နမ့်စန်မြို့နယ် အမျိုးသမီးတဦး ကားပေါ် သေနတ်ဒဏ်ရာဖြင့်သေဆုံး

နမ့်စန်မြို့နယ် အမျိုးသမီးတဦး ကားပေါ် သေနတ်ဒဏ်ရာဖြင့်သေဆုံး

နန်းဆိုင်ဖူး - သျှမ်းပြည်တောင်ပိုင်း နမ့်စန်မြို့နယ် တွင် အမျိုးသမီးတစ်ဦးသည် အိမ်စီးကားပေါ်၌ သေနတ်ဒဏ်ရာ ဖြင့် သေဆုံးနေကြောင်း သတင်းရရှိသည်။

ဇူလိုင် ၂၃ ည ၁၁ နာရီ အချိန်ခန့်တွင် ဖြစ်ပွားခဲ့ကြောင်း သက်ဆိုင်ရာ ရဲတပ်ဖွဲ့မှ စုံစမ်းသိရသည်။

နမ့်စန်မြို့နယ် တပ်ဖွဲ့မှူး ရဲမှူး မင်းအောင်က ဖြစ်စဉ်နှင့် ပတ်သက်ပြီး မေးမြန်းရာ “မနေ့ည က အမျိုးသမီး ကားပေါ်မှာ သေနတ်ဒဏ်ရာနဲ့သေဆုံးတာ ဟုတ်ပါတယ်” ဟု ပြောသည်။

၎င်း အမျိုးသမီး သေဆုံးရာ နေရာသည် နမ့်စန်မြို့၏ အထွက် ခိုလမ်သွားသည့်လမ်း ၆ မိုင်အကွာတွင် ရှိကြောင်း နမ့်စန်မြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် အမတ် (၁)ဦးလင်းအောင်ရွှေ က ပြောသည်။

“ဘယ်လိုဖြစ်တာလဲ ဆိုတာ လောလောလတ်လတ်တော့ မပြောနိုင်ဘူးပေါ့နော်။ ကားကတော့ Mitsubishi ကားအဖြူပဲ။ ဘယ်လိုဖြစ်သလဲတော့ မသိဘူး။ ထင်ချက်တွေတော့ အမျိုးမျိုးပြောနေကြတယ်။ ပတ်သက်မှု တစ်ခုခုတော့ ရှိမှာပေါ့” ဟု ဦးလင်းအောင်ရွှေ က ဆိုသည်။

ထိုအမျိုးသမီး သေဆုံးမှုနှင့်ပတ်သက်ပြီး အသေးစိတ် အချက်အလက်ကို မသိရှိရသေးကြောင်း၊ နမ့်စန်မြို့နယ် ရဲစခန်း သေမှုသေခင်း နှင့် စုံစမ်း စစ်ဆေးနေကြောင်း သိရသည်။

January 9, 2026
သျှမ်းပြည်တောင်ပိုင်း ဆီဆိုင်မြို့တွင် စစ်ကော်မရှင် ပြုလုပ်မည့် ရွေးကောက်ပွဲ အပိုင်း (၂) အတွက်...
January 9, 2026
သျှမ်းပြည် တောင်ကြီးမြို့ရှိ ပြည်နယ်အားကစားကွင်း ပတ်လည်တွင် တည်ဆောက်ထားသော ဆိုင်ခန်း/...
January 8, 2026
သျှမ်းပြည် တန့်ယန်းမြို့တွင် ရွေးကောက်ပွဲ၌ မဲမထည့်သူများကို ခရီးသွားလာခွင့် ကန့်သတ်မည်ဟု...
January 8, 2026
စိုင်းဟန်လင်း — သျှမ်းပြည်အရှေ့ပိုင်း မိုင်းယောင်းမြို့နယ်တွင် စစ်ကော်မရှင် ပြုလုပ်မည့်...