တအာင်းပါတီ မြို့နယ် သုံးခုတွင် အသာစီးရနေ

တအာင်းပါတီ မြို့နယ် သုံးခုတွင် အသာစီးရနေ

တအာင်း(ပလောင်) အမျိုးသားပါတီ TNP က နမ့် ခမ်းမြို့နယ်ရှိ မဲဆန္ဒနယ်များနှင့် မန်တုံမြို့နယ်ရှိ မဲဆန္ဒနယ်များအပြင် ကွတ်ခိုင်မြို့နယ်ရှိ မဲဆန္ဒနယ် အချို့တွင် အသာရနေသည်ဟု TNP ဥက္ကဋ္ဌ က ပြောသည်။

တအာင်း(ပလောင်) အမျိုးသားပါတီ TNP ဥက္ကဋ္ဌ ဦးညီစိန် က “နမ့်ခမ်းမှာ အသာရမယ်။ ပြည်သူ့ရော ပြည် နယ် အမှတ် ၂ ရော အမျိုးသားရော အသာရပါတယ်။ မန်တုံလည်း သေချာပါတယ်။ ကျန်တဲ့ မြို့နယ်တွေ ကျတော့ ဥပမာ ကွတ်ခိုင်တို့ ဘာတို့ကျတော့ လည်း ပြည်နယ် အမှတ် ၁ မှာရော ပြည်သူ့မှာရော အခြေအ နေ ကောင်းပါတယ်။ အခုသေချာတာကတော့ နမ့်ခမ်းကတော့ ၇၅ ရာခိုင်နှုန်းကျော်မှာ ရှိနေပါပြီ မဲဆန္ဒနယ် တစ်ခုလုံး အောင်ဖို့ ပေါ့။ မဲဆန္ဒနယ် တစ်ခုလုံး အောင်ဖို့ တစ်ခုလုံးအောင်ဖို့ ဆိုတာ တစ်မြို့နယ်လုံးပေါ့။ အောင်ဖို့ ကျတော့ နမ့်ခမ်းရှိတယ် မန်တုံရှိတယ်။ တစ်ခြားတော့ ပြောလို့မရသေးဘူး” ဟု ပြောသည်။

မဲရေတွက်မှု မပြီးသေးသော်လည်း လက်ရှိ TNP က အသာရနေသည့် နေရာများသည် တအာင်း(ပလောင်) လူမျိုး များသည့် မြို့နယ်များဖြစ် သည် ဟု TNP က ဆိုသည်။

မဲရေတွက်မှု မပြီးဆုံးသေးပဲ အဆိုပါမြို့နယ်များရှိ မဲဆန္ဒနယ်များတွင် TNP ပါတီ အနေဖြင့် အသာရနေပြီး ကျန်သည့် မြို့နယ်များရှိ မဲဆန္ဒနယ်မြေများကို ဆက်လက်စောင့်ကြည့်ရမည့် အနေအထား တွင် ရှိနေ သည် ဟု ဦးညီစိန်က ပြောသည်။

“လားရှိုးကျတော့ ကျနော်တို့ ပလောင်တိုင်းရင်းသား နည်းနည်း နည်းတဲ့အခါကျတော့ အခြေအနေက တော့ ငါးဆယ်အောက်မှာပဲ ရှိပါအုံးမယ်။ ကျောက်မဲကျတော့ အဲလိုပါပဲ ယုံကြည်အားထားရလောက်တဲ့ အရေအတွက်အထိ တက်မလာသေးဘူး။ ကျန်တဲ့ မြို့နယ်တွေကျတော့ စောင့်ကြည့်ရအုံးမှ သေချာတဲ့ သဘောရှိပါတယ်။ မဲရေတွက်နေတုန်း။”

လမ်းပန်းဆက်သွယ်ရေးခက်ခဲ့သည့် ဒေသမှ မဲများမှာ ရောက်လာမှု နှေးကွေးသည့်အတွက် အဆိုပါ မဲများ ကို ကော်မရှင်က စုစည်းမှုများ လုပ်ဆောင်နေဆဲဖြစ်သည့်အတွက် မဲရေတွက်မှုများကို ဆက်လက် စောင့် ကြည့်ရမည့် ဖြစ်သည်ဟု ဆိုသည်။

တအာင်း(ပလောင်) အမျိုးသားပါတီ TNP သည် ရှမ်းပြည်နယ်ရှိ မြို့နယ် (၁၀) မြို့နယ်ကို အခြေခံကာ ပြည် နယ်/တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်လောင်းများ၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် လောင်း များနှင့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်းများ၊ စုစုပေါင်း (၃၆) ဦး ဝင်ရောက်ယှဉ်ပြိုင် အရွေးခံ ခဲ့သည် ဟု သိရသည်။

ရှမ်းပြည်နယ်တစ်ပြည်လုံးတွင် ပြည်သူ့လွတ်တော်ကိုယ်စားလှယ်လောင်း ၁၀ ဦး၊ အမျိုးသားလွတ်တော် ကိုယ်စားလှယ်လောင်း ၆ ဦးနှင့် ပြည်နယ်/တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်လောင်း ၂၀ ဦးတို့ ဝင် ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။

၂၀၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲတွင် တအာင်းပလောင်အမျိုးသားပါတီ (TNP) အနေဖြင့် လွှတ် တော် ကိုယ်စားလှယ် ၁၂ ဦး အနိုင်ရရှိခဲ့ပြီး တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အနိုင်ရရှိခဲ့သည့် ပါတီများထဲ တွင် အဆင့်ငါးနေရာတွင် ရှိခဲ့သည်။

February 11, 2026
စစ်ကော်မရှင်၏ အတုအယောင်ရွေးကောက်ပွဲသည် စစ်ရာဇဝတ်မှုများ ဆက်လက်ကျူးလွန်ရန် လမ်းဖွင့်ပေး...
February 10, 2026
စစ်ကော်မရှင်က ကျင်းပသည့် အထွေထွေ ရွေးကောက်ပွဲ အပိုင်း ၃ ပိုင်း အပြီးတွင် ပြည်ထောင်စု...
February 9, 2026
အမေရိကန်သမ္မတ အတည်ပြုလိုက်သည့် Burma Act ရန်ပုံငွေ ဒေါ်လာ ၁၂၁ သန်းကို စစ်ကော်မရှင်လက်သို့...
February 7, 2026
ဒေါ်အောင်ဆန်းစုကြည်၏ ဝမ်းကွဲ အကို၊ ဗိုလ်ချုပ်အောင်ဆန်း၏ တူ၊ အာဇာနည် ခေါင်းဆောင်ကြီး ဦးဘဝင်း၏ သား...