ဖားပြတောင်ပေါ်မှ ခုန်ချသူ အမျိုးသမီးတစ်ဦးကို အသက်ရှင်လျှက်ပြန်တွေ့

ဖားပြတောင်ပေါ်မှ ခုန်ချသူ အမျိုးသမီးတစ်ဦးကို အသက်ရှင်လျှက်ပြန်တွေ့

စောမြတ်ဦးသာ — ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် ဝင်းရော်ဒေသ သမိုင်းဝင်ဖားပြဘုရားတောင်ပေါ် ရင်ပြင်တော်ပေါ်မှ  တောင်အောက်သို့ ခုန်ချခဲ့သည့် အမျိုးသမီးတစ်ဦးကို ကယ်ဆယ်ရေးအဖွဲ့ဝင်များက အသက်ရှင်လျှက် ပြန်လည် ရှာဖွေတွေ့ရှိခဲ့သည်ဟု ကျေးရွာတာဝန်ရှိသူများထံမှ သိရသည်။

ဖားပြကျေးရွာနေ အသက် ၁၈နှစ်ဝန်းကျင်ရှိ အမျိုးသမီးတစ်ဦး သြဂုတ်လ ၁၈ရက်နေ့ ညနေ ၃နာရီအချိန်တွင် မိသားစုနှင့် အဆက်သွယ်မရတော့သဖြင့် ကယ်ဆယ်ရေးအဖွဲ့ကို အကူအညီတောင်းခံခဲ့ပြီး ၎င်းကယ်ဆယ်ရေးအဖွဲ့ က ဖားပြတောင်ပေါ်သို့ တက်ရောက်ရှာဖွေခဲ့ကြရာ ည ၁၁နာရီအချိန်တွင် အသက်ရှင်လျှက် ပြန်တွေ့ရှိခဲ့သည်ဟု ဖားပြကျေးရွာအုပ်ချုပ်ရေးမှူး စောမြရှိန်က သြဂုတ်လ ၁၉ရက်တွင် ကေအိုင်စီသို့ အတည်ပြုပြောဆိုသည်။

“မနေ့ညနေ ၃နာရီဝန်းကျင်မှာ ပျောက်သွားတယ်။ တောင်ပေါ်မှာတစ်ယောက်ထဲ တက်သွားတယ်ပြောကြတယ်။ မသင်္ကာလို့ သွားတက်ရှာကြည့်တော့ တောင်ပေါ်စောင်းတန်းတစ်ခုမှာ သူ့ဖုန်းကိုတွေ့တယ်။ ဘုရားရင်ပြင်နားကနေ ခုန်ချပြီး အနက် ပေ ၃ဝဝလောက်ကျသွားတယ်။ တရုတ်စကားပင်နဲ့ ညှိပြီး အရှိန်လျော့ကျသွားတဲ့သဘောပေါ့နော်။ အသက်ရှင်လျက် ပြန်တွေ့တယ်။ အခုမော်လမြိုင်ဆေးရုံးမှာ ပို့ထားတယ်”ဟု ကျေးရွာအုပ်ချုပ်ရေးမှူး စောမြရှိန်က  ပြောသည်။

တံခွန်တိုင်လူမှုကယ်ဆယ်ရေးအဖွဲ့ ဦးဆောင်သူက စောကျော်လင်းခိုင်က “ညနေ ၆နာရီကနေ ည ၁၁နာရီမှ သူ့ကို ရှာတွေ့ခဲ့တယ်။ ပေအနက် ၂ဝဝကျော်ရှိတဲ့ ကျောက်ဆောင်ချွန်တွေကြားမှာကျတော့ ဒူးခေါင်းဒဏ်ရာ၊ ကျောကုန်း ပွန်းပဲ့ဒဏ်ရာနဲ့ ခေါင်းနောက်စေ့ထိတယ်။ တွေ့တဲ့အချိန်မှာ သတိမလစ်သွားသေးဘူး”ဟု ကေအိုင်စီသို့ ပြောသည်။

ကရင်ပြည်နယ်အနေဖြင့် ဇွန်လမှစ၍ သုံးလအတွင်း တောင်ထိပ်ပေါ် ခုန်ချသူ ၃ဦးရှိပြီး အများစုမှာ လူငယ်များသာ ဖြစ်သည်။

May 23, 2026
နန်းသမော့ဟိ — “အရင်ကတော့ မြစ်ထဲဆင်းပြီး ခရုကောက် ငါးရှာလိုက်ရင် မိသားစုတစ်ရက်စာ ဟင်းဖိုးက...
Photo : KIC (ပုံဟောင်း)
May 23, 2026
ဘာသာစကားရှိသော်လည်း စာပေမရှိသေးသည့် ကရင်ဖြူ(ကညောဝါး)မျိုးနွယ်စုများအတွက်...
Photo crd : CJ
May 22, 2026
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သို-တောင်ငူလမ်းတွင် ပြီးခဲ့သည့် မေလ(၁၉)ရက်၊ ညအချိန်က...
CJ (ပုံဟောင်း)
May 21, 2026
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၅)နယ်မြေ၊ မူတြော်ခရိုင်ရှိ...