ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က မီဒီယာများအပေါ်ဆက်ဆံပုံနှင့် ပတ်သက်ပြီး သတင်းမီဒီယာ (၇) ဖွဲ့မှ ကန့်ကွက်ရှုတ်ချ

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က မီဒီယာများအပေါ်ဆက်ဆံပုံနှင့် ပတ်သက်ပြီး သတင်းမီဒီယာ (၇) ဖွဲ့မှ ကန့်ကွက်ရှုတ်ချ

ဉာဏ်ဟိန်း — ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ မီဒီယာများအပေါ် ဆက်ဆံပုံနှင့်ပတ်သက်ပြီး သတင်းမီဒီယာအဖွဲ့(၇)ဖွဲ့က ကန့်ကွက်ရှုတ်ချကြောင်း နိုဝင်ဘာ ၁၂ ရက်နေ့က ထုတ်ပြန်သည်။

နိုဝင်ဘာ ၁၁ ရက်နေ့တွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က နေပြည်တော်၌ ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် သတင်းထောက် တချို့၏ မေးခွန်းပါ အချက်အလက်အချို့နှင့်ပတ်သက်၍ လည်းကောင်း၊ မဲရုံမှူးကို မဲရုံရှေ့တွင် အင်တာဗျုးမေးမြန်းခြင်းနှင့်ပတ်သက်ပြီး ယင်းသို့ မေးမြန်းခြင်းနှင့် လုပ်ဆောင်ခြင်းမှာ မမှန်မကန်တိုင်ကြားမှု၊ ဝတ္တရားနှောက်ယှက်မှု မြောက်ကြောင်း၊ တရားဥပဒေအရ အရေးယူနိုင်ကြောင်း ပြောဆိုခြင်းသည် သတင်းမီဒီယာ လွတ်လပ်ခြင်းကို ခြိမ်းခြောက်သည့် အဓိပ္ပါယ်သက်ရောက်ကြောင်း ထုတ်ပြန်ချက်မှာဖော်ပြထားသည်။

“အဓိကတော့ အဲဒီနေ့က အဲဒီသတင်းထောက်မေးတဲ့ အချိန်မှာ ဒါဆိုရင် မမှန်သတင်းပေရင်းနဲ့ တရားစွဲလို့ရ တယ်၊ ဒီဟာကတော့ ဝတ္တရားနှောင့်ယှက်မှုနဲ့ အရေးယူလို့ရတယ်ဆိုတာကတော့ ခြိမ်းခြောက်တဲ့သဘောထား ဖြစ်တယ်။ တနည်းအားဖြင့်ဆိုရင် ကော်မရှင်က မီဒီယာပေါ်ထားတဲ့ သဘောထားကို ပိုပြီးပေါ်လွင်စေ တာပေါ့။ အဲဒီလို ပြောတာကိုတော့ ကျွန်တော်တို့က လက်မခံဘူး။ အဲဒါကြောင့် ထုတ်ပြန်တာ”ဟု မြန်မာဂျာနယ်လစ် ကွန်ရက်(MJN)မှ တွဲဖက်အတွင်းရေးမှူး ဦးနိုင်မင်းဝေက DMG သို့ ပြောသည်။

ထိုသို့ ထုတ်ပြန်သောအဖွဲ့များမှာ မြေလတ်ဂျာနယ်လစ်ကွန်ရက်၊ မြန်မာဂျာနယ်လစ်ကွန်ရက်(ဧရာဝတီ)၊ လားရှိုးသတင်းထောက်များအဖွဲ့၊ မြန်မာပြည်တောင်ပိုင်းဂျာနယ်လစ်ကွန်ရက်၊ မြန်မာအမျိုးသမီးသတင်းသမား များအဖွဲ့၊ တောင်ကြီးသတင်းထောက်များအသင်းနှင့် မြန်မာဂျာနယ်လစ်ကွန်ရက်တို့ဖြစ်သည်။

အဆိုပါထုတ်ပြန်ချက်၌ ၂၀၂၀ ရွေးကောက်ပွဲနှင့် ကြိုတင်မဲပေးကာများတွင် မြန်မာနိုင်ငံ အချို့သောနေရာများတွင် သတင်းသများ မေးခြင်းခွင့်၊ မဲရုံပရဝုဏ်အတွင်း ဝင်ရောက်ခွင့်မရသည့် အဖြစ်ပျက်များရှိခဲ့ပြီး ရွေးကောက်ပွဲဖြစ်ဉ်တစ်လျှောက်လုံး သတင်းရယူမှုကို ကန့်သတ်ချုပ်ခြယ်မှုများရှိခဲ့ကြောင်း ရေးသားထားသည်။

