ဒေါ်အောင်ဆန်းစုကြည်ပြောဆိုမှုအပေါ် ဗိုလ်ချုပ်ဂွမ်မော် ဘဝင်မကျဘဲ မေးခွန်းထုတ်

ဒေါ်အောင်ဆန်းစုကြည်ပြောဆိုမှုအပေါ် ဗိုလ်ချုပ်ဂွမ်မော် ဘဝင်မကျဘဲ မေးခွန်းထုတ်
by -
မဇ္ဈိမ
အစိုးရသစ်လက်ထက်တွင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်အနေဖြင့် ပထမဆုံးအကြိမ်သွားရောက်သည့် ဒေါ်အောင်ဆန်းစုကြည်၏ ကချင်ပြည်နယ်ခရီးစဉ်တွင် ကချင်ခေါင်းဆောင်များနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံရာ၌ ပြောဆိုမှုများအပေါ် (KIA) စစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွမ်မော်က အချက်နှစ်ချက်ကို ဘဝမကျဘဲ မေးခွန်းထုတ်လိုက်သည်။

“NCA လက်မှတ်ထိုးရေးဆိုတာ KIO ကလဲလက်ခံပြီးသားဖြစ်ပါတယ်" ဟုဒေါ်အောင်ဆန်းစုကြည်က ကချင်လူထုခေါင်းဆောင် များတွေ့ဆုံပွဲမှာ  ပြောဆိုမှုကို ဗိုလ်ချုပ်ဂွမ်မော်က “လက်မှတ်ထိုးဖို့ လက်ခံထားပြီးတာမျိုးမဟုတ်ပါဘူး" ဟု ပြန်လည်ဖြေရှင်းခဲ့သည်။

NCA ကိုအပြီးသတ်မဆွေးနွေးနိုင်သေးလို့ ဆက်ပြီးဆွေးနွေးနေရတဲ့အနေအထားဖြစ်ပြီး လက်ခံနိုင်တဲ့ အနေအထားရောက်ရင် NCA လက်မှတ်ရေးထိုးမယ်လို့ပြောခဲ့ခြင်းဖြစ်ကြောင်း ၎င်းကပြောဆိုသည်။

နိုင်ငံတော်အတိုင်ပင်ခံရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးကို မဇ္ဈိမက မတ်လ ၂၈ရက် မွန်းလွဲပိုင်းက ဆက်သွယ်မေးမြန်းသော်လည်း တစ်စုံတစ်ရာ မှတ်ချက်ပြုခြင်းမရှိခဲ့ပေ။

ဒုတိယ အချက်အနေဖြင့် ပင်လုံစာချုပ်မှာ တိုင်းရင်းသားတွေအားလုံးမပါဝင်ခဲ့လို့ ပင်လုံစာချုပ်ကို ပုံသေစွဲကိုင်လို့မရဘူးလို့ ဒေါ်အောင်ဆန်းစုကြည်ကပြောကြားချက်ကို ဘဝင်မကျဟု ကချင်လွတ်မြောက်ရေးတပ် (KIA) စစ်ဦးစီးချုပ်  ဗိုလ်ချုပ်ဂွမ်မော်က ၎င်း၏ လူမှုကွန်ယက်စာမျက်နှာမှ တစ်ဆင့် ရေးသားထားသည်။

“ဒီလိုပြောဆိုတယ်ဆိုရင် ပင်လုံရဲ့အနှစ်သာရကို မေးခွန်းထုတ်စရာဖြစ်လာပါတယ်" ဟု ၎င်းက ဆိုသည်။

၎င်း၏ လူမှုကွန်ယက်ဖြစ်သည့် ဖေ့ဘုတ်စာမျက်နှာပေါ်တွင် အထက်ပါအချက်များပါ၀င်သည့် စာရွက်နှစ်ရွက်ကို ၎င်း၏လက်ရေးမူဖြင့် ရေးသားဝေမျှထားခြင်းဖြစ်သည်။

သို့သော် ယနေ့တွေ့ဆုံဆွေးနွေးမှုများကိုကြည့်လျှင် နှစ်ဘက် တင်ပြဆွေးနွေးမှုများမှာ အားရစရာကောင်းသည်ဟုလည်း သူက ဆိုထားသည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ကချင်ပြည်နယ် မြစ်ကြီးနားမြို့သို့ မတ်လ ၂၈ ရက်တွင် ရောက်ရှိပြီး ကချင်လူထုခေါင်းဆောင်အချို့နှင့် မြစ်ကြီးနားမြို့ စီတာပူရပ်ကွက်ရှိ Palm Spring Hotel တွင် တွေ့ဆုံလျက်ရှိနေသည်။

အစိုးရသစ်တက်လာပြီးနောက် ပထမဆုံးဦးအကြိမ်အဖြစ် ဒေါ်အောင်ဆန်းစုကြည်၏ ကချင်ပြည်နယ် ခရီးစဉ်တွင် မြစ်ကြီးနားမြို့ရှိ ကချင်စစ်ပြေး ဒုက္ခသည်များနှင့် ပြည်သူ့ဆေးရုံများသို့ သွားရောက်လေ့လာမည်ဖြစ်သည်။

April 27, 2026
စစ်အုပ်စုလက်အောက်ခံ စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီက...
April 25, 2026
ညီနောင်မဟာမိတ်အဖွဲ့ဝင်များဖြစ်သည့် MNDAA, TNLA နှင့် AA တို့ ထိန်းချုပ်ထားသည့် မြို့အားလုံးကို...
April 24, 2026
အာဏာသိမ်း စစ်အုပ်စု၏ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ယခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှ...
April 23, 2026
မောင်ခက်နွေ —စစ်အာဏာသိမ်းပြီး ငါးနှစ်နီးပါးအကြာတွင် အရပ်သားသမ္မတအဖြစ် အသွင်ပြောင်းလဲထားသည့် ၂၀၂၆...