မွန်ညီညွတ်ရေးပါတီက မဲဆန္ဒနယ် ၁၁ ခုတွင် အနိုင်ရ

မွန်ညီညွတ်ရေးပါတီက မဲဆန္ဒနယ် ၁၁ ခုတွင် အနိုင်ရ

နိုဝင်ဘာ ၈ ရက်နေ့ ရွေးကောက်ပွဲ ရလဒ်အရ မွန်တစ်ပြည်နယ်လုံးတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ NLD က မဲဆန္ဒနယ် ၃၄ နေရာ အနိုင်ရရှိခဲ့ပြီး မွန်ညီညွတ်ရေးပါတီက ၁၁ နေရာ အနိုင်ရရှိခဲ့သည်ဟု ခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ ခွဲထံ မှ သိရသည်။

မွန်ပြည်နယ်တွင် ပြည်သူလွှတ်တော် မဲဆန္ဒနယ် ၁၀ နေရာ၊ အမျိုးသားလွှတ်တော်မဲဆန္ဒနယ် ၁၂ နေရာ ပြည်နယ်လွှတ်တော်မဲဆန္ဒနယ် ၂၀ နေရာနှင့် ကရင် ဗမာ ပအိုဝ်းတိုင်းရင်းသားရေးရာနေရာဆိုပြီး စုစုပေါင်း မဲဆန္ဒနယ်နေရာ ၄၅ နေရာရှိသည်။

မော်လမြိုင်ခရိုင် ၆ မြို့နယ်ရှိ မဲဆန္ဒနယ် ၂၆ နေရာတွင် NLD ပါတီက ၁၅ နေရာ အနိုင်ရရှိခဲ့ပြီး မွန်ညီညွတ်ရေး ပါတီက ၁၁ နေရာ အနိုင်ရရှိခဲ့သည်။

“မော်လမြိုင်ခရိုင်မှာ ပြည်သူလွှတ်တော် ၆ နေရာ၊ အမျိုးသားလွှတ်တော် ၈ နေရာနှင့် ပြည်နယ်လွှတ်တော်က ၁၂ နေရာ အားလုံးက မဲဆန္ဒနယ် ၂၆ နေရာရှိတယ်။ အနိုင်ရတာက NLD က ၁၆ နေရာ အနိုင်ရတယ်။ နောက်  မွန်ညီညွတ်ရေးပါတီက ၁၁ နေရာ အနိုင်ရတယ်” ဟု မော်လမြိုင်ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ ခွဲ အတွင်း ရေးမှူး ဦးထင်ကျော်က ပြောသည်။

သထုံခရိုင် ၄ မြို့နယ်ရှိ မဲဆန္ဒနယ် ၁၆ နေရာမှာတော့ NLD ပါတီက အားလုံး အနိုင်ရရှိခဲ့သည်။ ထို့အပြင် ကရင် ဗမာ ပအိုဝ်းတိုင်းရင်းသားရေးရာနေရာ ၃ နေရာကလည်း NLD ပါတီကသာ အနိုင်ရရှိခဲ့သည်။

NLD ပါတီ အနိုင်ရရှိခဲ့သည့် ၃၄ နေရာတွင် တိုင်းရင်းသားရေးရာနေရာ ၃ နေရာနှင့် ပြည်သူလွှတ်တော် ၈ နေ ရာ၊ အမျိုးသားလွှတ်တော် ၉ နေရာ၊ ပြည်နယ်လွှတ်တော် ၁၄ နေရာတို့ ဖြစ်သည်။

မွန်ညီညွတ်ရေးပါတီ အနိုင်ရရှိခဲ့သည် ၁၁ နေရာတွင် ပြည်သူလွှတ်တော် ၂ နေရာ၊ အမျိုးသားလွှတ်တော် ၃ နေ ရာနှင့် ပြည်နယ်လွှတ်တော် ၆ နေရာတို့ ဖြစ်သည်။

၂၀၂၀ ရွေးကောက်ပွဲတွင် မွန်ပြည်နယ်အတွင်းရှိ မဲဆန္ဒနယ် ၄၅ နေရာစလုံးတွင် NLD ပါတီက ဝင်ပြိုင်ထားခဲ့ပြီး မွန်ညီညွတ်ရေးပါတီက မဲဆန္ဒနယ် ၃၅ နေရာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။

ပြီးခဲ့သည့် ၂၀၁၅ ရွေးကောက်ပွဲတုန်းက မွန်ပြည်နယ် မဲဆန္ဒနယ် ၄၅ နေရာတွင် NLD ပါတီက မဲဆန္ဒနယ် ၄၀ နေရာထိ အနိုင်ရရှိခဲ့ပြီး မွန်ပါတီ ၂ ပါတီ က မဲဆန္ဒနယ် ၄ နေရာ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ ဖြိုးရေးပါတီက ၁ နေရာ ရရှိခဲ့သည်။

February 11, 2026
စစ်ကော်မရှင်၏ အတုအယောင်ရွေးကောက်ပွဲသည် စစ်ရာဇဝတ်မှုများ ဆက်လက်ကျူးလွန်ရန် လမ်းဖွင့်ပေး...
February 10, 2026
စစ်ကော်မရှင်က ကျင်းပသည့် အထွေထွေ ရွေးကောက်ပွဲ အပိုင်း ၃ ပိုင်း အပြီးတွင် ပြည်ထောင်စု...
February 9, 2026
အမေရိကန်သမ္မတ အတည်ပြုလိုက်သည့် Burma Act ရန်ပုံငွေ ဒေါ်လာ ၁၂၁ သန်းကို စစ်ကော်မရှင်လက်သို့...
February 7, 2026
ဒေါ်အောင်ဆန်းစုကြည်၏ ဝမ်းကွဲ အကို၊ ဗိုလ်ချုပ်အောင်ဆန်း၏ တူ၊ အာဇာနည် ခေါင်းဆောင်ကြီး ဦးဘဝင်း၏ သား...