ပြည်နယ်အစိုးရအနေဖြင့် လွှတ်တော်သက်တမ်းမကုန်ဆုံးမီ တင်သွင်းခဲ့သည့်အဆိုများ လျှင်မြန်စွာ အကောင်အထည်ဖော်ပေးရန် တိုက်တွန်း

ပြည်နယ်အစိုးရအနေဖြင့် လွှတ်တော်သက်တမ်းမကုန်ဆုံးမီ တင်သွင်းခဲ့သည့်အဆိုများ လျှင်မြန်စွာ အကောင်အထည်ဖော်ပေးရန် တိုက်တွန်း

ဉာဏ်ဟိန်း - ရခိုင်ပြည်နယ်၏ ရေရှည်အကျိုးစီးပွား ဖြစ်ထွန်းမှုရလဒ်များ ကောင်းမွန်စေရန်အတွက် ပြည်နယ်လွှတ်တော် သက်တမ်းမကုန်ဆုံးမီ တင်သွင်းခဲ့သည့် အဆိုများ၊ မေးခွန်းများနှင့်ပတ်သက်၍ လျှင်မြန်စွာ အကောင်ထည်ဖော်ဆောင်ပေးရန် ပြည်နယ်အစိုးရအား တိုက်တွန်းကြောင်းအဆို တင်သွင်းခဲ့ကြသည်။

ယင်းအဆိုကို ဘူးသီးတောင်မြို့နယ် မဲဆန္ဒနယ် အမှတ်(၁)မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဇော်ဇော်မြင့်က နိုင်ဝင်ဘာ ၁၇ ရက်နေ့တွင် ကျင်းပသည့် ပြည်နယ်လွှတ်တော်အစည်းဝေးမှာ တင်သွင်းခဲ့ခြင်း ဖြစ်သည်။

“အစိုးရအနေနဲ့ လွှတ်တော်မှာ ကတိကဝတ်ပေးပြီးသား မေးခွန်းတွေကို အတတ်နိုင်ဆုံး အကောင်အထည်ဖော်ပေးရမှာဖြစ်ပြီးတော့ လွှတ်တော်မှာ အခါအားလျှော်စွာ တင်သွင်ဆုံးဖြတ်တဲ့ အဆိုတွေကိုလည်း အကောင်ထည်ဖော်ပေးရမှာဖြစ်တယ်။ အတည်ပြုချက်အဆိုတိုင်းကို အကောင်ထည်ဖော်ပေးဖို့ အခက်ခဲရှိနေမှာကိုလည်း နားလည်တယ်” ဟု ဦးဇော်ဇော်မြင့်က ဆိုသည်။

ရခိုင်ပြည်နယ်အစိုးရအနေနှင့် လွှတ်တော်သက်တမ်းကာလတစ်လျှောက်တွင် ကိုယ်စားလှယ်အသီးသီးမှ တင်သွင်းခဲ့သည့်အဆိုများ၊ မေးခွန်းများကို လုပ်ဆောင်မှုအားနည်းကြောင်း ပုဏ္ဏားကျွန်းမြို့နယ် မဲဆန္ဒနယ်အမှတ်(၂)မှ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးအောင်သန်းတင်က ထောက်ခံဆွေးနွေးခဲ့သည်။

“အစိုးရအနေနဲ့ လုပ်ဆောင်မှုအားနည်းတဲ့အတွက် ဒီလိုအားနည်းတာတွေကို ပြန်လည်ဆောင်ရွက်ဖို့အတွက် အဆိုရှင်က တိုက်တွန်းတာလို့ပဲ ကျွန်တော်အနေနဲ့ ထင်မိပါတယ်။ ဒါကြောင့် ဒီအဆိုတွေ၊ မေးခွန်းတွေနဲ့ပတ် သက်ပြီးတော့ အစိုးရအဖွဲ့အနေနဲ့ အလေးအနက်ထားသင့်တယ်”ဟု ၎င်းကဆက်၍ ဆိုသည်။

ဦးဇော်ဇော်မြင့် တင်သွင်းသည့် အဆိုအား ပြည်နယ်လွှတ်တော်၌ လက်ခံဆွေးနွေးရန် သဘောတူညီခဲ့ကြပြီး နိုဝင်ဘာ ၁၈ ရက်နေ့မှာ ဆက်လက်ဆွေးနွေးသွားကြမည်ဖြစ်သည်။

NLD အစိုးရ ဦးဆောင်သည့် ပြည်နယ်အစိုးရအနေဖြင့် လွှတ်တော်သက်တမ်း ကာလတစ်လျှောက် ကိုယ်စားလှယ်အသီးသီးမှ တင်သွင်းသည့် အဆိုများ၊ မေးခွန်းများနှင့် ပတ်သက်၍ အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် များစွာအားနည်းနေကြောင်း လွှတ်တော်စောင့်ကြည့်နေကြသူများက ဝေဖန်မှုများရှိသည်။

ကျောက်တော်မြို့နယ်မှ စစ်ဘေးရှောင်များအား ၂၀၂၄ ခုနှစ်အတွင်းက တွေ့ရစဉ်။
April 24, 2026
ရခိုင်ဒေသအတွင်း စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု တိုးမြှင့်လာသည်နှင့်အမျှ...
April 23, 2026
ရခိုင်ပြည်အတွင်း စမ်းသပ်စိုက်ပျိုးနေကြသည့်  ကြက်သွန်စိုက်ခင်းများမှာ ဖြစ်ထွန်းမှုရှိနေပြီး...
April 22, 2026
အာရက္ခတပ်တော် ထိန်းချူပ်ရာဒေသများရှိ တောတောင်များ၌ အိမ်သုံးသစ်ခုတ်သူများကို အာရက္ခပြည်သူ့ အစိုးရ...
နတ်ရေကန်ဗျုဟာကုန်းအနီးက ကမ္ဘာလုံးစခန်းကို ၂၀၂၅ အောက်တိုဘာလက တွေ့ရစဉ်။ ဓာတ်ပုံ - AK Htoo
April 21, 2026
အာရက္ခတပ်တော်(AA)နှင့် တော်လှန်ရေးတပ်တို့ ပိတ်ဆို့တိုက်ခိုက်နေသည့် မကွေးတိုင်း၊ ငဖဲမြို့နယ်ရှိ...