ဒီမိုကရေစီ ယဉ်ကျေးမှု နှင့် လူထု အာဏာ

ဒီမိုကရေစီ ယဉ်ကျေးမှု နှင့် လူထု အာဏာ

“လူထု၏အာဏာသည် အာဏာရှိသောလူများထက်အဆပေါင်းများစွာ ပို၍အင်အားကြီးပါ သည်” ဟု အီဂျစ် ဒီမိုကရေစီအရေးလှုပ်ရှားမှု ခေါင်းဆောင် ဝေးဂိုနင် ကဆိုခဲ့ပါသည်။

ကမ္ဘာ့နိုင်ငံရေးသမိုင်းကိုပြန်ကြည့်မည် ဆိုလျှင်လည်း လူထု၏အင်အားကြောင့် ပြောင်းလဲမှုများစွာဖြစ်ပေါ်ခဲ့ရသည်ကို တွေ့ရမည်ဖြစ်ပါသည်။

ဒီမိုကရေစီနိုင်ငံများတွင် တိုင်းပြည်၏ အာဏာသည်လူထုထံမှဆင်းသက်သည်ဟုဆိုကြသည်။ ပြီးခဲ့သော ဇူလိုင်လ ၁၀ ရက်နေ့က ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့တွင် သောင်းနှင့်ချီသော လူထုတို့သည် ၎င်းတို့၏ လူထုအာဏာဖြင့် မတရားမှုတို့ကိုတိုက်ထုတ် နိုင်ရန် လမ်းပေါ်တွင်စုဝေးခဲ့ကြသည်။

“ အပြစ်မဲ့ပြည်သူများကိုသတ်သည့် တပ်မတော်အလိုမရှိ” ဟူသည့်စာတန်းပါဆိုင်းဘုတ်များကိုင်ဆောင်ကာ ဆန္ဒပြခဲ့ကျ သော ယခုလူထုလုပ်ရှားမှုသည် ရှမ်းပြည်သမိုင်းတွင် ပထမဆုံးတပ်မတော်အား ဆန္ဒပြမှုဖြစ်ပြီး အကြီးဆုံး ဆန္ဒပြမှုလည်းဖြစ်သည်။

ဇွန်လ ၂၉ ရက်နေ့ကဖြစ်ပွားခဲ့သော တပ်မတော်စစ်ကြောင်းမှ အပြစ်မဲ့ ပန်ကျန် ရွာသား လုံးဆုအား ပစ်သတ်မှု၊ အမျိုးသမီးတစ်ဦးကိုပစ်ခတ်ဒဏ်ရာရစေမှုနှင့် အက်ကီးရွာသားတစ်ဦးကိုလမ်းပြအဖြစ်စေခိုင်းရိုက်နှက်မှုတို့ သည် ကျောက်မဲဒေသခံလူထုကို လမ်းမပေါ်သို့ရောက်ရှိအောင် အဓိကပြုလုပ်ခဲ့သော အကြောင်းအရာများဖြစ်သည်။

မြန်မာ့တပ်မတော်မှ ရှမ်းပြည်အတွင်းသို့ စတင်ဝင်ရောက်လာသည့် ၁၉၅၂ ခုနှစ်မှစ၍ ယနေ့အချိန်အထိ ရှမ်းပြည်တဝှမ်း မရေမတွက်နိုင်သော စစ်ရာဇဝတ်မှုပေါင်းမြောက် များစွာကိုကျူးလွန်ခဲ့သည်။

ရှမ်းတို့သည် မိမိတို့အပေါ်ဖိနှိပ်မှုများကို လက်နက်ကိုင်တော်လှန်ခဲ့သော်လည်း ယခုဆန္ဒပြမှုသည် ပထမဆုံးသောလက်နက်မပါသည့် ဆန္ဒပြမှုဖြစ်ကာ ရှမ်းအမျိုးသားတို့အတွက်စံနမူ နာထားရမည့်လှုပ်ရှားမှုဖြစ်သည်။

မြန်မာနိုင်ငံအတွင်း ဘဝတူအဖိနှိပ်ခံ တိုင်းရင်းသားဒေသများဖြစ်သော ကချင်၊ ကရင်နီ(ကယား)၊ ရခိုင် စသည့်ဒေသများတွင် မတရားမှုအတွက်၊မိမိတို့လိုလားချက်များ အတွက်လူထုလှုပ်ရှားမှုများစွာ ဖြစ်ပေါ်ခဲ့ သော်လည်း ရှမ်းတို့မှာမူအားနည်းခဲ့ရသည်။

သို့ဖြစ်ရာယခု ကျောက်မဲဒေသခံတို့၏ စစ်ရာဇဝတ်မှု အတွက် တရားမျှတမှုရရှိရန်တောင်းဆိုမှုမှ သည် ရှမ်းပြည်တစ်လွှားရှိ မိမိတို့လူထုအာဏာဖြင့်တောင်းဆိုတိုက်ပွဲဝင်ရမည့် အရေးများအထိအရှိန်အဟုန်မြင့်တင်ကာစည်းလုံးညီညွတ်စွာ ရှေ့ဆက်သွားကြရန် လိုအပ်ပါသည်။

ထို့အပြင် ကမ္ဘာဇာတ်ခုံပေါ်မှ ဟောင်ကောင်ဒီမိုကရေစီအရေးလှုပ်ရှားမှုကဲ့သို့ လူထုအားလုံးနီးပါးပါဝင်သော လှုပ်ရှားမှုကဲ့သို့ ရှမ်းပြည်သူတိုင်းနိုးကြားစွာဖြင့် တရားမျှတမှုအရေးမှသည် ဖက်ဒရယ်နှင့်ကိုယ်ပိုင်ပြဌာန်းခွင့်တောင်းဆိုမှုအထိ မိမိတို့၏လူထု အာဏာကိုအသုံးချနိုင်စေရန်မျှော်လင့်မိပါသည်။

(မွေလျန်း မှရေးသားပေးပို့သည်။)

Most read this week

ဓာတ်ပုံ - (မြစ်ကြီးနားမြို့တွင်း မြင်ကွင်းတစ်ခု / Crd)
August 31, 2026
စစ်အုပ်စုတပ် အာဏာသိမ်းပြီးနောက်ပိုင်း စစ်ရေးနှင့် စီးပွားရေး အခက်အခဲများကြား ရုန်းကန်နေရသည့်...
ဓာတ်ပုံ - (ညောင်ရွှေမြို့နယ် စစ်ဆေးရေးဂိတ်တစ်ခု - ပုံဟောင်း / Crd)
August 31, 2026
သျှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့ပေါ်နှင့် အင်းလေးဒေသဘက်တွင် လှုပ်ရှားဆောင်ရွက်နေသည့်...
ဓာတ်ပုံ - (တောင်ကြီးမြို့ ငြိမ်းချမ်းရေးဆွေးနွေးပွဲအပြီးတွင် RCSS/SSA မှ စဝ်အောင်မောင်းနှင့် သမ္မတရုံးဝန်ကြီး ဦးအောင်မင်းတို့ တွေ့ဆုံစဉ်။ / Crd)
August 31, 2026
ရှမ်းပြည် တော်လှန်ရေးအတွင်း ပါဝင်ခဲ့သည့် ရှမ်းနီ တိုင်းရင်းသား အများအပြား ရှိခဲ့ဖူးပြီး...
August 31, 2026
ရခိုင်ဒေသတွင် စစ်ရေးအခြေအနေသည် လေကြောင်းဗုံးကြဲတိုက်ခိုက်မှုများ ပိုမိုပြင်းထန်လာခြင်းနှင့်...