မိုင်းရှူးတွင် မူလအတိုင်းရွေးကောက်ပွဲလုပ်မည်၊ မဲရုံ ၅ရုံကို လုံခြံုသည့်နေရာပြောင်းရွှေ့ကျင်းပမည်

မိုင်းရှူးတွင် မူလအတိုင်းရွေးကောက်ပွဲလုပ်မည်၊ မဲရုံ ၅ရုံကို လုံခြံုသည့်နေရာပြောင်းရွှေ့ကျင်းပမည်
by -
မဇ္ဈိမ
မိုင်းရှူးမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဝင်က လုံခြံုရေးကြောင့် ရွေးကောက်ပွဲမလုပ်ရန်စာတင်ထားသည့် ကျေးရွာကြီး ၃ရွာတွင် ရွေးကောက်ပွဲကျင်းပမည်   ဖြစ်သော်လည်း မဲရုံ ၅ရုံကို နေရာပြောင်းပြီးကျင်းပမည်ဟု လွိုင်လင်ခရိုင် ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဌ ဦးသန်းတင်က မဇ္စျိမသို့ပြောသည်။

“ရွေးကောက်ပွဲကဖြစ်မှာပါ။ မဲရုံအားလုံးကိုပဲရွေ့မှာပါဗျ။ မဲရုံတွေအားလုံးဖွင့်မှာပါဗျ။ ပြဿနာရှိတဲ့ မဲရုံ သုံးရုံကလည်းအားလုံ ညှိနှိုင်းပြီးတော့ နေရာလေးတွေပြောင်းမှာပါ။ ပြဿနာဖြစ်တဲ့ကျေးရွာအုပ်စု ၃ စုပေါ့။ နောင်အက်ကျေးရွာအုပ်စု အဲ့မှာ မဲရုံ ၂ရုံရှိတယ်၊ ကွန်ကျောင်းက ၁ရုံ၊ မော်မေ့ ၂ရုံ အဲ့ဒါကို နေရာရွေ့မှာပါဗျ။ လုံခြံုမှုကောင်းတဲ့နေရာပေါ့ဗျ။ ရွေ့မယ့်နေရာတွေက အဲ့ဒီ့ကျေးရွာအုပ်စုထဲမှာပဲ ဒါပေမယ့် ကားလမ်းပေါ်မှာပေါ့နော့်။ NLD ကတင်ထားတယ်ဆိုလို့ အဲ့ဒါတွေကို ကျွန်တော်တို့ သွားကြည့်တော့လည်း တချို့တွေနေရာမှန်နေတာမို့လို့ ရွေ့ပေးလိုက်တာပါ" ဟု ကော်မရှင် ဥက္ကဌ ဦးသန်းတင်ကပြောဆိုသည်။

လတ်တလောတွင် မဲရုံပြောင်းရွေ့ချထားမည့်နေရာကို ခြံုလုံရေးစိတ်ချရသည့် ကားလမ်းမကြီးလိုမျိုးနေရာများတွင် ပြောင်းရွေ့နေရာချထားရန် ညှိနှိုင်းနေဆဲဖြစ်ကြောင်း လွိုင်လင်ခရိုင် ရွေးကောက်ပွဲကော်မရှင်မှ သိရသည်။

ရွေးကောက်ပွဲ မလုပ်ဖို့ ကန့်ကွက်လွှာတင်ခဲ့သူတစ်ဦးဖြစ်သည့် မိုင်းရှူးပြည်သူ့လွတ်တော် ကိုယ်စားလှယ်လောင်း ဦးဝင်းနိုင်က ၎င်းအနေဖြင့် ရွေးကောက်ပွဲပြုလုပ် မလုပ်ဖြစ်ကို ၎င်းအနေဖြင့်မသိရှိရသေးကြောင်းဆိုသည်။

“ကျွန်တော်လည်း ဒီမှာရွေးကောက်ပွဲအတွက် အလုပ်ရှုပ်နေတာနဲ့ ရွာတွေရောက်နေတာနဲ့ အဲ့တာတော့ လောလောဆယ်မသိရသေး ပါဘူး" ဟု ၎င်းကပြောဆိုသည်။

လွိုင်လင်ခရိုင် မိုင်းရှူးမြို့နယ်ရှိ ကန့်ကွက်လွှာတင်ခံရသည့် နောင်အက်ကျေးရွာအုပ်စုတွင် မဲရုံ ၂ခုရှိပြီး မဲန္ဒရှင် ၁၂၅၅ ဦး၊ ကွန်ကျောင်းကျေးရွာအုပ်စုတွင် မဲရုံ ၁ရုံ၊ မဲဆန္ဒရှင် ၁၁၄၅ ဦး၊ မော်မေ့ကျေးရွာအုပ်စုတွင် မဲ ၂ ရုံရှိပြီး မဲဆန္ဒရှင် ၂၁၂၅ ဦးရှိပြီး စုစုပေါင်း ၅၀၀၀ နီးပါးခန့်ရှိနေသည်။

