“ခု (၁၇) ရက်နေ့ကနေစထုတ်မယ်ဆို (၃၁) ရက်နေ့ထိထုတ်နိုင်တာပေါ့ မဲပေးမယ့်နေ့က ဧပြီ (၁) ရက်နေ့ဆို တော့ အကယ်၍ အဲဒါထုတ်ပေးလို့မကုန်ရင် မဲပေးမယ့်နေ့ထိ ကျွန်တော်တို့ ထုတ်ပေးနေမယ်” ဟု ချောင်းဆုံမြို့နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲဥက္ကဌ ဦးထွန်းရီ ကပြောသည်။
မဲဆန္ဒရှင်သက်သေခံလက်မှတ်ကို မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးမှ အသီးသီးသော ရပ်ကျေး ကော်မရှင်အဖွဲ့ခွဲရုံးများသို့ ပေးပို့ထားရှိပြီး ထိုသက်သေခံလက်မှတ်ကို မဲဆန္ဒရှင်ကိုယ်တိုင် သော်လည်းကောင်း၊ မိသားစုဝင်တစ်ယောက်ယောက်မှ ၎င်းမိသားစုကိုယ်စား သော်လည်းကောင်း သက်ဆိုင် ရာ ရပ်ကျေးကော်မရှင်အဖွဲ့ခွဲရုံးတွင် သွားရောက်ထုတ်ယူနိုင်သည်ဟု၎င်းက ဆက်ပြောသည်။
မဲဆန္ဒရှင်သက်သေခံလက်မှတ်ထုတ်ပေးရခြင်းမှာ မဲပေးပိုင်ခွင့်ရှိသူအမည်သည် မဲစာရင်းတွင်ပါဝင်ပြီး ရွေး ကောက်ပွဲတွင်ဆန္ဒမဲပေး ပိုင်ခွင့် ရရှိကြောင်း သေချာခိုင်လုံမှုရှိစေရန်၊ မဲပေးသည့်နေတွင်လည်း မိမိမဲဆန္ဒလက် မှတ်ကို ထုတ်ပေးရသူများအတွက် အချိန်ကုန်သက်သာပြီး အမည်စာရင်းရှာဖွေရ လွယ်ကူစေရန် နှင့် ထိုလက်မှတ်တွင် ပါရှိနေသော အချက်အလက်များမှားယွင်းမှုရှိနေပါက သက်ဆိုင်ရာ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲမှ မဲစာရင်းကို အချိန်မှီ ပြန်လည်ပြင်ဆင်ပေးနိုင်ရန်အတွက်ဖြစ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်မှ ထုတ်ပြန်ထားသည်။
ချောင်းဆုံမြို့နယ် ညောင်လန်းကျေးရွာမှ မိခမွန်းဟံသာက “ကျွန်မတို့ မထုတ်ရသေးဘူး၊ ထုတ်လို့ရနေပြီဆိုတဲ့ အကြောင်း ကြေငြာတာမျိုးကိုတော့ ကျွန်မတို့ရွာမှာ မရှိသေးဘူး၊ ထုတ်ရင်တော့ ရွာမှာပဲ ထုတ်ရမယ်” ဟု ပြော သည်။
ထို့အပြင် မဲပေးသည့်နေ့တွင် မဲဆန္ဒရှင်များ မိမိ မဲသက်သေခံလက်မှတ်မရှိပါကလည်း မဲစာရင်းတွင် ပါရှိပါက ဆန္ဒမဲ ပေးနိုင်ကြောင်း လည်း သိရသည်။
(၂၀၁၇) ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲ (၁၉) နေရာ ကျင်းပမည်ဖြစ်ရာ လစ်လတ်နေသော ချောင်းဆုံမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်နေရာအား ပါတီ (၅) ခုမှ ဝင်ရောက်အရွေးခံမှာဖြစ်ပြီး မဲပေးခွင့်ရှိသူ (၁၂၅၉ ၄၃) ဦးရှိကြောင်း ချောင်းဆုံမြို့ နယ်ရွေးကောက်ပွဲ ကော်မရှင်မှ သိရသည်။







