ဗိုလ်ချုပ်အောင်ဆန်းတံတား အမည်ပေးခြင်းအပေါ် မော်လမြိုင်၌ လူသောင်းချီကန့်ကွက်ဆန္ဒပြရန် စီစဉ်

ဗိုလ်ချုပ်အောင်ဆန်းတံတား အမည်ပေးခြင်းအပေါ် မော်လမြိုင်၌ လူသောင်းချီကန့်ကွက်ဆန္ဒပြရန် စီစဉ်
by -
မဇ္ဈိမ
ယခင် သံလွင်တံတား(ချောင်းဆုံ) ဟု အမည်ပေးထားခြင်းကို မတ်လ ၁၄ ရက်နေ့က ပြည်သူ့လွှတ်တော်၌ ဗိုလ်ချုပ်အောင်ဆန်းတံတားဟု ပြောင်းလဲအမည်ပေးရန် တိုက်တွန်းကြောင်း အဆိုအောင်မြင်ခဲ့ခြင်းကြောင်း အဆိုပါကိစ္စကို မော်လမြိုင်တွင် လူဦးရေ တစ်သောင်းနည်းပါးခန့် ကန့်ကွက်ဆန္ဒထုတ်ဖော်ဖို့ ပြင်ဆင်နေကြသည်။

"လွှတ်တော်ကနေပြီးတော့ ဗိုလ်ချုပ်အောင်ဆန်းတံတားလို့ ဆုံးဖြတ်တာ မတရားဘူးလို့ မြင်တယ်။ အဲ့ဒါကြောင့် ဆန္ဒဖော်ထုတ်ဖို့ စီစဉ်တာ၊ တော်တော်တဖက်သတ်ဆန်တယ်၊ လွှတ်တော်က တိုင်းရင်းသားတွေအပေါ် ဖိနှိပ်သလိုဖြစ်နေတယ်၊ တရားမျှတမှုမရှိဘူး" ဟု သံလွင်တံတား(ချောင်းဆုံ) အမည်ပြောင်းလဲခြင်းဆိုင်ရာ အမျိုးသားအသွင် ဆန္ဒဖော်ထုတ်ရေးကော်မတီ ပြောရေးဆိုခွင့်ရှိသူ ဆရာတော် ဦးဝရဝံသ က မဇ္စျိမသို့ မိန့်သည်။

ဆန္ဒဖော်ထုတ်ပွဲတွင် လူဦးရေ တစ်သောင်းနည်းပါးခန့် ပါ၀င်မည်ဟု ခန့်မှန်းထားပြီး အဖွဲ့အစည်းအစုံအလင်ဖြင့် လာမည့် မတ်လ ၁၉ ရက်နေ့ တနင်္ဂနွေနေ့တွင် ပြုလုပ်သွားမည်ဟု သိရသည်။

အဆိုပါတံတားအမည်ပေးရေးကိစ္စသည် ဖေဖော်ဝါရီလအတွင်းမှာ ကတည်းက ဝေဖန်သံများ ထွက်ပေါ်လာနေခြင်းဖြစ်ကာ မွန်ပြည်နယ်ဝန်ကြီးချုပ်ဟောင်း ဦးမင်းမင်းဦးက သူ့၏ နှုတ်ထွက်မှုတွင် တံတားအမည်ပေးရေးကိစ္စလည်း အပါအဝင် ဖြစ်နေသည်ဟု ပြောဆိုထားသည်။

တိုင်းရင်းသားရေးရာလူမျိုးများ ပြည်ထောင်စုဝန်ကြီး နိုင်သက်လွင်၏ သမီးဖြစ်သူ ပေါင်မြို့နယ်မှ ပြည်သူ့လွှတ်တော် အမတ် မိကွန်ချမ်းက ပေ ၅၀၀၀ကျော် ရှည်လျားသည့် အဆိုပါတံတားအား ဗိုလ်ချုပ်အောင်ဆန်းတံတားဟု အမည် သတ်မှတ်ပေးရန် ဖေဖော်ဝါရီ လကုန်ပိုင်းတွင် လွှတ်တော်သို့ အဆိုတင်သွင်း ခဲ့ခြင်းဖြစ်ပြီး ယမန်နေ့က လွှတ်တော်၌ ဆွေးနွေးခဲ့ပြီး ထောက်ခံ ၂၁၇မဲ၊ ကန့်ကွက် ၄၃မဲနှင့် ကြားနေ ၁၁၆မဲ ဖြင့် အတည်ပြုခဲ့ခြင်းဖြစ်သည်။

April 27, 2026
စစ်အုပ်စုလက်အောက်ခံ စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီက...
April 25, 2026
ညီနောင်မဟာမိတ်အဖွဲ့ဝင်များဖြစ်သည့် MNDAA, TNLA နှင့် AA တို့ ထိန်းချုပ်ထားသည့် မြို့အားလုံးကို...
April 24, 2026
အာဏာသိမ်း စစ်အုပ်စု၏ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ယခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှ...
April 23, 2026
မောင်ခက်နွေ —စစ်အာဏာသိမ်းပြီး ငါးနှစ်နီးပါးအကြာတွင် အရပ်သားသမ္မတအဖြစ် အသွင်ပြောင်းလဲထားသည့် ၂၀၂၆...