မြို့ပြမြေယာဖော်ဆောင်ရေး စီမံကိန်းနှင့် လှေလုပ်သားများအရေး ပြည်နယ်လွှတ်တော်က ဝင်ရောက်ညှိနိုင်း

မြို့ပြမြေယာဖော်ဆောင်ရေး စီမံကိန်းနှင့် လှေလုပ်သားများအရေး ပြည်နယ်လွှတ်တော်က ဝင်ရောက်ညှိနိုင်း
by -
မဇ္ဈိမ
စစ်တွေမြို့ ကမ်းနားလမ်းတွင် မြို့ပြမြေယာဖော်ဆောင်ရေး စီမံကိန်းတစ်ခုကို ကိုးရီးယားကုမ္ပဏီ BXT မှ တာဝန်ယူ ပြုလုပ်လျှက်ရှိရာ ကုလားတန်မြစ်အတွင်း မှီခိုရပ်တည်နေကြသည့် ငှက်သမ္ဗန်များမှာ စီမံကိန်းဖော်ဆောင်နေသည့် ကမ်းခြေတလျှောက်တွင် ရပ်နားခွင့်မရရှိသည့်အတွက် အခက်အခဲများရှိနေသဖြင့် ကုမ္ပဏီနှင့် လှေသမားများအကြား ရခိုင်ပြည်နယ်လွှတ်တော်မှ လာရောက်ညှိနှိုင်းပေးခဲ့ရကြောင်းသိရသည်။

ကုလားတန်မြစ်ကမ်း တလျှောက်တွင် သင်္ဘော၊ မော်တော်စသည့် အလတ်စား၊ အသးစားရေယာဉ်များမှ ခရီးသည်နှင့် ကုန်စည်များအား ကူးတို့နှင့် ကုန်တင်ကုန်ချလုပ်ငန်းများကို ဒေသခံအများစုတို့က လုပ်ကိုင်လျှက်ရှိရာ ယင်းသို့လုပ်ကိုင်နေကြသည့် စက်လှေနှင့် သမ္ဗန်ငယ်များအား မြေယာဖော်ဆောင်ရေးစီမံကိန်းမှ ကမ်းကပ်ခွင့်မပေးသည့်အတွက် လွှတ်တော်သို့တိုင်ကြားခဲ့ရာ လွှတ်တော်ဥက္ကဋ္ဌနှင့် လွှတ်တော်ရေးရာ အကြံပေးကော်မတီတို့ မတ်လ ၁၀ ရက်နေ့က လာရောက် ညှိနှိုင်းပေးခဲ့ရကြောင်း သိရသည်။

“လောလောဆယ် အခက်ခဲဖြစ်နေမှာဘဲ ကုမ္ပဏီက မြေမဖို့ထားတဲ့ အလယ်ပိုင်းနေရာကို ဝင်ရောက်ခွင့်ပြုတယ်။ အဲဒီနေရာကို မြေဖို့ဖို့လိုတဲ့အခါ နောက်ထပ်နေရာတစ်ခုကို ပြောင်းရွှေ့ပြီး ဆိုက်ကပ်ပေါ့။” ဟု ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ ဦးစံကျော်လှက ဆိုသည်။

ယင်းကုမ္ပဏီမှ မြေယာတိုးချဲ့ ဖော်ဆောင်လျှက်ရှိသည့်နေရာမှာ စစ်တွေမြို့နှင့် အခြားဒေသများသို့ သွားလာလျှက်ရှိကြသည့် ခရီးသည်တင်မော်တော်များနှင့် ကူးတို့စက်လှေများ ရပ်နားသောနေရာဖြစ်ပြီး ယင်းနေရာများတွင် လှေများရပ်နားခွင့်အပြင် ခရီးသည်များဖြတ်သန်း သွားလာခွင့်ပါ တားမြစ်လိုက်သည့်အတွက် ပြည်နယ်လွှတ်တော်ရုံးသို့ တိုက်ရိုက်အကူညီတောင်းရခြင်းဖြစ်ကြောင်း လှေသမားများက ဆိုသည်။

“ဒီဆိပ်ကမ်းတွေကို ကျွန်တော်တို့ အမှီပြုပြီး လုပ်ကိုင်စားသောက်နေရတာပါ။ ဒီဆိပ်ကမ်းမြေဖို့ပြီးလို့ ရပ်နားမယ့်နေရာ မပေးရင် ကျွန်တော်တို့အတွက် အခက်ခဲတွေလည်း ဖြစ်လာနိုင်ပါတယ်” ဟု လှေသမားတစ်ဦးဖြစ်သူ ဦးမောင်နီက ပြောသည်။

ကိုရီးယားနိုင်ငံအခြေစိုက် B.X.T International Co.Ltd သည် စစ်တွေမြို့ ကုလားတန်မြစ်ကြောင်းတစ်လျှောက်တွင် ပြုလုပ်လျှက်ရှိသည့် မြို့ပြမြေယာဖော်ထုတ်ရေး စီမံကိန်းမှာ ယခင်အစိုးရလက်ထက်က ချမှတ်ခဲ့သည့် စီမံကိန်းဖြစ်ပြီး ၂၀၁၆ ခုနှစ် မတ်လ ၁၆ ရက်နေ့က စတင်ဆောင်ရွက်နေခြင်းဖြစ်ကြောင်း သိရသည်။

စီမံကိန်းဆောင်ရွက်လျှက်ရှိသည့် ဆိပ်ကမ်းနေရာတလျှောက်တွင် ကုန်တင်ကုန်ချနှင့် လှေသမားစုစုပေါင်း ၆၀၀ နီးပါးရှိပြီး၊ မြို့ပြတိုးချဲ့ဧရိယာ ဆောင်ရွက်နေသည့်ကာလအတွင်း ကမ်းကပ်ခွင့်၊ ရပ်နားခွင့်မရရှိပါက မိသားစုများ၏ စားဝတ်နေရေး ပြဿနာများနှင့် ရင်ဆိုင်လာရနိုင်ကြောင်း လှေသမားဦးမောင်နီကပြောသည်။

ဓာတ်ပုံ - မေခနှင့် မလိခမြစ်နှစ်သွယ်ပေါင်းစည်းနေသည့် ဧရာဝတီမြစ်ဖျားဒေသ မြစ်ဆုံကို တွေ့ရစဥ်။
April 3, 2026
အာဏာသိမ်းပြီးနောက် စစ်ကော်မရှင်က ပြန်လည်အကောင်အထည်ဖော်ရန် ဆောင်ရွက်နေသည့် မြစ်ဆုံစီမံကိန်းကို...
NUCC ၏ ကောင်စီဝင်များကို ၂၀၂၆ ခုနစ်၊ ဖေဖော်ဝါရီ ၃ ရက်နေ့က ပြုလုပ်သည့် NUCC ၏ သတင်းစာရှင်းလင်းပွဲ၌ တွေ့ရစဉ်။ (မောင်ခက်နွေ)
April 2, 2026
မောင်ခက်နွေ — နွေဦးတော်လှန်ရေးအတွင်း ပေါ်ပေါက်လာသည့် ဖက်ဒရယ်ဒီမိုကရေစီပဋိဉာဏ်...
April 1, 2026
ယမင်းဖူးပွင့်အောင် - အာဏာသိမ်းစစ်ကော်မရှင်တပ်၏ စစ်ထောက်လှမ်းရေးချုပ် (စရဖချုပ်) အဖြစ်...
March 31, 2026
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ကာကွယ်ရေးဦးစီးချုပ် (တပ်ချုပ်)...