Published
Monday, March 20, 2017
မွန်ဘာသာ အစီအစဉ် (မတ်လ ၂၀၊ ၂၀၁၇)
‘ဗိုလ်ချုပ်အောင်ဆန်းတံတား’ လို့ သတ်မှတ်လိုက်တဲ့အပေါ် ဂုဏ်ယူရမှာဖြစ်တယ်လို့ မွန်ပြည်နယ်ဝန်ကြီးချုပ်က ပြောလိုက်ပါတယ်။
မော်လမြိုင်- ချောင်းဆုံမြစ်ကူးတံတားကို ဗိုလ်ချုပ်အောင်းဆန်းတံတားအဖြစ် ပြည်ထောင်စုလွှတ်တော်မှာ အတည်ပြုခဲ့တဲ့အတွက် မော်လမြိုင်မြို့မှာ မွန်အမျိုးသားထုကြီးတစ်ရပ်လုံး ဒုတိယအကြိမ် ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။
မြန်မာမြစ်ချောင်းများကွန်ယက်၊ BRN သံလွင်ထိန်းသိမ်းကာကွယ်ရေးကွန် ယက် SSN နဲ့ မြန်မာနိုင်ငံသဘာဝ ပတ်ဝန်းကျင်အလုပ်အဖွဲ့ BEWG တို့ကဦးဆောင်ပြီး တိုးတက်သောမွန်လူငယ်အဖွဲ့ (MYPO) တို့ပူးပေါင်းကာ ကမ္ဘာ့ မြစ်ချောင်းများနေ့ကျင်းပခဲ့ပါတယ်။
လာမယ့်ဧပြီလ ၁ ရက်နေ့မှာ ကျင်းပမယ့် ကြားဖြတ်ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်မယ့် ကိုယ်စားလှယ်တွေအပေါ် ဒေသခံတွေက ဘယ်လောက်အထိမျော်လင့်နေကြသလဲဆိုတာကိုလည်း တင်ဆက်ပေးသွားမှာပါ။






