မြန်မာစစ်တပ်သည် မောင်တောတစ်လျှောက် သင်္ဘောများဖြင့် စစ်သည် ၃၀၀၀ ကျော်စေလွှတ်ခဲ့

မြန်မာစစ်တပ်သည် မောင်တောတစ်လျှောက် သင်္ဘောများဖြင့် စစ်သည် ၃၀၀၀ ကျော်စေလွှတ်ခဲ့

ရခိုင်ပြည်နယ်မြောက်ပိုင်း အင်းဒင်ရှိ မောင်တောကမ်းခြေမှ ရေတပ်သင်္ဘော ၄ စီး မြန်မာစစ်တပ် ၃၀၀၀ ကျော်ကို စက်တင်ဘာ ၁၀ ရက်မှ စ၍ သယ်ဆောင်ခဲ့ပြီး မောင်တောမြောက်ပိုင်းနှင့်တောင်ပိုင်းတို့တွင် နေရာချထားခဲ့သည်ဟု ရိုဟင်ဂျာ စက်လှေမောင်းနှင်းသူများကပြောကြားသည်။

စစ်သည် ၂၀၀၀ ခန့်အား ရိုဟင်ဂျာ ငါးဖမ်းစက်လှေ ၂၀ ဖြင့် ပင်လယ်ကမ်းရိုးတန်းတစ်လျှောက် နှင့် နတ်မြစ် အထက်ပိုင်းရှိ မောင်တောမြို့နှင့် မြောက်ဘက်သို့သယ်ဆောင်ခဲ့သည်ဟု ပြောသည်။ မောင်တောအနီးရှိမောင်နီရွာမှ စက်လှေမောင်းသူများသည်စစ်သား ၅၀ ကျော် နှင့် အတူ ကျောပိုးအိတ်များနှင့်ခဲယမ်းများကိုပါ သယ်ဆောင်သည်။ သို့သော် ၎င်းစက်လှေများသည် တနေ့လျှင် ခရီးစဉ်နှစ်ခေါက်သာ ပြုလုပ်နိုင်ကြောင်းပြောဆိုသည်။

မောင်တောမြို့၊ အမှတ် ၁ ဆိပ်ခံတံတားနှင့် မြို့မြောက်ဘက်ရှိကညင်ချောင်းစီးပွားရေးဇုန်တို့တွင် စစ်သားများ ဆင်းခဲ့ပြီး၊ ထိုဒေသတွင် မရပ်တန့်ဘဲ ချက်ချင်းပင် မြောက်ဘက်သို့ လမ်းလျှောက် သွားသည်ဟု စစ်သားများကို စစ်ဝတ်စုံ အပြည့်အစုံနှင့် တွေ့ခဲ့သော ဒေသခံများကပြောသည်။

မောင်တောမြို့တောင်ဘက် ၁၀ မိုင်အကွာရှိအလက်သံကျော်ကျေးရွာရှိ နယ်ခြားစောင့်ရဲစခန်းသို့ စစ်သား ၈၀၀ ခန့် နှင့် အတူ စုစုပေါင်း စစ်သား ၁၀၀၀ ခန့် စေလွှတ်ပြီး မောင်တောတောင်ပိုင်းတွင် ရှိနေဆဲဟု စက်လှေမောင်းသမားများကပြောသည်။

စစ်သားများသယ်ယူပို့ဆောင်ရေးအတွက် စက်လှေ မောင်းသမားများကို တစ်နေ့လျှင်ကျပ် ၄၀,၀၀၀ (အမေရိကန်ဒေါ်လာ ၃၀ ခန့်) ပေးဆောင်ခဲ့သော်လည်း သူတို့၏ခရီးစဉ်အတွက် ဒီဇယ်ဆီကုန်ကျမှု ကို ထွက်ချပါက သူတို့အတွက် စားစရာ မရှိပါ။ “ ဒီဇယ်ဆီတစ်ဂါလံကို ၄၀၀၀ ကျပ်ပေးရပြီး၊ တစ်ရက်ခရီးအတွက် ၁၀ ဂါလံဖြင့် မရကြောင်း၊ ဒီလုပ်ခနဲ့အစားအစာ အတွက်လည်း မရှိဘူး” ဟု စက်လှေမောင်းသူကပြောသည်။

စက်တင်ဘာ ၁၂ ရက်တွင် အင်းဒင်ကမ်းခြေမှ ကမ်းကပ်ထားသောရေတပ်စစ် သင်္ဘောတစ်စီးပေါ်သို့ ရဟတ်ယာဉ်တစ်စင်းဆင်းလာသည်ကို လှေမောင်းသူများမြင်ခဲ့ကြောင်းပြောဆိုသည်။

ယခုအချိန်အတွင်း၊ ရသေ့တောင်မြို့နယ် နှင့် မေယုတောင်တန်းတွင် မြန်မာ့တပ်မတော်နှင့်ရက္ခိုင့် တပ်မတော်အကြားတိုက်ပွဲများပြင်းထန်လာသည်။

April 11, 2026
အိန္ဒိယအာဏာပိုင်များက မြန်မာနိုင်ငံသို့ အတင်းအကြပ်ပြန်ပို့ခံရပြီး နောက်ပိုင်းတွင်...
April 10, 2026
ကော့စ်ဘဇားရှိ ရိုဟင်ဂျာဒုက္ခသည်စခန်းများတွင် ကြက်ငှက်တုပ်ကွေး (ရေကျောက်) ရောဂါ (Chickenpox)...
မောင်တောမြို့နယ်တွင် ရိုဟင်ဂျာ အိမ် ၆ လုံး မီးလောင်ပျက်စီး
April 9, 2026
မတ်လ ၁၈ ရက်နေ့ မွန်းတည့် ၁၂ နာရီခန့်တွင် မောင်တောမြို့နယ် မောင်နီရပ်ကွက်တွင် မီးလောင်မှုတစ်ခု...
April 8, 2026
အင်ဒိုနီးရှားနိုင်ငံရှိ လူမှုအဖွဲ့အစည်းများသည် မြန်မာသမ္မတ မင်းအောင်လှိုင် (Min Aung Hlaing) ကို...