ကိုယ်စားလှယ်လောင်းအမည်စာရင်းတင်သွင်းသူမရှိ၍ ရခိုင်မှမင်းပြားမြို့နယ်တွင် NLD ဝင်ရောက်ယှဉ်ပြိုင်နိုင်မည်မဟုတ်ဟုဆို

ကိုယ်စားလှယ်လောင်းအမည်စာရင်းတင်သွင်းသူမရှိ၍ ရခိုင်မှမင်းပြားမြို့နယ်တွင် NLD ဝင်ရောက်ယှဉ်ပြိုင်နိုင်မည်မဟုတ်ဟုဆို

အိမ်စိုးဖြူ — ရခိုင်ပြည်နယ်မှ မင်းပြားမြို့နယ်တွင် လာမည့် ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်း အမည်တင်သွင်းသူ မရှိ၍ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အနေဖြင့် ဝင်ရောက် ယှဉ်ပြိုင်နိုင်မည် မဟုတ်ဟု သိရှိရသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် စစ်တွေမြို့နယ် ဥက္ကဋ္ဌ ဦးစံရွှေကျော်က “ ရခိုင်ပြည်နယ်မှာ ၁၇ မြို့နယ် ရှိတဲ့ အထဲမှာ မင်းပြားကတော့ ကိုယ်စားလှယ်စာရင်း မပေးနိုင်ဘူး။ တခြား ၁၆ မြို့နယ်အကုန်လုံးမှာ ဝင်ပြိုင်သွားဖို့ ရှိပါတယ်” ဟု နိရဉ္စရာသတင်းဌာနသို့ ပြောသည်

ရခိုင်ပြည်နယ်တွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ၁၇ နေရာရှိရာ၌ ၁၆ နေရာတွင်လည်းကောင်း၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ၁၂ နေရာ ရှိရာတွင် ၁၁ နေရာတွင်လည်းကောင်း၊ ပြည်နယ်လွှတ်တော် ၃၄ နေရာတွင် ၃၂ နေရာတို့၌လည်းကောင်း ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဟု ၎င်းက ဆက်လက် ပြောဆိုသည်။

ရခိုင်ပြည်နယ်တွင် မြို့နယ် ၁၇ ခုရှိပြီး ၂ဝ၁၅ ခုနှစ် ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် သံတွဲခရိုင်မှ မြို့နယ် ၃ ခုနှင့် မာန်အောင်မြို့နယ်တို့တွင် ပြည်သူ့လွှတ်တော် တစ်နေရာနှင့် ပြည်နယ်လွှတ်တော် ၂ နေရာတို့တွင် အနိုင်ရရှိခဲ့သည်။

“အဓိက ကျတာတော့ ပြည်သူလူထု ပြောင်းလဲချိန်တန်ပြီဆိုတာနဲ့ ၂ဝ၁၅ မှာ ဝင်ခဲ့သလို အခုလည်း အဲဒီ မူဝါဒအတိုင်း ဆက်ပြီးတော့ အကောင်အထည်ဖော်ပြီးတော့ ပြည်သူလူထုကို ချပြဖို့ လုပ်နေတယ်”ဟု ပြောသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် ပြောင်းလဲချိန်တန်ပြီဆိုသည့် ကြွေးကြော်သံဖြင့် ၂ဝ၁၅ ခုနစ် ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင် အနိုင်ရရှိခဲ့သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့် ၂ဝ၂ဝ ရွေးကောက်ပွဲတွင် တစ်နိုင်ငံလုံးအနေဖြင့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီတစ်ခုသာ အဓိကပြိုင်ဆိုင်ရမည်ဖြစ်ပြီး ရခိုင်ပြည်နယ်တွင် ရခိုင်အမျိုးသားပါတီ (ANP) မှာ အဓိကပြိုင်ဘက်ဖြစ်လာနိုင်ကြောင်း စစ်တွေမြို့နယ် ဥက္ကဋ္ဌ ဦးစံရွှေကျော်ကပြောသည်။

April 20, 2026
ကျော်သီဟ — ရခိုင်ပြည်၊ မြောက်ဦးမြို့နယ်၊ ကျောက်ဆည်ပြင်ရွာကို အကြမ်းဖက်စစ်‌ကော်မရှင်လေတပ်က ဧပြီ (...
April 11, 2026
ကျော်သီဟ — ဧပြီလ ၁ဝ ရက်တွင်ကျရောက်သည့် အာရက္ခတပ်တော် (AA) တည်ထောင်ခြင်း (၁၇) နှစ်မြောက်နေ့သို့...
April 10, 2026
နှင်းနွယ်နီ — ရခိုင်ပြည်၊ မြို့တော်စစ်တွေမြို့ရှိ ထောင်အနီးနှင့် သံတော်လီရွာဝင်ဝအနီးတို့တွင်...
April 9, 2026
ခိုင်လူလှ (ရိုးမမြေ) — ကျောက်ဖြူမြို့နယ်တိုက်ပွဲများတွင် ထိခိုက်သေဆုံးမှုများနေသဖြင့်...