ရခိုင်ပါတီသစ် ယာယီ ခေါင်းဆောင်များခန့်အပ်

ရခိုင်ပါတီသစ် ယာယီ ခေါင်းဆောင်များခန့်အပ်
by -
မဇ္ဈိမ
၂၀၂၀ အထွေထွေ ရွေးကောက်ပွဲကြီးကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဝင်ရောက်ယှဉ်ပြိုင်မည် ဖြစ်သော ရခိုင်ပါတီသစ်၏ ယာယီ ခေါင်းဆောင်များအဖြစ် ဦးကျော်မြင့်နှင့် ဦးအောင်စိုးတို့အား တာဝန်ပေးလိုက်ကြောင်း ပါတီ၏ ပြောခွင့်ရပုဂ္ဂိုလ် ဦးမျိုးကျော်က ပြောသည်။

“ပါတီ မှတ်ပုံတင်က တင်ထားပြီးပြီ။ ပါတီရဲ့ လုပ်ငန်းစဉ်တွေ ဆောင်ရွက်ဖို့ ပ-ခေါင်းဆောင်၊ ဒု-ခေါင်းဆောင်တွေ အဖြစ် ယာယီခန့်အပ်ထားပါတယ်။ မှတ်ပုံတင်ကျပြီးမှ ညီလာခံခေါ်ပြီး ဥက္ကဌ၊ အတွင်းရေးမှူး အဖွဲ့တွေကို ရွေးချယ်မှာပါ။”

တရားဝင် ပါတီအဖြစ် ဆောင်ရွက်နိုင်ရေး ဖေဖေါ်ဝါရီ ၂၇ ရက်နေ့က ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်တွင် မှတ်ပုံတင် လျှောက်ထားပြီးဖြစ်ကာ မတ်လ ၂၇-၂၈ ရက်နေ့က ရခိုင်ပြည်နယ်၊ ပေါက်တော မြို့နယ်တွင် မြို့နယ်ပေါင်းစုံ ကိုယ်စားလှယ်များပါဝင်သော အစည်းအဝေးတစ်ရပ်ကို ကျင်းပခဲ့ကြသည်။

အစည်းအဝေးကို ပါတီသစ်၏ မြို့နယ်ပေါင်းစုံ ကိုယ်စားလှယ် ၁၀၀ ခန့် တက်ရောက်ခဲ့ကြသလို၊ စိတ်ဝင်စားသူ ၁၀၀ ခန့် စုစုပေါင်း ၂၀၀ ခန့် လာရောက်ခဲ့ကြပြီး ပါတီ၏ ယာယီခေါင်းဆောင်များနှင့်   ရှေ့လုပ်ငန်းစဉ်များအတွင် အဖွဲ့ဝင် ငါးဦး ပါဝင်သည့် ကော်မတီတစ်ခုကို ဖွဲ့စည်းခဲ့ကြသည်။

ပါတီသစ်ကို တည်ထောင်သူများမှာ ပူးပေါင်းပါတီ ရခိုင်အမျိုးသားပါတီဝင် ဟောင်းများ ဖြစ်သလို ၊ ဖျက်သိမ်း ထားသည့် ရခိုင်ဒီမိုကရေစီအဖွဲ့ချူပ်၏ ခေါင်းဆောင်းဟောင်းများလည်း ဖြစ်ပြီး၊ ပါတီသစ်၏အမည်အား ရခိုင်ဒီမိုကရေစီအဖွဲ့ချူပ် (ALD) အမည်ဖြင့် ပြန်လည် မှတ်ပုံတင်နိုင်ရန် ကြိုးပမ်းနေကြခြင်း ဖြစ်သည်။

ဓာတ်ပုံ - မေခနှင့် မလိခမြစ်နှစ်သွယ်ပေါင်းစည်းနေသည့် ဧရာဝတီမြစ်ဖျားဒေသ မြစ်ဆုံကို တွေ့ရစဥ်။
April 3, 2026
အာဏာသိမ်းပြီးနောက် စစ်ကော်မရှင်က ပြန်လည်အကောင်အထည်ဖော်ရန် ဆောင်ရွက်နေသည့် မြစ်ဆုံစီမံကိန်းကို...
NUCC ၏ ကောင်စီဝင်များကို ၂၀၂၆ ခုနစ်၊ ဖေဖော်ဝါရီ ၃ ရက်နေ့က ပြုလုပ်သည့် NUCC ၏ သတင်းစာရှင်းလင်းပွဲ၌ တွေ့ရစဉ်။ (မောင်ခက်နွေ)
April 2, 2026
မောင်ခက်နွေ — နွေဦးတော်လှန်ရေးအတွင်း ပေါ်ပေါက်လာသည့် ဖက်ဒရယ်ဒီမိုကရေစီပဋိဉာဏ်...
April 1, 2026
ယမင်းဖူးပွင့်အောင် - အာဏာသိမ်းစစ်ကော်မရှင်တပ်၏ စစ်ထောက်လှမ်းရေးချုပ် (စရဖချုပ်) အဖြစ်...
March 31, 2026
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ကာကွယ်ရေးဦးစီးချုပ် (တပ်ချုပ်)...