မြန်မာစာပေဖွံ့ဖြိုးရေး အစိုးရတွင် တာဝန်ရှိဟုဆို

မြန်မာစာပေဖွံ့ဖြိုးရေး အစိုးရတွင် တာဝန်ရှိဟုဆို
by -
မဇ္ဈိမ
မြန်မာစာပေ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အစိုးရအပိုင်းမှာလည်း တာဝန်ရှိသည်ဟု စာရေးဆရာ ချစ်ဦးညိုက ပြောသည်။ မတ် ၁၈ရက်နေ့ နေ့လည်ပိုင်းက ရန်ကုန်မြို့၊ရန်ကုန် ဘွတ်ခ်ပလာဇာတွင် ပြုလုပ်ခဲ့သည့် "ဖန်တီးသူ နှင့် တည်းဖြတ်သူတို့၏ဝတ္ထုတို အမြင်" ခေါင်းစဉ်ဖြင့် မြန်မာစာပေစကားဝိုင်းတွင် ပြောခဲ့ခြင်းဖြစ်သည်။

မြန်မာစာပေဖွံ့ဖြိုးရေးအတွက် စာအုပ်ဖြန့်ချိရေး အပိုင်းတွေမှာ ပြန်ကြားရေးဝန်ကြီးဋ္ဌာနက သက်တောင့်သက်သာဖြစ်အောင် စီစဉ်ပေးနိုင်ဖို့ တာဝန်ယူသင့်သည်ဟု ဆရာချစ်ဦးညိုက ဆိုသည်။

"ထုတ်ဝေသူ၊ဖြန့်ချိသူနဲ့ ရေးသူမှာ တာဝန်ရှိ တယ်။ရေးသူက သေချာရေးဖို့လိုသလို ထုတ် ဝေသူ ဖြန့်ချိသူတွေကလည်း အရေးကြီးတယ်။ နောက်တစ်ခု အရေးကြီးတာက အစိုးရအပိုင်း။အစိုးရက သက်ဆိုင်ရာပြန်ကြားရေးဝန်ကြီး ဋ္ဌာနပေါ့။စာအုပ်တွေပို့ဖို့တို့၊  ပြန်ရွေးဖို့ကိစ္စတို့၊ ကားနဲ့ရထားနဲ့ ပို့နိုင်ဖို့ အဲဒါတွေ သက်တောင့် သက်သာဖြစ်အောင် အစိုးရကပဲ လုပ်ပေးနိုင် မယ်။အဲဒီစျေးတွေကျရင် စာအုပ်စျေးတွေလည်း ကျသွားမယ်။စျေးတွေကျရင် ပိုပြီးပျံ့နှံ့မယ်။ အဲဒီတော့ စာဖတ်သူက ဒီအထဲမှာ ၂၀ ရာခိုင် နှုန်းလောက်ပဲ တာဝန်ရှိတယ်။ ကျန်တဲ့ ၈၀ က ရေးသူရယ်၊ထုတ်ဝေသူရယ်၊ဖြန့်ချိသူရယ်၊ အစိုးရရယ်ပဲ တာဝန်ရှိတယ်။သူတို့က ပိုပြီး တာဝန်ရှိတယ်လို့ ယူဆတယ်"ဟု စာရေးဆရာ ချစ်ဦးညိုက မဇ္ဈိမသို့ ပြောသည်။

ထို့ပြင် ယနေ့ခေတ်တွင် ရသစာပေမှေးမှိန်၍ လူတွေ၏ စိတ်ယဉ်ကျေးမှုနိမ့်ကျလာကြောင်း၊ ကလေးချီထားသည့် အဖိုးကြီးတစ်ယောက်ကို အနောက်က သေနတ်နှင့် ပစ်သတ်သည်အထိ ပြုလုပ်ခြင်းသည် စိတ်ယဉ်ကျေးမှုနိမ့်ကျခြင်း ဖြစ်ကြောင်း စာရေးဆရာမျိုးမြင့်ညိမ်းက ပြောသည်။

"ရသဝတ္ထုတွေမဖတ်တော့ဘူးဆိုရင် လူတွေရဲ့ စိတ်ယဉ်ကျေးမှုတွေ လျော့နည်းလာမယ်။ အင်မတန်ကြမ်းတမ်းနိုင်တယ်လို့ ပြောလို့ ရမယ်။လူလယ်ခေါင်မှာ ကလေးချီထားတဲ့ အဖိုးကြီးတစ်ယောက်ကို အနောက်ကနေ နားထင်ကို သေနတ်နဲ့တေ့ပစ်တယ်ဆိုတာ မြန်မာလူငယ်တစ်ယောက်က ဘာလို့စဉ်းစား ဖူးရမလဲ။ဗုဒ္ဓဘာသာထွန်းကားတဲ့နိုင်ငံမှာ မြန်မာလူမျိုးတစ်ယောက် အဲဒီလိုလုပ်တာ စိတ်ယဉ်ကျေးမှု အင်မတန်နိမ့်လို့။အဲဒီလို မဖြစ်အောင် ရသစာပေတွေ ရသဝတ္ထုတိုတွေ ဖတ်ရမယ်"ဟု စာရေးဆရာမျိုးမြင့်ညိမ်းက ပြောသည်။

ဆွေးနွေးပွဲကို pen Myanmar က မြန်မာဝတ္ထုတိုရာပြည့်အထိမ်းအမှတ်အဖြစ် စီစဉ်ခဲ့ခြင်းဖြစ်ပြီး စာရေးဆရာ ချစ်ဦးညို ၊ မစန္ဒာ၊ ဝင်းဖေ၊မသီတာ(စမ်းချောင်း)နှင့် ဆရာမျိုးမြင့်ညိမ်းတို့က စာပေစိစစ်ရေးကာလ စာပေဖြတ်သန်းမှုအတွေ့အကြုံများနှင့် စာပေ ဖန်တီးမှုအကြောင်းအရာများကို ဆွေးနွေးခဲ့ကြသည်။

April 27, 2026
စစ်အုပ်စုလက်အောက်ခံ စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီက...
April 25, 2026
ညီနောင်မဟာမိတ်အဖွဲ့ဝင်များဖြစ်သည့် MNDAA, TNLA နှင့် AA တို့ ထိန်းချုပ်ထားသည့် မြို့အားလုံးကို...
April 24, 2026
အာဏာသိမ်း စစ်အုပ်စု၏ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ယခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှ...
April 23, 2026
မောင်ခက်နွေ —စစ်အာဏာသိမ်းပြီး ငါးနှစ်နီးပါးအကြာတွင် အရပ်သားသမ္မတအဖြစ် အသွင်ပြောင်းလဲထားသည့် ၂၀၂၆...