ရှမ်းပြည်အရှေ့ပိုင်း လွိုင်လင်ခရိုင်၊ မိုင်းရှူးမြို့နယ်ရှိ ကျေးရွာကြီး ၃ရွာတွင် လုံခြံုရေးအခြအနေကြောင့်ဟုဆိုကာ ရွေးကောက်ပွဲ မကျင်းပဖို့ NLD ကိုယ်စားလှယ်လောင်းနှစ်ဦးက တောင်း ဆိုထားတာကြောင့် မတ် ၂၃က ရှမ်းပြည်နယ် ရွေးကောက်ပွဲကော်မရှင်ကနေ ပြည်ထောင်စုု ကော်မရှင်သိုု့ စာပေးပိုု့၍ ဆုံုးဖြတ်ချက် တောင်းဆုုိလိုက်တာဖြစ်သည်။

အဆိုပါ မဲဆန္ဒနယ်များမှာ ၂၀၁၅ ခုနှစ်က လုံခြံုရေးအခြေနေကြောင့် ရွေးကောက်ပွဲမလုပ်နိုင်ခဲ့ဘဲ ၂၀၁၇ ကြားဖြတ်ရွေးကောက်ပွဲမှသာ ရွေးကောက်ပွဲလုပ်ရခြင်းလည်းဖြစ်သည်။

မိုင်းရှူးမြို့နယ်တွင် ပါတီကြီးများဖြစ်သည့် ပြည်ထာင်စုကြံခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP)နှင့် အာဏာရပါတီ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အပါအဝင် ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်၊ ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ နှင့် ဝ လစ်ဘရယ်ဒီမိုကရက်တစ်ဖွံ့ ဖြိုးတိုးတက်ရေးပါတီ တို့ ပါဝင်ယှဉ်ပြိုင်မည်ဖြစ်သည်။

အဆိုပါတီ ၅ခုထဲမှ အာဏာရပါတီ NLD မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးဝင်းနိုင်နှင့် မိုင်းရှူး မြို့နယ် NLD ဥက္ကဌ တို့မှ ရွေးကောက်ပွဲရွေ့ဆိုင်းရန် ခရိုင်ကော်မရှင်သို့ ကန့်ကွက်စာပေးပို့ခဲ့ခြင်းဖြစ်သည်။

အဆိုပါ မဲဆန္ဒရှင် ဦးရေမှာ မိုင်းရှုးမြို့နယ်တခုလုံးတွင် မဲပေးနိုင်သူ မဲဆန္ဒရှင်အရေအတွက်၏ ၁၀ ရာခိုင်နှုန်းခန့် ရှိနေခြင်းဖြစ်သည်။

မိုင်းရှုးတစ်မြို့နယ်လုံးတွင် မဲရုံ ၅၀နီးပါးရှိပြီး မဲပေးနိုင်သည့် မဲဆန္ဒရှင် ၅သောင်းနီးပါးရှိကြောင်း လွိုင်လင်ခရိုင်ရွေးကောက်ပွဲကော်မတီ မှသိရသည်။

ဓာတ်ပုံ - မေခနှင့် မလိခမြစ်နှစ်သွယ်ပေါင်းစည်းနေသည့် ဧရာဝတီမြစ်ဖျားဒေသ မြစ်ဆုံကို တွေ့ရစဥ်။
April 3, 2026
အာဏာသိမ်းပြီးနောက် စစ်ကော်မရှင်က ပြန်လည်အကောင်အထည်ဖော်ရန် ဆောင်ရွက်နေသည့် မြစ်ဆုံစီမံကိန်းကို...
NUCC ၏ ကောင်စီဝင်များကို ၂၀၂၆ ခုနစ်၊ ဖေဖော်ဝါရီ ၃ ရက်နေ့က ပြုလုပ်သည့် NUCC ၏ သတင်းစာရှင်းလင်းပွဲ၌ တွေ့ရစဉ်။ (မောင်ခက်နွေ)
April 2, 2026
မောင်ခက်နွေ — နွေဦးတော်လှန်ရေးအတွင်း ပေါ်ပေါက်လာသည့် ဖက်ဒရယ်ဒီမိုကရေစီပဋိဉာဏ်...
April 1, 2026
ယမင်းဖူးပွင့်အောင် - အာဏာသိမ်းစစ်ကော်မရှင်တပ်၏ စစ်ထောက်လှမ်းရေးချုပ် (စရဖချုပ်) အဖြစ်...
March 31, 2026
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ကာကွယ်ရေးဦးစီးချုပ် (တပ်ချုပ်)...