SNLD အမျိုးသမီး လွှတ်တော် ကိုယ်စားလှယ်လောင်း ၂၉ ရာခိုင်နှုန်း ဝင်ပြိုင်မည်

SNLD အမျိုးသမီး လွှတ်တော် ကိုယ်စားလှယ်လောင်း ၂၉ ရာခိုင်နှုန်း ဝင်ပြိုင်မည်

နန်းဆိုင်ဖူး — လာမည့် ၂၀၂၀ ရွေးကောက်ပွဲတွင် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) အနေဖြင့် အမျိုးသမီး လွှတ်တော်ကိုယ်စားလှယ်လောင်း ၂၉ ရာခိုင်နှုန်း ပါဝင်ကြောင်း စုံစမ်းသိရှိရသည်။

၂၀၂၀ နိုဝင်ဘာ ၈ ရက်နေ့ မှာ ကျင်းပမည့် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက် SNLD (ကျာခေါင်း) အနေဖြင့် လွှတ်တော်အမတ်အလောင်း (၁၃၂) ဦး ပါဝင် ယှဉ်ပြိုင်သွားမည်ဖြစ်ပြီး ထိုထဲတွင် အမျိုးသမီး လွှတ်တော် ကိုယ်စားလှယ်ေလောင်း ( ၃၈) ဦး ပါဝင်ကြောင်း SNLD ပါတီ၏ အထွေထွေအတွင်းရေးမှူး စိုင်းလိတ် က သျှမ်းသံတော်ဆင့် ကိုပြောသည်။

“လွှတ်တော်ကိုယ်စားလှယ်လောင်း ၁၃၂ ဦးကို ရွေးကောက်ပွဲ ကော်မရှင်ထံ တင်ထားပြီးပြီ။ အဲ့ထဲမှာ အမျိုးသမီး ၃၈ ဦးပါတယ်။ အသက် ၃၅ နှစ်အောက် လူငယ် ၃၂ ဦး ပါဝင်ပါတယ်။ စိစစ်ရွေးချယ်တဲ့အဆင့်တော့ စောင့်ကြည့်ရအုံးမယ် ” ဟု စိုင်းလိတ် ကပြောသည်။

(SNLD) ပါတီသည် (၄၅ ) မြို့နယ် ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ပြီး တိုင်းရင်းသား မဲဆန္ဒနယ် (၃) ဦး ၊ အမျိုးသား လွှတ်တော် နေရာ (၁၂ ) ဦး ၊ ပြည့်သူ့လွှတ်တော် နေရာ ( ၃၈) ဦး နှင့် ပြည်နယ် လွှတ်တော် နေရာ (၇၉ ) ဦး စုစုပေါင်း (၁၃၂) ဦး ဝင်ရောက်ယှဉ်ပြိုင်သွားမည် ဖြစ်သည်။

ထို့ပြင် ၂၀၂၀ ရွေးကောက်ပွဲတွင် ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ ( SNDP) ကျားဖြူ ပါတီ မှ မြို့နယ် ၃၀ ဝင်ရောက် ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း ပါတီဥက္ကဋ္ဌ ဦးစိုင်းအိုက်ပေါင်း က ပြောသည်။

အလားတူ ကျားဖြူ ပါတီသည်လည်း အမျိုးသမီး နှင့် လူငယ် လွှတ်တော်ကိုယ်စားလှယ်လောင်းကို ဦးစားပေး ရွေးချယ်သွားမည်ဖြစ်ပြီးကြောင်းလည်းသိရသည်။

၂၀၁၅ ရွေးကောက်ပွဲတွင် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) အနေဖြင့် ၁၆၃ ဦး ဝင်ရောက်ယှဉ်ပြိုင်ရာမှာ လွှတ်တော်တွင်း ၄၀ နေရာ အနိုင်ရရှိခဲ့သည်။

အလားတူ ၂၀၁၅ ရွေးကောက်ပွဲတွင် ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ ( SNDP) အဖြင့် လွှတ်တော်တွင်း ၁ နေရာ အနိုင်ရခဲ့သည်။

May 19, 2026
စိုင်းဆိုင်အိုက် - သျှမ်းပြည် မြောက်ပိုင်း မူဆယ်မြို့တွင် အွန်လိုင်းလိမ်လည်မှု ( ကျားဖြန့်)...
May 18, 2026
သျှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့နယ် ဆောင်းပြောင်းကျေးရွာ အနီးတွင် လက်နက်ကြီး ပစ်ခတ်သံများ...
May 16, 2026
စိုင်းဆိုင်အိုက် — သျှမ်းပြည် မိုးဗြဲ-ဖယ်ခုံ လမ်းပိုင်းတကြောကို စစ်ကော်မရှင်တပ်...
May 15, 2026
သျှမ်းပြည်အရှေ့ပိုင်း မက်မန်းမြို့နယ်အတွင်းရှိ သံလွင်မြစ်အနီးတွင် အွန်လိုင်းလိမ်လည်လောင်းကစားမှု...