ကြားဖြတ်ရွေးကောက်ပွဲကာလ ပညာပေးလုပ်ငန်းများအတွက် UEC တွင်သီးသန့်ဘက်ဂျက် ချမထား

ကြားဖြတ်ရွေးကောက်ပွဲကာလ ပညာပေးလုပ်ငန်းများအတွက် UEC တွင်သီးသန့်ဘက်ဂျက် ချမထား
by -
မဇ္ဈိမ
ရွေးကောက်ပွဲကော်မရှင်အနေဖြင့် ဧပြီလ (၁) ရက်၌ ကျင်းပတော့မည့် ကြားဖြတ်ရွေးကောက်ပွဲအတွက် မဲဆန္ဒရှင်ပညာပေး လုပ်ငန်းများကို ဆောင်ရွက်ရာတွင် သီးသန့်ဘတ်ဂျက်ကျခံခြင်းမရှိဘဲ နိုင်ငံတကာ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်နေကြောင်း ရွေးကောက်ပွဲကော်မရှင်၏ ညွှန်ကြားရေးမှူးချုပ် ဦးတင်ထွန်းက မဇ္ဈိမကို ပြောသည်။

ပညာပေးရာတွင် လိုအပ်သည့် ပိုစတာ၊ နမူနာ မဲတံဆိပ်တုံး၊ မဲလက်မှတ်၊ မဲဗုံးများကို ရွေးကောက်ပွဲကော်မရှင်အနေနှင့် ထုတ်ပေးထားပြီး နိုင်ငံတကာအဖွဲ့အစည်းများ၊ ဒေသခံအရပ်ဘက် လူမှုအဖွဲ့အစည်းများနှင့် ချိတ်ဆက်၍ မဲဆန္ဒရှင် ပညာပေးလုပ်ငန်းများကို ဆောင်ရွက်နေခြင်းဖြစ်သည်။

"ဘတ်ဂျက်ကျခံတာတော့ မရှိဘူး။ တို့က နိုင်ငံတကာ အဖွဲ့အစည်းတွေနဲ့ ပေါင်းလုပ်တာလေ သူတို့ကဒီ funding (ရန်ပုံငွေ) လုပ်ပေးတာပေါ့ တို့အပိုင်းကတော့ တို့ကကျခံတယ်လေ။ သူ့ရဲ့ CSO(အရပ်ဘက်လူ့အဖွဲ့အစည်း)တွေအပိုင်းကိုတော့ Donar နိုင်ငံတွေကပဲ ကျခံတာရှိတယ် ဒါပေမဲ့ တို့က ဒီဘက်ပိုင်းကိုတော့ တို့လုပ်တာပေါ့ စာအုပ်စာတန်းထုတ်တာ စာဆောင်တွေဖြန့်ဝေတာတို့ ပြက္ခဒိန်တွေဝေတာတို့ တို့လုပ်တယ်လေ။ လုံးဝမသုံးတာတော့ မဟုတ်ဘူးပေါ့" ဟု ဦးတင်ထွန်းက ပြောကြားသည်။

မဲဆန္ဒရှင်ပညာပေးလုပ်ငန်းဆောင်ရွက်ရာ၌ မဲဆန္ဒနယ်များတွင် လိုက်လံဆော်သြခြင်း၊ ရွေးကောက်ပွဲဆိုင်ရာ ပိုစတာများ၊ ကာတွန်းရုပ်ပြများ၊ လက်ကမ်းစာဆောင်များ လိုက်ဖြန့်ဝေပေးခြင်းနှင့် မဲပေးပုံ မဲပေးနည်း နမူနာ ပြသပေးခြင်းများကို လူစည်ကားရာနေရာများတွင် လုပ်ဆောင်ခြင်းဖြစ်သည်။

"ဒီ မဲဆန္ဒရှင်ပညာပေးလုပ်တဲ့ အစီစဉ်လေးမှာတော့ IFES ကနေ ကူညီတာလေး (ဘတ်ဂျက်ကျခံတာ)ရှိပါတယ်။ UEC(ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်) အနေနဲ့ကကျတော့ ပူးပေါင်းပါဝင်ပြီးတော့ လုပ်ဆောင်တာလေးတွေပဲ ရှိပါတယ်ရှင့်" ဟု ရှမ်းပြည်နယ်တွင် မဲဆန္ဒရှင်ပညာပေးရေး ဆောင်ရွက်ပေးနေသော ကမ္ဘောဇ လူငယ်စာကြည့်တိုက်နှင့် စာဖတ်အသင်းမှ ဆက်သွယ်ရေးတာဝန်ခံ ဒေါ်မေနှင်းကျော် ကပြောသည်။

ရွေးကောက်ပွဲကော်မရှင်အနေဖြင့် လက်ကမ်းစာစောင်ပေါင်း ၄၄၅,၀၀၀ နှင့် နံရံကပ်စာစောင်ပေါင်း ၆၉,၅၀၀ ကို အသုံးပြု၍ မဲဆန္ဒရှင် ပညာပေးလုပ်ငန်းများကို   မြန်မာတစ်နိုင်ငံလုံးအတိုင်းအတာနှင့်   ဆောင်ရွက်နေသည်။

April 27, 2026
စစ်အုပ်စုလက်အောက်ခံ စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီက...
April 25, 2026
ညီနောင်မဟာမိတ်အဖွဲ့ဝင်များဖြစ်သည့် MNDAA, TNLA နှင့် AA တို့ ထိန်းချုပ်ထားသည့် မြို့အားလုံးကို...
April 24, 2026
အာဏာသိမ်း စစ်အုပ်စု၏ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ယခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှ...
April 23, 2026
မောင်ခက်နွေ —စစ်အာဏာသိမ်းပြီး ငါးနှစ်နီးပါးအကြာတွင် အရပ်သားသမ္မတအဖြစ် အသွင်ပြောင်းလဲထားသည့် ၂၀၂၆...