မွန်ပြည်နယ်တွင် ကျောင်းသူ/သား ၁၅၀၀ ကျော် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုရန် ပျက်ကွက်

မွန်ပြည်နယ်တွင် ကျောင်းသူ/သား ၁၅၀၀ ကျော် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုရန် ပျက်ကွက်
by -
မွန်သတင်းအေဂျင်စီ
မွန်ပြည်နယ်တွင် ၂၀၁၆-၂၀၁၇ ပညာသင်နှစ်တွင် ကျောင်းသူ/သား ၁၅၀၀ ကျော် တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေဆိုရန် ပျက်ကွက်သည်ဟု မွန်ပြည်နယ် ပညာရေးမှူးရုံးထံမှ သိရသည်။

မွန်ပြည်နယ်တစ်ခုလုံးတွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုရန် စာရင်းသွင်းထားသည့် ကျောင်းသူ/ကျောင်းသား ၂၄၁၈၁၀ရှိပြီး မြန်မာစာဖြေဆိုသည့်နေ့တွင် ဖြေဆိုရန် ပျက်ကွက်သူ ၁၅၆၂ ဦး၊ အင်္ဂလိပ်စာဖြေဆိုသည့်နေ့တွင် ဖြေဆိုသူ ၁၅၇၄ ပျက်ကွက်မှုရှိသည်ဟု ပြည်နယ်ပညာရေးမှူးရုံးမှ ဒုညွှန်ကြားရေးမှူး ဒေါ်အေးမြင့်သန်းက ပြောသည်။

“စာရင်းရှိတာက ၂၄၁၈၁၀ ဦး ပထမနေ့မှာ ၁၅၆၂ ဦးပျက်တယ်၊ ဒီနေ့ (အင်္ဂလိပ်စာဖြေဆိုတဲ့နေ့) မှာ ပျက်ကွက်သူ ၁၂ ဦး ထပ်တိုးလာပါတယ်၊ အကြမ်းဖျင်းကတော့ ပျက်ကွက်သူတွေက ပြင်ပက များတယ်” ဟု ဟု ဒေါ်အေးမြင့်သန်းက ပြောသည်။

မွန်ပြည်နယ်တွင် အထကကျောင်း ၉၂ ကျောင်း၊ အထက (ခွဲ) ၆၆ ကျောင်းနှင့် ကိုယ်ပိုင်ကျောင်း ၉ ကျောင်း စုစုပေါင်း တက္ကသိုလ်ဝင်တန်းဖြေဆိုသည့်ကျောင်း ၁၆၇ ကျောင်းရှိကာ စာစစ်ဌာန ၅၀ ရှိသည်ဟု ၄င်းက ပြောသည်။

ယခုနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲ ဖြေဆိုရန်ပျက်ကွက်မှုအများဆုံး မော်လမြိုင်မြို့နယ်တွင် ပျက်ကွက်သူ ၃၃၆ ဦး၊ ဒုတိယအများဆုံး ကျိုက်ထိုတွင် ပျက်ကွက်သူ ၂၂၄ ဦး၊ တတိယအများဆုံးသည် သထုံဖြစ်ပြီး ပျက်ကွက်သူ ၁၉၇ ဦးရှိသည်။

၂၀၁၆၂၀၁၇ ပညာသင် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို မတ်လ ၈ ရက်နေ့က စတင်ဖြေဆိုနေပြီး စာမေးပွဲစစ်ဆေးမှုသည် မတ်လ ၁၇ ရက်နေ့ထိ ရှိနေမည်ဖြစ်သည်။

၂၀၁၅၂၀၁၆ ပညာသင်နှစ်က မွန်ပြည်နယ်တွင် တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေရန် စာရင်းရှိ ၂၀၇၂၉ ရှိခဲ့ပြီး ဖြေဆိုသူ၁၉၆၈၁ ရှိခဲ့ကာ ဖြေဆိုရန် ပျက်ကွက်သူ ၁၀၄၈ ရှိခဲ့သည်ဟု ပြည်နယ်ပညာရေးမှူးရုံးရှိ စာရင်းအရ သိရသည်။

မြန်မာနိုင်ငံ စာစစ်ဦးစီးဌာနထုတ်ပြန်ချက်အရ ၂၀၁၇ ခုနှစ် မတ်လ ၈ ရက်နေ့ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုရာတွင် ချင်းပြည်နယ်ပျက်ကွက်မှုရာခိုင်နှုန်းအများဆုံးဖြစ်ပြီး မြန်မာဘာသာဖြေဆိုမှု ၁၆၄၅ ယောက် ပျက်ကွက်ကြောင်း၊လူဦးရေအများဆုံး ရန်ကုန်တိုင်း၌ ဖြေဆိုစာရင်းရှိသူ ၁၁၄၂၃၇ ယောက်အနက် ၉၉၈၁ ယောက် ပျက်ကွက်ခဲ့့ကြောင်း သိရသည်။

မော်လမြိုင် မြို့ပေါ်ရှိ ဘိုးဘွားရိပ်သာများဟု တုပထားသည့် အကောင့်အတုများ
January 23, 2026
လူမှုကွန်ရက်စာမျက်နှာ(Facebook) မှတစ်ဆင့် မိဘမဲ့ဂေဟာ၊ ဘိုဘွားရိပ်သာ၊ လူမှုကူညီရေးအသင်းများနှင့်...
January 22, 2026
ကရင်နီပြည်နယ်၊ မယ်စဲ့မြို့နယ်ရှိ အကျဉ်းထောင်မှ ထွက်ပြေးသွားသော စစ်ကော်မရှင်တပ်သား...
January 21, 2026
စစ်ကော်မရှင်၏ ရွေးကောက်ပွဲ နောက်ဆုံးအပိုင်းတွင် ပါဝင်နေသည့် ကော့ကရိတ်မြို့နယ်တွင်...
January 20, 2026
မြန်မာနိုင်ငံအနှံ့ စစ်ကောင်စီတပ်နှင့် တော်လှန်ရေးအင်အားစုများကြား ဖြစ်ပွားနေသည့်...