ရဲကင်းမှ လုယူခံရသည့် ဘီအေ- ၆၃ လက်နက်် ၁ လက် ကျည်များနှင့် ပြန်တွေ့

ရဲကင်းမှ လုယူခံရသည့် ဘီအေ- ၆၃ လက်နက်် ၁ လက် ကျည်များနှင့် ပြန်တွေ့
by -
မဇ္ဈိမ
 မောင်တောမြို့နယ် အောင်ဇံရဲကင်းမှ မသင်္ကာသူ ၅ ဦးက လက်နက်လုယူထွက်ပြေးခဲ့ပြီးနောက် ဘီအေ-၆၃ သေနတ် ၁ လက်(ကျည် ၁၅တောင့်ပါ ကျည်အိမ် ၁ ခု)အား ပြန်လည်တွေ့ရှိဟု နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေးကော်မတီမှ ထုတ်ပြန်သည်။

လုယူခံရသည့် လက်နက် ၃ လက်အနက် ဘီအေ-၆၃ သေနတ် ၁ လက်(ကျည် ၁၅တောင့်ပါကျည်အိမ် ၁ ခု) အား ပြန်လည်ရရှိရေး ဆောင်ရွက်ခဲ့ရာ ယနေ့ မတ် ၁၆ ရက်နံနက် ၈ နာရီခွဲတွင် နယ်စပ်မှတ်တိုင် ၄၂ ကင်းစခန်း၏ နယ်စပ်ခြံစည်းရိုး အနောက်မြောက်ဖက် ဘင်္ဂလားဒေ့ရှ်ဘက်ခြမ်းရှိ ဘော်ရစ်တေလီရွာသားနှစ်ဦးက ရွာ၏အရှေ့ဖက်၂ မိုင်ခန့်ဝေးသည့် ဆာရာမတ်ချောင်း အရှေ့ဘက်ကမ်း ချုံပုတ်အတွင်းမှ ရှာဖွေ တွေ့ရှိခဲ့ကြောင်း ကင်းစခန်းသို့လာရောက် အကြောင်းကြားခဲ့သည်။

ယနေ့ နံနက် ၉ နာရီတွင် နယ်ခြားစောင့်ရဲတပ်ဖွဲ့မှ တာဝန်ရှိသူများသည် နယ်စပ်ခြံစည်းရိုး အနီး သွားရောက်၍ အဆိုပါသေနတ်နှင့်ဆက်စပ်ပစ္စည်းများအား ရှာဖွေတွေ့ရှိသူများထံမှ လက်ခံလွှဲပြောင်းရယူ ခဲ့ကြောင်းသိရသည်။

ပြီးခဲ့သည့် မတ်လ ၁၁ ရက်နေ့ ညနေ ၅ နာရီ တွင် အောင်ဇူနယ်မြေ ခေတ္တနယ်မြေမှုးနှင့် အဖွဲ့၊ အောင်ဇံကျေးရွာပြည်သူ့စစ်အဖွဲ့ခေါင်းဆောင်နှင့်အဖွဲ့တို့က သေနတ်လုယူထွက်ပြေးသွားသည့် လမ်းကြောင်းများအတိုင်း လိုက်လံရှင်းလင်းခဲ့ရာ နယ်စပ် မိုင်တိုင် ၄၂ အနီး ဝေလာတောင်ချောင်းဘေး၌ ဘီအေ- ၉၄(ကျည်အိမ်မပါ) ၂ လက်အားပြန်လည်တွေ့ရှိခဲ့သည်။

ဓာတ်ပုံ - မေခနှင့် မလိခမြစ်နှစ်သွယ်ပေါင်းစည်းနေသည့် ဧရာဝတီမြစ်ဖျားဒေသ မြစ်ဆုံကို တွေ့ရစဥ်။
April 3, 2026
အာဏာသိမ်းပြီးနောက် စစ်ကော်မရှင်က ပြန်လည်အကောင်အထည်ဖော်ရန် ဆောင်ရွက်နေသည့် မြစ်ဆုံစီမံကိန်းကို...
NUCC ၏ ကောင်စီဝင်များကို ၂၀၂၆ ခုနစ်၊ ဖေဖော်ဝါရီ ၃ ရက်နေ့က ပြုလုပ်သည့် NUCC ၏ သတင်းစာရှင်းလင်းပွဲ၌ တွေ့ရစဉ်။ (မောင်ခက်နွေ)
April 2, 2026
မောင်ခက်နွေ — နွေဦးတော်လှန်ရေးအတွင်း ပေါ်ပေါက်လာသည့် ဖက်ဒရယ်ဒီမိုကရေစီပဋိဉာဏ်...
April 1, 2026
ယမင်းဖူးပွင့်အောင် - အာဏာသိမ်းစစ်ကော်မရှင်တပ်၏ စစ်ထောက်လှမ်းရေးချုပ် (စရဖချုပ်) အဖြစ်...
March 31, 2026
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ကာကွယ်ရေးဦးစီးချုပ် (တပ်ချုပ်)...