အမှုဖွင့်ခံထားရခြင်းအပေါ် တောင်းပန်ရန် အစီအစဉ်မရှိဟု မြန်မာနောင်းသတင်းထောက်ချုပ် ကိုဆွေဝင်းပြော

အမှုဖွင့်ခံထားရခြင်းအပေါ် တောင်းပန်ရန် အစီအစဉ်မရှိဟု မြန်မာနောင်းသတင်းထောက်ချုပ် ကိုဆွေဝင်းပြော
by -
မဇ္ဈိမ
ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ) ဖြင့် အမှုဖွင့်ခံထားရသည့် မြန်မာနောင်းသတင်းထောက်ချုပ် ကိုဆွေဝင်းအနေဖြင့် မစိုးရိမ်တိုက်သစ်မှ ဦးဝီရသူကို တောင်းပန်သွားရန် အစီအစဉ် မရှိဟု ပြောဆိုလိုက်သည်။

"သတင်းသမားတစ်ယောက်အနေနဲ့ ကိုယ်ရေးတဲ့သတင်းမှားယွင်းရင် တာဝန်ယူမယ်။ လက်လွတ်စပယ်လာပြီးတော့ တောင်းပန်ရမယ်ဆိုရင် ကျွန်တော်တောင်းပန်နေစရာ အကြောင်းမရှိဘူး။ ဒုစရိုက်သမားကို ကျွန်တော် တောင်းပန်စရာမရှိဘူး။ လူသတ်ဝါဒကို အားပေးနေတဲ့ ဘယ်ပုဂ္ဂိုလ်မှ တောင်းပန်စရာမရှိဘူး" ဟု ကိုဆွေဝင်းက ယနေ့ နေ့လည်က မြန်မာနောင်းရုံးခန်းတွင်ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင်ပြောဆိုလိုက်ခြင်းဖြစ်သည်။

ကိုဆွေဝင်းအနေဖြင့် "ရွေးကောက်ပွဲပြီးတည်းက အသံတိတ်သွားတဲ့ (မဘသ) ပြန်လာပြီ"။ "၀ီရသူ ပါရာဇိက ကျပြီး ရဟန်းဘဝ နိဌိတံသွားပြီဖြစ်ကြောင်း သိရပါတယ်။ ပါရာဇိက အခုမှ ကျတာတော့ မဟုတ်လောက်ဘူး" စသည့် စာသားများကို လူမှုကွန်ယက်တွင် ရေးသားခြင်းကြောင့် ကိုကျော်မျိုးရွှေ အမည်ရသူက ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ) ဖြင့် ကိုဆွေဝင်းကို မန္တလေး အမှတ် ရ မဟာအောင်မြေ စခန်းတွင် ယမန်နေ့က အမှုဖွင့်ထားခြင်းဖြစ်သည်။

ကိုဆွေဝင်းက ဦးဝီရသူအား ရေးသားခြင်းအပေါ် ရ ရက်အတွင်း လာရောက်တောင်းပန်ခြင်း မပြုသည့်အတွက် အဆိုပါ ကိုကျော်မျိုးရွှေ ဆိုသူကို ဦးဝီရသူက အမှုဖွင့်ခိုင်းခြင်းဖြစ်ကြောင်း အမှုဖွင့်တိုင်ကြားစာအရ သိရသည်။

"ဓမ္မဆိုတဲ့ဟာကို အခြေခံပြီးတော့မှ ပြောဆိုညွှန်ပြတဲ့တရားတွေ၊ ဒီတရားတွေကို ပေါက်ကရ လူမျိုးရေးဘာသာရေး လှုံဆော်တာတွေ လူသတ်သမား လှုံဆော်တာတွေနဲ့ တွဲပြီးတော့မှ အမျိုးဘာသာစောင့်ရှောက်တဲ့ပုဂ္ဂိုလ်တွေဆိုပြီးတော့ ပြောတာကို လုံးဝလက်မခံဘူး။ ရှုတ်ချတယ်၊ ကန့်ကွက်တယ်" ဟု ကိုဆွေဝင်းက ဆိုသည်။

ကိုဆွေဝင်းသည် လွန်ခဲ့သည့် ၁၈ နှစ်ခန့် စစ်အစိုးရလက်ထက်တွင် နိုုင်ငံတော်အေးချမ်းသာယာစေမှှု ကိုု ပျက်ပြားစေသည်ဆိုသည့် စွဲချက်ဖြင့် ထောင် ၂၁ နှစ် ချမှတ်ခံရဖူးသည်။

April 27, 2026
စစ်အုပ်စုလက်အောက်ခံ စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီက...
April 25, 2026
ညီနောင်မဟာမိတ်အဖွဲ့ဝင်များဖြစ်သည့် MNDAA, TNLA နှင့် AA တို့ ထိန်းချုပ်ထားသည့် မြို့အားလုံးကို...
April 24, 2026
အာဏာသိမ်း စစ်အုပ်စု၏ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ယခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှ...
April 23, 2026
မောင်ခက်နွေ —စစ်အာဏာသိမ်းပြီး ငါးနှစ်နီးပါးအကြာတွင် အရပ်သားသမ္မတအဖြစ် အသွင်ပြောင်းလဲထားသည့် ၂၀၂၆...