စစ်တွေမြို့အနီးတည်ရှိသည့် ရေနံလုပ်ကွက် AD-8 တွင် တရုတ်နှင့် သြစတြေးလျတို့ စမ်းသပ်တူးဖော်မည်

စစ်တွေမြို့အနီးတည်ရှိသည့် ရေနံလုပ်ကွက် AD-8 တွင် တရုတ်နှင့် သြစတြေးလျတို့ စမ်းသပ်တူးဖော်မည်

ခိုင်လူလှ(ရိုးမမြေ) — ရခိုင်ပြည်နယ် စစ်တွေမြို့မှ အနောက်တောင်ဘက် ခန့်မှန်းခြေ ၅၉ မိုင်ခန့်ကွာဝေးသော ရေနံလုပ်ကွက် AD-8 တွင် ရေနံနှင့် သဘာဝဓာတ်ငွေ့ တူးဖော်ခြင်းလုပ်ငန်း (Exploration Drilling) ကို တရုတ်နှင့် သြစတြေးလျတို့ စတင် အကောင်ထည်ဖော်သွားမည်ဟု ယခုလ ၁၇ ရက်နေ့ထုတ် မြန်မာတိုင်းစ်၏ သတင်းတစ်ပုစ်အရ သိရသည်။

၎င်းစီမံကိန်း၏ အော်ပရေတာဖြစ်သည့် သြစတြေးလျကုမ္ပဏီ Woodside ကို ကိုးကားပြီး သတင်းဖော်ပြရာတွင် တရုတ်နှင့် သြစတြေးလျတို့ ပူးပေါင်း၍ ရခိုင်ကမ်းလွန်လုပ်ကွက်အမှတ် AD-8 တွင် ရှစ်တွင်းအထိ တူးဖော်မည် ဖြစ်ပြီး စီမံကိန်းကို ၂ဝ၂ဝ ပြည့်နှစ် တတိယ လေးလပတ်တွင် စတင် အကောင်အထည်ဖော်မည်ဖြစ်သည်ဟု ဆိုသည်။

ရခိုင်ဘူမိချိုင့်ဝှမ်းရှိ စစ်တွေမြို့နယ်မှ ခန့်မှန်းခြေ ၅၉ မိုင်ခန့်ကွာဝေးသော ရေနံလုပ်ကွက် AD-8 သည် တရုတ်အစိုးရ၏ နိုင်ငံပိုင်လုပ်ငန်းဖြစ်သော China National Petroleum Cooperation International နှင့် Woodside တို့ အကျိုးတူ ပူးပေါင်းရင်းနှီးမြုပ်နှံထားသည့် စီမံကိန်းဖြစ်ကြောင်း သတင်းတွင် ဖော်ပြသည်။

စီမံကိန်းအကောင်အထည်ဖော်မှုသည် အစောပိုင်းတွင် တွင်းတူးဖော်သော လုပ်ငန်းအစီအစဉ်ကို တွင်းတစ်တွင်းမှ သုံးတွင်းထိ တူးဖော်နိုင်ခြေရှိပြီး ၂ဝ၂၁ ခုနှစ် နှစ်လယ်ပိုင်းတွင် ပြီးစီးနိုင်မည်ဟု Woodside က ခန့်မှန်းထားသည်ဟုဆိုသည်။

Woodside သည် လုပ်ကွက် AD-1၊ AD 6 နှင့် AD-8 တို့အတွက် တရုတ်အစိုးရ၏ နိုင်ငံပိုင်လုပ်ငန်းဖြစ်သော CNPCI နှင့် အကျိုးတူ လုပ်ငန်းစာချုပ် ချုပ်ဆိုခဲ့ခြင်း ဖြစ်သည်။ ယင်းလုပ်ငန်းများအတွင်း ရှယ်ယာရာခိုင်နှုန်း ၅ဝ စီ အသီးသီးပိုင်ဆိုင်ထားသည်။

ထို့အပြင် မြန်မာ့ရေနံနှင့် သဘာဓာတ်ငွေလုပ်ငန်း MOGE နှင့် အကျိုးတူ ပူးပေါင်းဆောင်ရွက်လျက်ရှိသော POSCO International Cooperation သည် ရခိုင်ကမ်းလွန်ရှိ လက်ရှိ လည်ပတ်ထုတ်လုပ်လျက်ရှိသော ရွှေသဘာဝဓာတ်ငွေ့ ထုတ်လုပ်ရေး စီမံကိန်းတွင် အဆင့်မြှင့်တင်ခြင်း လုပ်ငန်းဖြစ်သည့် ဖွံ့ဖြိုးရေး လုပ်ငန်း အဆင့်(၃) စီမံကိန်း ( Project Development Phase 3) ကိုအကောင်အထည် ဖော်ဆောင်ရွက်သွားမည်ဟု ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစီးဌာနမှ သိရသည်။

အဆိုပါတွင်းများ၏ အောင်မြင်နိုင်ခြေအပေါ်မူတည်၍ နောက်ထပ်တွင်းများကို ၂ဝ၂၂ခုနှစ်မှ ၂ဝ၂၄ခုနှစ်အတွင်း တူးဖော်သွားနိုင်ပြီး တူးဖော်ရေး လုပ်ငန်းများသည် အစိုးရနှင့် အကျိုးတူ ပူးပေါင်းဆောင်ရွက်သူများ၏ ခွင့်ပြုချက်အပေါ် မူတည်သည်ဟု ကုမ္ပဏီက ဆိုသည်။

ဓာတ်ပုံ - လင်းရောင်ခြည်ဖောင်ဒေးရှင်းက အခမဲ့ဖွင့်လှစ်ခဲ့သည့်ကျောင်းများရှိ စစ်ရှောင်ကျောင်းသူ၊ ကျောင်းသားများအား ယခင်နှစ်က တွေ့ရစဉ်။
May 22, 2026
မောင်စာဂ — ရခိုင်ပြည်အတွင်းရှိ လူမှုကူညီရေးအဖွဲ့တစ်ခုဖြစ်သော လင်းရောင်ခြည်ဖောင်ဒေးရှင်းက ယခု...
May 21, 2026
“အာရက္ခပြည်မှာ ကြိုးပမ်းတည်ဆောက်နေတဲ့ လူမျိုးပေါင်းစုံချစ်ကြည်ရေး၊...
May 20, 2026
မောင်စာဂ — ရခိုင်ပြည်၊ မြေပုံမြို့နယ်မှ အရပ်သားရှစ်ဦးကို စစ်အုပ်စု၏နေဗီတစ်စီးက ဖမ်းဆီးသွားသည်ဟု...
May 19, 2026
ခိုင်လူလှ (ရိုးမမြေ) — ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ တောင်မော်ဦး၊ရေတပ်စခန်း...