ရေးချောင်းဖျားဒေသတွင် မှတ်ပုံတင်မရှိသူ ၂၀၀၀ ကျော်ရှိ

ရေးချောင်းဖျားဒေသတွင် မှတ်ပုံတင်မရှိသူ ၂၀၀၀ ကျော်ရှိ

မွန်ပြည်သစ်ပါတီ ဗဟိုဌာနချုပ်တည်ရှိသည့် ရေးချောင်းဖျားဒေသတွင် မှတ်ပုံတင် မရှိသေးသည့် ဒေသခံပြည်သူ ၂၀၀၀ ကျော် ရှိသည် ဟု မွန်ပြည်သစ်ပါတီ ပြည်တွင်းရေးရာတာဝန်ခံ နိုင်ဗညားလယ်က ပြောသည်။

အဆိုပါ ဒေသခံ ၂၀၀၀ ကျော်တွင် မှတ်ပုံတင် ပျောက်သွားသူ၊ ပျက်စီးသွားသူနှင့် အသက် ၁၈ နှစ်ပြည့်ပြီး မလုပ်ရသေးသူတို့ ပါဝင်သည်ဟု သိရသည်။

မွန်ပြည်သစ်ပါတီအနေနှင့် ၎င်းတို့ ထိန်းချုပ်မှုအောက်ရှိ ဒေသခံပြည်သူများ မှတ်ပုံတင်ရရှိနိုင်ရေး အတွက် ရေးမြို့ နယ် လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာနနှင့် မွန်ပြည်နယ်အစိုးရအဖွဲ့တို့နှင့် ညှိ နှိုင်း ဆွေးနွေးထားပြီး ကွင်းဆင်းပြုလုပ်ပေးရန် သဘောတူထားသည်ဟု မွန်ပြည်သစ်ပါတီ  ပြည်တွင်းရေးရာ တာဝန်ခံက ပြောသည်။

မွန်ပြည်သစ်ပါတီ ပြည်တွင်းရေးရာ တာဝန်ခံ နိုင်ဗညားလယ် က “အဓိကကတော့ ဗဟိုဌာနချုပ်ဒေသ တဝိုက် မှာပဲ ဝင်ထွက်သွားလာခွင့် အပြည့်အဝဖွင့်မပေးထားတော့ (မှတ်ပုံတင်) ဝင်လုပ်မယ်ဆိုရင် ကျနော်တို့နဲ့ ညှိနှိုင်း ရမယ်၊ ခွင့်တောင်းရမယ် အခုက ညှိနှိုင်းထားတဲ့အတိုင်းပဲ ကျနော်တို့ဒေသမှာ ဝင်လုပ်ပေးဖို့ ကျနော်တို့လည်း သဘောတူတယ် အကောင်အထည်ဖော်ဖို့ပဲ ကျန်တော့တယ် ရွေးကောက်ပွဲမတိုင်ခင်တော့ လုပ်ဖြစ်မယ်” ဟု  ပြောသည်။

မွန်ပြည်သစ်ပါတီထိန်းချုပ်မှုအောက်ရှိ သထုံခရိုင် မော်လမြိုင်ခရိုင်၊ ထားဝယ်ခရိုင်နှင့် ဘုရားသုံးဒေသမှာတော့ မှတ်ပုံတင်ပြုလုပ်ခြင်းနှင့် ပတ်သက်ပြီး အခက်အခဲမရှိဘူးလို့လည်း ၎င်းက ဆက်ပြောသည်။

ရေးမြို့ နယ်အတွင်းတွင် မှတ်ပုံတင်မရှိသည့် မဲပေးနိုင်သူ ၅ သောင်းကျော်ရှိနေပြီး ရွေးကောက်ပွဲအမီ မဲဆန္ဒရှင် များစာရင်းတွင် ထည့်သွင်းနိုင်အောင် မှတ်ပုံတင်ပြုလုပ်ပေးသွားမည်ဟုလည်း ရေးမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ဦးစီးဌာနက ပြောထားသည်။

မွန်ပြည်သစ်ပါတီဗဟိုဌာနချုပ်ဝန်းကျင် ရေးချောင်းဖျားဒေသက ပြည်သူများ မှတ်ပုံတင်ရရှိနိုင်ရေးအပြင် ၂၀၂၀ ခုနှစ် နိုဝင်ဘာလတွင် ကျင်းပမည့် ရွေးကောက်ပွဲတွင်လည်း မဲပေးနိုင်ရန်အတွက် မွန်ပြည်သစ်ပါတီ၊  မွန်ညီ ညွတ်ရေးပါတီနှင့် မွန်အရပ်ဖက်လူမှုအဖွဲ့အစည်းတို့က ကြိုးစားဆောင်ရွက်လျက်ရှိသည်။

Most read this week

August 26, 2026
နယ်မြေစိုးမိုးရေးနှင့် ပိတ်ဆို့ရေးအတွက် စစ်ကြောင်းထိုးလာသည့် စစ်တပ်စစ်ကြောင်းကို...
August 26, 2026
စစ်အုပ်စုက ထိန်းချုပ်ထားသည့် ရခိုင်ပြည်၊ စစ်တွေမြို့တွင် စစ်တပ်က အင်အား ရာချီ...
ဓာတ်ပုံ - Naw Tu Aung
August 26, 2026
ကချင်ပြည်၊ ဖားကန့်မြို့နယ်အတွင်း စစ်အုပ်စုတပ်နှင့် လက်အောက်ခံ ဝါရာဇွပ်ပြည်သူ့စစ်၊ ရှမ်းနီတပ် (...
ဓါတ်ပုံ - (ပုံဟောင်း - Crd)
August 25, 2026
ဧရာဝတီတိုင်း၊ ရခိုင်ရိုးမနှင့် တဆက်တည်းရှိသည့် ရေကြည်မြို့နယ်၊ တောင်ခြေသစ်တောကြိုးဝိုင်း အစပ်...