ရက္ခိတပြက္ခဒိန်ထုတ်ဝေမှုကြောင့် မတရားအသင်းဖြင့် ထောင်ဒဏ်ပေးခံရသူ လွတ်မြောက်လာ

ရက္ခိတပြက္ခဒိန်ထုတ်ဝေမှုကြောင့် မတရားအသင်းဖြင့် ထောင်ဒဏ်ပေးခံရသူ လွတ်မြောက်လာ

နှင်းနွယ် — ရက္ခိတပြက္ခဒိန် ထုတ်ဝေရောင်းချမှုကြောင့် မတရားအသင်းဆက်သွယ်မှု ဥပဒေပုဒ်မ-၁၇(၁)အပြင် တရားမဝင် ပုံနှိပ်ထုတ်ဝေမှုနှင့်ပါ ထောင်ဒဏ်(၂)နှစ်ခွဲ ချမှတ်ခံခဲ့ရသူ ဧရာဝတီတိုင်းမှ ကိုသိန်းအောင်မြတ်သည် နိုဝင်ဘာလ ၂၃ ရက်နေ့တွင် ပြစ်ဒဏ်ရက်ပြည့်၍ လွတ်မြောက်လာပြီဖြစ်ကြောင်း ကာယကံရှင်နှင့် မိသားစုဝင်များထံမှ သိရသည်။

“ကျမယောက်ျား ထောင်ထဲမှာနေတုန်းကဆိုရင် ကျမတို့မိသားစု အရမ်းကိုအခက်အခဲနဲ့ ရင်ဆိုင်နေခဲ့ရတာ။ အဖွဲ့အစည်းတွေကို အကူအညီတောင်းခဲ့ပေမယ့် ဘာတစ်ခုမှ အကူအညီမရတဲ့အဆုံး ထောင်ကျခံလိုက်ရတာ။ အခု သူပြန်လွတ်လာတော့ ဘေးလွတ်ပြီပေါ့၊ မိသားစုတွေ စုံစုံလင်လင်နဲ့ နေရတော့မှာမို့ အရမ်းဝမ်းသာမိပါတယ်” ဟု လွတ်မြောက်လာသူ ကိုသိန်းအောင်မြတ်၏ဇနီး မမိုးသန္တာက DMG သို့ ပြောသည်။

သက်သေတစ်စုံတစ်ရာမရှိဘဲ ပြက္ခဒိန်ထုတ်ဝေရောင်းချခြင်းဖြင့် (AA)နှင့် ပတ်သက်မှုရှိသည်ဟုစွပ်စွဲကာ ထောင်ဒဏ်ချမှတ်ခံခဲ့ရခြင်းမှာ တရားဥပဒေမကောင်း၍သာဖြစ်ကြောင်း ကိုသိန်းအောင်မြတ်က ပြောသည်။

“ကျနော်တို့မှာသာ အေအေပတ်သက်တဲ့ အထောက်အထားတစ်ခုဖြစ်ဖြစ် ရှိမယ်ဆိုရင် ကျနော်တို့လက်ခံလို့ ရသေးတယ်။ အခုက သက်သေပြစရာလည်း ဘာမှမရှိဘဲ တစ်ခုခုတော့ ပတ်သက်မှုရှိတယ်ဆိုပြီး ထောင်ချပစ် လိုက်တဲ့အတွက် ကျနော်တို့အနေနဲ့လည်း ထောင်ထဲမှာအချိန်တွေပေးခဲ့ရတာက လုံးဝမတန်ဘူး” ဟု ၎င်းက ဆိုသည်။

၂၀၁၉ ခုနှစ်၊ ဧပြီ ၆ ရက်နေ့က ဟိုင်းကြီးကျွန်း၌ ကိုသိန်းအောင်မြတ်၊ ကိုကောင်းမြတ်သူ၊ ကိုဘိုဆန်းနှင့် ကိုဝင်းဘိုတို့ ၄ ဦးသည် ဧရာဝတီတိုင်း၊ ဟိုင်းကြီးကျွန်းတွင် ရက္ခိတပြက္ခဒိန်ရောင်းချနေကြစဉ် ရဲတပ်ဖွဲ့က လာရောက်ဖမ်းဆီးခဲ့သည်။

ထို့နောက် ပြက္ခဒိန်၌ ရက္ခိုင့်တပ်တော်(AA) ထူထောင်သည့်နေ့စွဲပါရှိသည်ဟုဆိုကာ ၎င်းတို့လေးဦးအား မတရားအသင်းဆက်သွယ်မှုဥပဒေပုဒ်မ-၁၇(၁)ဖြင့် ၂၀၁၉ ခုနှစ် နိုဝင်ဘာလ ၁၈ ရက်နေ့တွင် ဧရာဝတီတိုင်း၊ ငပုတောမြို့နယ်တရားရုံးမှ ထောင်ဒဏ် ၂ နှစ်စီ အသီးသီးချမှတ်ခဲ့သည်။

ယင်းသို့ ထောင်ဒဏ်ချမှတ်ခံခဲ့ရသူ လေးဦးအနက် သုံးဦးမှာ ၂၀၂၀ ပြည့်နှစ်၊ ဇူလှိုင် ၂၇ ရက်နေ့တွင် ပြစ်ဒဏ် ပြည့်မြောက်ကာ လွတ်လာခဲ့သော်လည်း ကိုသိန်းအောင်မြတ်မှာ မတရားအသင်းဆက်သွယ်မှု ဥပဒေပုဒ်မ ၁၇(၁)အပြင် တရားမဝင်ပုံနှိပ်ထုတ်ဝေမှုဖြင့်ပါ ထောင်ဒဏ် (၆)လ ပြစ်ဒဏ်ခံနေရ၍ ယနေ့မှ လွတ်မြောက် လာခြင်းဖြစ်သည်။

ကျောက်တော်မြို့နယ်မှ စစ်ဘေးရှောင်များအား ၂၀၂၄ ခုနှစ်အတွင်းက တွေ့ရစဉ်။
April 24, 2026
ရခိုင်ဒေသအတွင်း စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု တိုးမြှင့်လာသည်နှင့်အမျှ...
April 23, 2026
ရခိုင်ပြည်အတွင်း စမ်းသပ်စိုက်ပျိုးနေကြသည့်  ကြက်သွန်စိုက်ခင်းများမှာ ဖြစ်ထွန်းမှုရှိနေပြီး...
April 22, 2026
အာရက္ခတပ်တော် ထိန်းချူပ်ရာဒေသများရှိ တောတောင်များ၌ အိမ်သုံးသစ်ခုတ်သူများကို အာရက္ခပြည်သူ့ အစိုးရ...
နတ်ရေကန်ဗျုဟာကုန်းအနီးက ကမ္ဘာလုံးစခန်းကို ၂၀၂၅ အောက်တိုဘာလက တွေ့ရစဉ်။ ဓာတ်ပုံ - AK Htoo
April 21, 2026
အာရက္ခတပ်တော်(AA)နှင့် တော်လှန်ရေးတပ်တို့ ပိတ်ဆို့တိုက်ခိုက်နေသည့် မကွေးတိုင်း၊ ငဖဲမြို့နယ်ရှိ...