အာချေးဒေသ၏ ငြိမ်းချမ်းရေးဖြစ်စဉ်အပေါ် လေ့လာသော UNFC ခေါင်းဆောင်များ အလုပ်ရုံဆွေးနွေးပွဲ ကျင်းပ

အာချေးဒေသ၏ ငြိမ်းချမ်းရေးဖြစ်စဉ်အပေါ် လေ့လာသော UNFC ခေါင်းဆောင်များ အလုပ်ရုံဆွေးနွေးပွဲ ကျင်းပ
by -
မဇ္ဈိမ
တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်မထိုးသေးသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အစည်းများ “အာချေးဒေသ ငြိိမ်းချမ်းရေးဖြစ်စဉ်မှ ရရှိခဲ့သော သင်ခန်းစာ”ဟူသော ခေါင်းစဉ်ဖြင့် ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့တွင် မတ်လ ရ ရက်မှ ၈ ရက်အထိ အလုပ်ရုံဆွေးနွေးပွဲ ကျင်းပနေသည်။

၄င်းအလုပ်ရုံဆွေးနွေးပွဲတွင် အာချေးနိုင်ငံမှ ပညာရှင် ၃ ဦးက အာချေးဒေသအုပ်ချုပ်ရေးဥပဒေ (LoGA)နှင့် သဘောတူညီချက်များကို အကောင်အထည်ဖော်ဆောင်ရွက်ခြင်း အားသာချက်၊ အားနည်းချက်များ အပါအဝင် တင်ပြဆွေးနွေးကြမည် ဖြစ်ကြောင်း သိရသည်။

အာချေးနိုင်ငံ၏ ငြိမ်းချမ်းရေးဖြစ်စဉ်တွင် တိုင်းရင်းသားများအတွက် သင်ခန်းစာယူရန် အလုပ်ရုံဆွေးနွေးပွဲ ကျင်းပရခြင်း ဖြစ်သည်ဟု ဆွေးနွေးမှုအစီအစဉ်များကို ဖတ်ကြားခဲ့သော ENAC၏ အုပ်ချုပ်ရေးဒါရိုက်တာ သဘာပတိ တာဝန်ယူထားသော ဇူတွမ်မှုန်က ပြောဆိုခဲ့သည်။

၂၀၀၄-၂၀၀၅ ခုနှစ်အတွင်း အာချေးနိုင်ငံမှ တော်လှန်ရေးသမားများအားလုံး လက်နက်ချပြီးနောက် ငြိမ်းချမ်းရေးဆွေးနွေးမှုများကို လေ့လာခြင်း ဖြစ်သည်ဟု သိရသည်။

အလုပ်ရုံဆွေးနွေးပွဲတွင် ပဋိပက္ခနောက်ခံသမိုင်းနှင့် ၂၀၀၅ ခုနှစ်မတိုင်မီ ကျင်းပခဲ့သော ငြိမ်းချမ်းရေး ဆွေးနွေးပွဲအကြောင်း၊ ပညာရှင်များ၏ စွမ်းဆောင်နိုင်မှုအား မူဝါဒနှင့် ညှိနှိုင်းဆွေးနွေးမှု မဟာဗျူဟာတို့ တင်ပြခြင်း၊ ၂၀၀၅ ခုနှစ် ညှိနှိုင်းဆွေးနွေးမှုဖြစ်စဉ်နှင့် ထိုဖြစ်စဉ်တွင် စွမ်းဆောင်နိုင်မှု ခိုင်မာ အားကောင်း စေရန်အတွက် လူမှုအဖွဲ့အစည်း၊ သတင်းမီဒီယာနှင့် နိုင်ငံတကာ အသိုင်းအဝိုင်းများကို အသုံးချခဲ့ပုံကို တင်ပြခြင်း၊ တိုင်းရင်းသားလူမျိုးများရေးရာစင်တာ (ပြည်ထောင်စုမြန်မာနိုင်ငံ-ENAC)မှ ဦးဆောင် ကျင်းပခြင်း ဖြစ်ပြီး ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) ခေါင်းဆောင်များ၊ စည်းလုံးညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့ (UNA)၊ အမျိုးသမီးများအဖွဲ့ချုပ်-မြန်မာနိုင်ငံ ( WLB)နှင့် အရပ်ဘက်အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ စုစုပေါင်း ၅၀ ကျော် ပါဝင်တက်ရောက်နေခြင်း ဖြစ်သည်။