“ရွေးကောက်ပွဲမှာ ကျွန်တော်တို့ သတင်းယူတဲ့အခါ အခက်ခဲတွေရှိခဲ့တယ်။ မြို့နယ်ကော်မရှင်ဥက္ကဌကနေပြီးတော့ ပိတ်ပင်တားဆီးမှုတွေရှိခဲ့တယ်။ တချို့မဲရုံတွေမှာဆိုရင် အဝေးကနေ ဓာတ်ပုံ၊ Video ရိုက်တာတောင် ရိုက်ခွင့်မရတဲ့ အနေထားတွေရှိခဲ့တယ်။ COVID နဲ့ပတ်သက်ပြီးတော့ စည်းကမ်းချမှတ်ထားပေမယ့် မြို့နယ်ကော်မရှင်ဥက္ကဌကိုယ်တိုင်က မဲရုံတွေကို Camera နဲ့ ဝင်ခွင့်မပေးဘူး၊ အဲဒီလို ကန့်သတ်ခံခဲ့ရတာရှိတယ်”ဟု DVB သတင်းဌာနမှ နယ်သတင်းထောက် ကိုနောင်နောင်ကပြောသည်။

ရခိုင်ပြည်နယ်မှ အလွတ်တန်းသတင်းထောက်တစ်ဦးဖြစ်သူ ကိုနေမျိုးလင်းက“ရွေးကောက်ပွဲနေ့က မဲရုံတွေကို သတင်းယူဖို့သွားတဲ့အခါမှာ အခက်အခဲလေးတွေတော့ နည်းနည်းတွေ့ခဲ့တယ်။ အဓိက မဲရုံမှူးတွေနဲ့ ရင်ဆိုင်ရတာပေါ့။ မဲရုံမှူးတချို့က ကျနော်တို့ကို မဲရုံခြံဝင်းထဲကို ဝင်ပြီးတော့ သတင်းဓာတ်ပုံတွေ မရိုက်ခိုင်းဘူး။ ကျနော်တို့ကလည်း မဲရုံထဲကို မဝင်ဘူး၊ ခြံဝင်းထဲကိုပဲဝင်ပြီး မဲလာပေးတဲ့သူတွေကို ဓာတ်ပုံရိုက်မယ်ဆိုလို့လည်း မရဘူး။ ခြံတံတားကို ပိတ်လိုက်တာတွေရှိတယ်”ဟု ဆိုသည်။

ယင်းသို့ နောက်နောင်ထိုကိစ္စရပ်များမဖြစ်ပွားစေရန် ကော်မရှင်အနေဖြင့် သတင်းရယူခွင့်ဆိုင်ရာ စည်းကမ်းသတ်မှတ်ချက်များ ရှင်းလင်းစေရန် ပြန်လည်သုံးသပ်ပြင်ဆင်သင့်ကြောင်း ထုတ်ပြန်ချက်မှာ တိုက်တွန်းထားသည်။

အလားတူ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ သတင်းစာရှင်းလင်းပွဲ၌ သတင်းမီဒီယာများအပေါ် ပြုမူဆက်ဆံပုံနှင့်ပတ်သက်၍ ကန့်ကွက်ရှုတ်ချကြောင်း မြန်မာနိုင်ငံသတင်းစာဆရာများအသင်း (MJA) က ယနေ့ နိုဝင်ဘာ(၁၃)နေ့တွင် ထုတ်ပြန်ထားသည်။

ကျောက်တော်မြို့နယ်မှ စစ်ဘေးရှောင်များအား ၂၀၂၄ ခုနှစ်အတွင်းက တွေ့ရစဉ်။
April 24, 2026
ရခိုင်ဒေသအတွင်း စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု တိုးမြှင့်လာသည်နှင့်အမျှ...
April 23, 2026
ရခိုင်ပြည်အတွင်း စမ်းသပ်စိုက်ပျိုးနေကြသည့်  ကြက်သွန်စိုက်ခင်းများမှာ ဖြစ်ထွန်းမှုရှိနေပြီး...
April 22, 2026
အာရက္ခတပ်တော် ထိန်းချူပ်ရာဒေသများရှိ တောတောင်များ၌ အိမ်သုံးသစ်ခုတ်သူများကို အာရက္ခပြည်သူ့ အစိုးရ...
နတ်ရေကန်ဗျုဟာကုန်းအနီးက ကမ္ဘာလုံးစခန်းကို ၂၀၂၅ အောက်တိုဘာလက တွေ့ရစဉ်။ ဓာတ်ပုံ - AK Htoo
April 21, 2026
အာရက္ခတပ်တော်(AA)နှင့် တော်လှန်ရေးတပ်တို့ ပိတ်ဆို့တိုက်ခိုက်နေသည့် မကွေးတိုင်း၊ ငဖဲမြို့နယ်ရှိ...