အရပ်ဘက်-စစ်ဘက် ပူးပေါင်းပြီး သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲရေး ဆောင်ရွက်ရန် ဆွေးနွေး

အရပ်ဘက်-စစ်ဘက် ပူးပေါင်းပြီး သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲရေး ဆောင်ရွက်ရန် ဆွေးနွေး
by -
မဇ္ဈိမ
သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲရေးလုပ်ငန်းများတွင် အရပ်ဘက်-စစ်ဘက် ပူးပေါင်းဆောင်ရွက်ရေး အလုပ်ရုံဆွေးနွေးပွဲကို နေပြည်တော်ရှိ မန်းမြန်မာဟိုတယ်တွင် မတ်လ ၃၀ရက်က ကျင်းပပြုလုပ်သည်။

လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးကို သဘာဝဘေးအန္တရာယ်များက အဟန့်အတားဖြစ်စေသည့်အတွက် “စနစ်တကျ ပူးပေါင်းဆောင် ရွက်ခြင်းဖြင့် အောင်မြင်မှုကို ရရှိမည်ဟု ယုံကြည်ကြောင်း” လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက အလုပ်ရုံဆွေးနွေးပွဲ ဖွင့်ပွဲတွင် ပြောဆိုသည်။

သဘာဝဘေး ကြိုတင်ကာကွယ်ရေး၊ တုံ့ပြန်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ပြည်သူ့အကျိုးကို ပိုမိုထိရောက်စွာ ဖြည့်ဆည်းပေးနိုင်ရန် အရပ်ဘက်-စစ်ဘက် စနစ်တကျ ပူးပေါင်းဆောင်ရွက်နိုင််ရေးအတွက် အလုပ်ရုံဆွေးနွေးပွဲ ကျင်းပရခြင်းဖြစ်သည်ဟု ဒေါက်တာဝင်းမြတ်အေးက ဆိုသည်။

သဘာဝဘေးအန္တရာယ် ဖြစ်ပွားသည့် သွားလာရခက်ခဲသော ဒေသများကို တပ်မတော်၏ အကူအညီဖြင့် ၂၀၁၆ခုနှစ်တွင် ကချင်ပြည်နယ်၊ ဆော်လောမြို့နယ်နှင့် လန်ဆယ်ဒေသတို့တွင် ဖြစ်ပွားသော ရေဘေးတွင် ကယ်ဆယ်ရေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့ရကြောင်းလည်း ဒေါက်တာဝင်းမြတ်အေးက ပြောသည်။

အဆိုပါ အလုပ်ရုံဆွေးနွေးပွဲသို့ တပ်မတော်မှ အရာရှိကြီးများ၊ ဌာနဆိုင်ရာ အဖွဲ့အစည်းများမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

April 27, 2026
စစ်အုပ်စုလက်အောက်ခံ စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီက...
April 25, 2026
ညီနောင်မဟာမိတ်အဖွဲ့ဝင်များဖြစ်သည့် MNDAA, TNLA နှင့် AA တို့ ထိန်းချုပ်ထားသည့် မြို့အားလုံးကို...
April 24, 2026
အာဏာသိမ်း စစ်အုပ်စု၏ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ယခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှ...
April 23, 2026
မောင်ခက်နွေ —စစ်အာဏာသိမ်းပြီး ငါးနှစ်နီးပါးအကြာတွင် အရပ်သားသမ္မတအဖြစ် အသွင်ပြောင်းလဲထားသည့် ၂၀၂၆...