မြန်မာ့ငြိမ်းချမ်းရေးဖြစ်စဉ်ကို ၅ နှစ်ကြာ ကျော်ဖြတ်ခဲ့ရသော်လည်း ယနေ့ထိ တိုက်ပွဲဖြစ်နေဆဲ ဖြစ်ပြီး ယနေ့ဆွေးနွေးမှုများသည် မြန်မာငြိမ်းချမ်းရေးအတွက် အရေးကြီးကာ အာချေးနိုင်ငံရေး ငြိမ်းချမ်းရေး ဖြစ်စဉ်အပေါ် လေ့လာခြင်းအားဖြင့် တိုင်းရင်းသားများအတွက် သင်ခန်းစာများစွာ ရရှိနိုင်မည်ဟု ယူဆကြောင်း ကရင် အမျိုးသားအစည်းအရုံး (KNU)မှ ဒုဥက္ကဋ္ဌ ပဒိုနော်စီဖိုးရာစိန်က အဖွင့်မိန့်ခွန်း ပြောကြားခဲ့သည်။

“ကျွန်မတို့ မြန်မာငြိမ်းချမ်းရေးဖြစ်စဉ် ၅ နှစ်ထဲကို သွားနေပြီး ဖြစ်တယ်။ ဒါပေမယ့် အပြင်မှာ ကြည့်မယ်ဆိုရင် တစ်ဆင့်ပြီး တစ်ဆင့်သွားနေတယ် ဆိုတာ သွားနေတယ်လို့ တွေ့နိုင်တယ်။ အခုဆိုရင် ၂၁ ရာစု ညီလာခံ ကျင်းပမဲ့အခြေအနေ ရှိနေတယ်။ ဒါပေမယ့် အတွင်းကနေ ကြည့်မယ်ဆိုရင် ဒါကို ဘယ်လိုမှ သွားလို့မရခဲ့ဘူး။ အကြောင်းက ကျွန်မတို့ အပစ်အခတ်ရပ်စဲရေး မရှိသေးဘူး။ တိုက်ပွဲတွေ ဆက်လက်ပြီးတော့ ၂၀၁၁ က အခုထိ နေ့စဉ် တိုက်ပွဲဖြစ်ပွားနေတဲ့ အခြေအနေရှိနေတယ်။ ပြီးတော့ ကျွန်မတို့ သွားနေတဲ့ ၅ နှစ်သာကာလမှာလည်း နိုင်ငံရေးစားပွဲပေါ်မျာလည်း မရောက်သေးဘူး။ ကြိုးစားနေဆဲ ရှိနေတယ်။ အဲဒီသွားတဲ့ကာလမှာ အထဲကနေ ကြည့်မယ်ဆိုရင် ထိထိရောက်ရောက် မရောက်နိုင်သေးတဲ့ အခြေအနေဖြစ်နေတယ်လို့ ပြောချင်တယ်”ဟု သူက မိန့်ခွန်းတွင် ထည့်သွင်း ပြောဆိုခဲ့သည်။

April 27, 2026
စစ်အုပ်စုလက်အောက်ခံ စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီက...
April 25, 2026
ညီနောင်မဟာမိတ်အဖွဲ့ဝင်များဖြစ်သည့် MNDAA, TNLA နှင့် AA တို့ ထိန်းချုပ်ထားသည့် မြို့အားလုံးကို...
April 24, 2026
အာဏာသိမ်း စစ်အုပ်စု၏ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ယခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှ...
April 23, 2026
မောင်ခက်နွေ —စစ်အာဏာသိမ်းပြီး ငါးနှစ်နီးပါးအကြာတွင် အရပ်သားသမ္မတအဖြစ် အသွင်ပြောင်းလဲထားသည့် ၂၀၂၆...