နမ့်စန်မြို့နယ် အမျိုးသမီးတဦး ကားပေါ် သေနတ်ဒဏ်ရာဖြင့်သေဆုံး

နမ့်စန်မြို့နယ် အမျိုးသမီးတဦး ကားပေါ် သေနတ်ဒဏ်ရာဖြင့်သေဆုံး

နန်းဆိုင်ဖူး - သျှမ်းပြည်တောင်ပိုင်း နမ့်စန်မြို့နယ် တွင် အမျိုးသမီးတစ်ဦးသည် အိမ်စီးကားပေါ်၌ သေနတ်ဒဏ်ရာ ဖြင့် သေဆုံးနေကြောင်း သတင်းရရှိသည်။

ဇူလိုင် ၂၃ ည ၁၁ နာရီ အချိန်ခန့်တွင် ဖြစ်ပွားခဲ့ကြောင်း သက်ဆိုင်ရာ ရဲတပ်ဖွဲ့မှ စုံစမ်းသိရသည်။

နမ့်စန်မြို့နယ် တပ်ဖွဲ့မှူး ရဲမှူး မင်းအောင်က ဖြစ်စဉ်နှင့် ပတ်သက်ပြီး မေးမြန်းရာ “မနေ့ည က အမျိုးသမီး ကားပေါ်မှာ သေနတ်ဒဏ်ရာနဲ့သေဆုံးတာ ဟုတ်ပါတယ်” ဟု ပြောသည်။

၎င်း အမျိုးသမီး သေဆုံးရာ နေရာသည် နမ့်စန်မြို့၏ အထွက် ခိုလမ်သွားသည့်လမ်း ၆ မိုင်အကွာတွင် ရှိကြောင်း နမ့်စန်မြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် အမတ် (၁)ဦးလင်းအောင်ရွှေ က ပြောသည်။

“ဘယ်လိုဖြစ်တာလဲ ဆိုတာ လောလောလတ်လတ်တော့ မပြောနိုင်ဘူးပေါ့နော်။ ကားကတော့ Mitsubishi ကားအဖြူပဲ။ ဘယ်လိုဖြစ်သလဲတော့ မသိဘူး။ ထင်ချက်တွေတော့ အမျိုးမျိုးပြောနေကြတယ်။ ပတ်သက်မှု တစ်ခုခုတော့ ရှိမှာပေါ့” ဟု ဦးလင်းအောင်ရွှေ က ဆိုသည်။

ထိုအမျိုးသမီး သေဆုံးမှုနှင့်ပတ်သက်ပြီး အသေးစိတ် အချက်အလက်ကို မသိရှိရသေးကြောင်း၊ နမ့်စန်မြို့နယ် ရဲစခန်း သေမှုသေခင်း နှင့် စုံစမ်း စစ်ဆေးနေကြောင်း သိရသည်။

May 19, 2026
စိုင်းဆိုင်အိုက် - သျှမ်းပြည် မြောက်ပိုင်း မူဆယ်မြို့တွင် အွန်လိုင်းလိမ်လည်မှု ( ကျားဖြန့်)...
May 18, 2026
သျှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့နယ် ဆောင်းပြောင်းကျေးရွာ အနီးတွင် လက်နက်ကြီး ပစ်ခတ်သံများ...
May 16, 2026
စိုင်းဆိုင်အိုက် — သျှမ်းပြည် မိုးဗြဲ-ဖယ်ခုံ လမ်းပိုင်းတကြောကို စစ်ကော်မရှင်တပ်...
May 15, 2026
သျှမ်းပြည်အရှေ့ပိုင်း မက်မန်းမြို့နယ်အတွင်းရှိ သံလွင်မြစ်အနီးတွင် အွန်လိုင်းလိမ်လည်လောင်းကစားမှု...