ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေ ပြန်လည်ပြင်ဆင်မည်

ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေ ပြန်လည်ပြင်ဆင်မည်
by -
မဇ္ဈိမ
ကုလသမဂ္ဂလုံခြံုရေးကောင်စီ၏ အသစ်ထုတ်ပြန်ထားသည့် ဆုံးဖြတ်ချက်များနှင့်ကိုက်ညီစေရန် ပြီးခဲ့သည့် သမ္မတဦးသိန်းစိန် အစိုးရလက်ထက် ၂၀၁၄ခုနှစ်အတွင်း ပြဌာန်းခဲ့သည့် ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေကို ပြန်လည်ပြင်ဆင်မည်ဟု ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေက ပြောကြားသည်။

“ပြင်ဆင်ရေးဆွဲထားတဲ့ ဥပဒေကြမ်းကိုလည်း ၂၀၁၇ခုနှစ်အတွင်း လွှတ်တော်ကို တင်ပြနိုင်ဖို့အတွက် လျာထားဆောင်ရွက်လျက် ရှိပါတယ်” ဟု ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေက ပြောသည်။

နေပြည်တော်ရှိ ပြည်ထဲရေးဝန်ကြီးဌာနတွင် မတ်လ ၂၁ရက်က ပြုလုပ်သော ငွေကြေးခဝါချမှုတိုက်ဖျက်ရေး ဗဟိုအဖွဲ့၏ အမှတ်စဉ် (၁/၂၀၁၇) အစည်းအဝေးတွင် ပြည်ထဲရေးဝန်ကြီးက ယင်းသို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေအား ပြန်လည်ပြင်ဆင်ရေးအတွက် ငွေကြေးဆိုင်ရာမှုခင်းတားဆီးနှိမ်နှင်းရေးရဲတပ်ဖွဲ့ကို တာဝန်ပေးအပ်ထားသည်ဟုလည်း ပြည်ထဲရေးဝန်ကြီးက ဆိုသည်။

ငွေကြေးခဝါချမှုတိုက်ဖျက်ရေးလုပ်ငန်းအား ထိရောက်အောင်မြင်စွာ လုပ်ဆောင်ရန်လိုသည်ဟုလည်း အစည်းအဝေးတွင် ၎င်းက တိုက်တွန်းပြောဆိုခဲ့သည်။

April 27, 2026
စစ်အုပ်စုလက်အောက်ခံ စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီက...
April 25, 2026
ညီနောင်မဟာမိတ်အဖွဲ့ဝင်များဖြစ်သည့် MNDAA, TNLA နှင့် AA တို့ ထိန်းချုပ်ထားသည့် မြို့အားလုံးကို...
April 24, 2026
အာဏာသိမ်း စစ်အုပ်စု၏ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ယခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှ...
April 23, 2026
မောင်ခက်နွေ —စစ်အာဏာသိမ်းပြီး ငါးနှစ်နီးပါးအကြာတွင် အရပ်သားသမ္မတအဖြစ် အသွင်ပြောင်းလဲထားသည့် ၂၀၂၆...