မြန်မာသတင်းမီဒီယာကောင်စီမှ စာတမ်းဖတ်ပွဲနှင့် စာအုပ်အရောင်းပွဲကျင်းပ

မြန်မာသတင်းမီဒီယာကောင်စီမှ စာတမ်းဖတ်ပွဲနှင့် စာအုပ်အရောင်းပွဲကျင်းပ
by -
မဇ္ဈိမ
မြန်မာသတင်းမီဒီယာကောင်စီက ဦးဆောင်ကျင်းပသည့် သတင်းမီဒီယာ စာတမ်းဖတ်ပွဲနှင့် စာအုပ်အရောင်းပွဲကို ယနေ့ မတ်လ ၁၈ ရက်တွင် ရန်ကုန်မြို့ မြို့တော်ခန်းမ၌ ကျင်းပခဲ့သည်။

စာတမ်းဖတ်ပွဲတွင် သတင်းမီဒီယာသမိုင်းကြောင်းများနှင့် ထင်ရှားသည့် ဖြစ်ရပ်များ၊ ရန်ကုန်မြို့ မြူနီစပါယ် အကြောင်းများကို ဖတ်ကြားခဲ့ကြသည်။ စာတမ်းဖတ်ပွဲကို ရန်ကုန်မြို့တော်စည်ပင်မှ တာဝန်ရှိသူများ၊ သတင်းစာဆရာများနှင့် စာရေးဆရာများ တက်ရောက်ခဲ့ကြသည်။

သတင်းမီဒီယာ လွတ်လပ်ခွင့်နှင့် ပတ်သတ်ပြီး ၁၉၆၂ ခုနှစ် မဆလခေတ် မတိုင်ခင်ကာလများတွင် မြန်မာနိုင်ငံ၌ သတင်းလွတ်လပ်ခွင့် အခြေအနေကောင်းခဲ့သော်လည်း သတင်းစာတိုက်ကို ဝင်ရောက်ရိုက်နှက်ခြင်း၊ သတင်းသမားများကို ဖမ်းခြင်း၊ ထောင်ချခြင်းများလည်း ရှိခဲ့ကြောင်း သတင်းမီဒီယာကောင်စီ၏ အတွင်းရေးမှူး ဦးသီဟစောက ပြောသည်။

"၆၆(ဃ)တစ်ခုလောက်ပဲ ကြည့်မယ်ဆိုရင် ဦးသိန်းစိန် လက်ထက်လို့ပြောတဲ့ ၂၀၁၅ ဟိုဘက်မှာ စွဲတဲ့အမှု ရ မှုပဲရှိတယ်။ ၂၀၁၅ နောက်ပိုင်းမှာ ၂၀၁၆ ကနေ ၂၀၁၇ လောက်အထိ ဆွဲတာ ၅၃မှု ရှိတယ်။ အဲဒါဆို် အများကြီးပေါ့လို့ ပြောလို့ရတယ်။ ဒါပေမဲ့ အဲ့ဒီအများကြီးက သတင်းသမားတွေကိုပဲ ဆွဲသလား တစ်ခြားသူတွေကိုပဲ ဆွဲသလားပေါ့။ အဲဒီမှာ နိုင်ငံရေးပါတီချင်း အပြန်အလှန် ဆွဲတာရှိတယ်။ အစိုးရက နိုင်ငံရေးပါတီကို ဆွဲတာရှိတယ်။ နောက်လုပ်ငန်းရှင်က တခြားလုပ်ငန်းကို ဆွဲတာရှိတယ်။ ၄ချိုးတစ်ချိုး One Third နဲ့ One Fourth ကြားလောက်ပေါ့။ သတင်းသမားတွေကို တိုက်ရိုက်ထိခိုက်တဲ့ အမှုတွေဖြစ်တယ်။ အဲဒါမျိုးတွေတော့ တွေ့နေရတာရှိတယ်။ သတင်းလွတ်လပ်ခွင့်မရှိဘူးလားဆိုတော့ လွတ်လပ်ခွင့်ရှိလို့ ရေးချင်တာရေးလို့ အမှုဖြစ်တာပေါ့နော်" ဟု သတင်းမီဒီယာကောင်စီ၏ အတွင်းရေးမှူး ဦးသီဟစောက ပြောသည်။

သတင်းမီဒီယာလွတ်လပ်ခွင့်ဟာ အရင်ခေတ်တွေကထက် ပိုလွတ်လပ်လာတယ်လို့ စာတမ်းဖတ်ပွဲတွင် ပါဝင်သော သတင်းစာဆရာ ဟံသာဝတီ ဦအုန်းကြိုင်က ပြောသည်။

“လွတ်လပ်လို့သာ ဒီမှာ စာတမ်းဖတ်လို့ ရတာပေါ့။ မင်းလည်းလွတ်လပ်လို့သာ လာယူလို့ ရတာပေါ့။ ဟိုတုန်းက ရုံးပေါ်မှာ ဒီလိုလာယူလို့ ရမလား၊ ဒါ မလွတ်လပ်ဘူးလား”ဟု သူက ဆက်ပြောသည်။

စာတမ်းဖတ်ပွဲအပြင် စာအုပ်အရောင်းပွဲကိုလည်း မြို့တော်ခန်းမရှေ့တွင် ယနေ့ မတ်လ ၁၈ ရက်မှ မနက်ဖြန် ၁၉ရက်နေ့ အထိ ကျင်းပသွားမည်ဖြစ်သည််။

ဓာတ်ပုံ - မေခနှင့် မလိခမြစ်နှစ်သွယ်ပေါင်းစည်းနေသည့် ဧရာဝတီမြစ်ဖျားဒေသ မြစ်ဆုံကို တွေ့ရစဥ်။
April 3, 2026
အာဏာသိမ်းပြီးနောက် စစ်ကော်မရှင်က ပြန်လည်အကောင်အထည်ဖော်ရန် ဆောင်ရွက်နေသည့် မြစ်ဆုံစီမံကိန်းကို...
NUCC ၏ ကောင်စီဝင်များကို ၂၀၂၆ ခုနစ်၊ ဖေဖော်ဝါရီ ၃ ရက်နေ့က ပြုလုပ်သည့် NUCC ၏ သတင်းစာရှင်းလင်းပွဲ၌ တွေ့ရစဉ်။ (မောင်ခက်နွေ)
April 2, 2026
မောင်ခက်နွေ — နွေဦးတော်လှန်ရေးအတွင်း ပေါ်ပေါက်လာသည့် ဖက်ဒရယ်ဒီမိုကရေစီပဋိဉာဏ်...
April 1, 2026
ယမင်းဖူးပွင့်အောင် - အာဏာသိမ်းစစ်ကော်မရှင်တပ်၏ စစ်ထောက်လှမ်းရေးချုပ် (စရဖချုပ်) အဖြစ်...
March 31, 2026
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ကာကွယ်ရေးဦးစီးချုပ် (တပ်ချုပ်)...