ဖားအံမြို့ သရက်တောကျောင်းတိုက်တွင် သံဃာတော်များ Covid ကူးစက်မှုများလာ

ဖားအံမြို့ သရက်တောကျောင်းတိုက်တွင် သံဃာတော်များ Covid ကူးစက်မှုများလာ

နန်းဝေဖြိုးဇာ — ဖားအံမြို့ရှိ အမှတ်(၁)ရပ်ကွက်ရှိ သရက်တောကျောင်းတိုက်၌ သီတင်းသုံးနေကြသည့် သံဃာတော်များသည် Covid-19 ရောဂါကူးစက်ခံခဲ့ရပြီး အောက်တိုဘာ ၂၈ရက်နေ့အထိ ကူးစက်မှုမှာ သံဃာ ၄၉ပါးအထိ ရှိနေပြီဖြစ်ကြောင်း ဖားအံမြို့နယ်၊ ဒုမြို့နယ်အုပ်ချုပ်ရေးမှူး ဦးလှိုင်ကျော်စိုးက ကေအိုင်စီသို့ ပြောသည်။

အဆိုပါကျောင်းတိုက်တွင် စုစုပေါင်း သံဃာတော် ၁၂၅ပါး သီတင်းသုံးနေထိုင်ပြီး အောက်တိုဘာ ၂၇ရက်နေ့တွင် သံဃာတော်အချို့ကို ကူးစက်ရောဂါပိုး စတင်တွေ့ရှိသည့်အတွက် ဆက်လက်မပြန့်ပွားရန် လက်ရှိအချိန်တွင် ကျောင်းတိုက်တစ်ခုလုံးကို Lock Down ချလိုက်ပြီဖြစ်သည်ဟု သိရသည်။

၎င်းက “ကျောင်းတိုက်ကိုတော့ ရောဂါအဖြေစထွက်တာနဲ့ ကျောင်းဝင်းကို Lock Down ချလိုက်ပြီးပေါ့နော်။ ချပြီးတော့ လိုအပ်တာကိုပြန်ထပ်စစ်တယ်။ ရောဂါပိုး ထပ်တွေ့တဲ့ သံဃာတော်တွေကိုတော့ ဆေးရုံမှာ ပို့လိုက်တာပေါ့။ အခုက အဲဒီကျောင်းတိုက်မှာ ပိုးကူးစက်ခဲ့တာ စုစုပေါင်း ၄၉ပါးရှိတယ်ပေါ့။”ဟု ဦးလှိုင်ကျော်စိုးက ကေအိုင်စီသို့ ပြောသည်။

Covid-19 ကူးစက်ခံရသူအချို့သည် ရောဂါကူးစက်မှုရှိသည့် ရပ်ကွက်အတွင်းသို့ အသွားအလာ ထိတွေ့မှုများ ပါဝင်သ လို အသွားအလာ ကန့်သတ်ထားရှိသူများလည်းဖြစ်ပြီး ပိုးတွေ့ရှိသူများကို ဖားအံမြို့၊ အမှတ်(၇)ရပ်ကွက်ရှိ တိုင်းရင်း ဆေးရုံတွင် ဆေးကုသမှု ခံယူနေရသည်ဟု ပြည်နယ်ကျန်းမာရေးဦးစီးဌာန၏ ထုတ်ပြန်ထားသော ရောဂါပိုးတွေ့ရှိသည့် အဖြေဇယားတွင် ဖော်ပြထားသည်။

ရောဂါကူးစက်ခံရသူ သံဃာတော်များထဲတွင် သက်တော် ၁၀နှစ်ကျော် သာမဏေလေးများ အများဆုံးပါဝင်ပြီး ကျန် ကူးစက် သံဃာတော်များနှင့် ကျောင်းတိုက်အတွင်း ကျန်ရှိသည့် သံဃာတော်များ၏ ဆွမ်းခဲဘွယ်အတွက် ပြည်နယ် အစိုးရအဖွဲ့နှင့် ဒါယိကာများက တာဝန်ယူ လှူဒါန်းပေးလျက်ရှိသည်ဟု သိရသည်။

ကရင်ပြည်နယ်တွင် ကူးစက်မှု စတင်တွေ့ရှိသည့်အချိန်မှစတင်၍ အောက်တိုဘာလ ၂၈ရက်နေ့အထိ Covid-19 ဓာတ်ခွဲအတည်ပြုလူနာ စုစုပေါင်း ၃၅၅ဦး ရှိခဲ့ပြီး လတ်တလောတွင် ဆေးရုံ၌ ကုသနေဆဲ လူနာ ၁၅၅ဦးနှင့် သေဆုံးသူ စုစု ပေါင်း ၂ဦးရှိသည်။

(ဓာတ်ပုံ - ပေးပို့ / Crd)
August 20, 2026
တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်တွင် ထိတွေ့တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ စစ်တပ်က...
August 19, 2026
စစ်ကိုင်းတိုင်းနှင့် ကချင်ပြည်အစပ်၊ NUG အမှတ် (၁) စစ်ဒေသ ထိန်းချုပ်ထားသည့်...
August 19, 2026
ရခိုင်ပြည်၊ ပုဏ္ဏားကျွန်းမြို့နယ်တွင် အာရက္ခတပ်တော် (AA) ထံ စစ်မှုထမ်းရန် လာရောက်...
August 19, 2026
ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်တွင် ငဝန်မြစ်ရေကာတာ ကျိုးပေါက်ခဲ့သည်မှာ ၃ ပတ်နီးပါး...