မဲ့ သယ်ဆောင်လာသည့် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။

“ သူတို့က ID နဲ့ အခွန်ဆောင်ထားတာမရှိဘဲနဲ့ ၁ဝ၅မိုင် မဝင်ဘဲ ရှောင်ကွင်းလမ်းတွေက သယ်ဆောင်လာတဲ့ပစ္စည်းတွေပေါ့။ အခုလောလောဆယ် မိုးတွေရွာနေတော့ မစစ်ဖြစ်သေးဘူး။ စားသောက်ကုန်လည်းပါတော့ ပျက်စီးကုန်မှာစိုးတဲ့အတွက်။ ဒါတွေကိုတော့ မနက်ဖြန်ကြရင် လားရှိုးအကောက်ခွန်ရုံးကို ပို့မှာပါ ”ဟု ဦးတက်ထွန်းအောင်က အခွန်မဲ့ပစ္စည်းအဖြစ် ဖမ်းဆီးရမိသည့် အခြေအနေနှင့် ပတ်သက်ပြီး ရှင်းပြသည်။

အဆိုပါ အခွန်မဲ့အဖြစ် ဖမ်းဆီးရမိသည့် ပစ္စည်းများကို အကောက်ခွန်ဦးစီးဌာနမှ စစ်ဆေးပြီးပါက FDA သတ်မှတ်ချက် မပြည့်မီသည့် စားသုံးရန်မသင့်သည့် စားသောက်ကုန်များကို ဖျက်စီးသွားမည် ဖြစ်ကြောင်း သိရသည်။

" စားသုံးရန်သင့်တဲ့ပစ္စည်းတွေကိုကြတော့ လေလံပစ်ပြီးတော့ လေလံဆွဲတဲ့နေရာကနေ နိုင်ငံတော် အခွန်ဘဏ္ဍာ ရတာပေါ့ "ဟု ဦးတက်ထွန်းအောင်က ပြောသည်။

မန္တလေး - မူဆယ် ပြည်ထောင်စုလမ်းမကြီးရှိ ရေပူမြဲတမ်းစစ်ဆေးရေးစခန်းဂိတ်မှ နေ့စဉ် ကုန်တင်ကားပေါင်း ၅ဝဝဝ မှ ၆ဝဝဝထိ ဖြတ်သန်းသွားလာနေပြီး တရားမဝင်ကုန်စည် တားဆီးထိန်းချုပ်ရေးလုပ်ငန်း အနေဖြင့် ၂ဝ၁၇ ခုနှစ်၊ ဇန်နဝါရီလ ၁၆ရက်မှ စတင်ကာ မတ်လ ၃ဝ ရက်ထိ တရားမဝင် ကုန်တင်ကားများ၊ ကျောက်စိမ်းရိုင်းများစသဖြင့် ဖမ်းဆီးရမိသည့်ပစ္စည်းများမှာ ခန့်မှန်းငွေတန်ဖိုး ကျပ်သိန်းပေါင်း သုံးသောင်း (၃ဝ,ဝဝဝ) ကျော်ထိ ရှိပြီဖြစ်ကြောင်း သိရသည်။

April 27, 2026
စစ်အုပ်စုလက်အောက်ခံ စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီက...
April 25, 2026
ညီနောင်မဟာမိတ်အဖွဲ့ဝင်များဖြစ်သည့် MNDAA, TNLA နှင့် AA တို့ ထိန်းချုပ်ထားသည့် မြို့အားလုံးကို...
April 24, 2026
အာဏာသိမ်း စစ်အုပ်စု၏ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ယခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှ...
April 23, 2026
မောင်ခက်နွေ —စစ်အာဏာသိမ်းပြီး ငါးနှစ်နီးပါးအကြာတွင် အရပ်သားသမ္မတအဖြစ် အသွင်ပြောင်းလဲထားသည့် ၂၀၂၆...