မဟာမိတ် ပြိုင်မည့်နေရာ SNDP မပြိုင်ဟုဆို

မဟာမိတ် ပြိုင်မည့်နေရာ SNDP မပြိုင်ဟုဆို

လာမည့် ၂၀၂၀ ရွေးကောက်ပွဲတွင် မဟာမိတ်ပါတီများယှဉ်ပြိုင်မည့်မြို့နယ်များတွင် သျှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (SNDP) ၏ ဝင်ရောက်ယှဉ်ပြိုင်မည် မဟုတ်ကြောင်း ပါတီဥက္ကဌ စိုင်းအိုက်ပေါင်း က ပြောသည်။

ကျားဖြူပါတီသည် ပြည်ထာင်စုမြန်မာနိုင်ငံတွင် မဟာမိတ်ပေါင်း ၂၄ ပါတီရှိပြီး သျှမ်းပြည်တွင်းရှိ တိုင်းရင်းသားပါတီ ၁၁ ပါတီနှင့် မဟာမိတ်ဖြစ်ထားကြောင်း သိရသည်။

ထို့ကြောင့် သျှမ်းပြည် အတွင်းရှိ မဟာမိတ်ပါတီ (၁၁) ပါတီဝင်ပြိုင်မည့် နေရာသည် ကျားဖြူပါတီ ဝင်ရောက်ယှဉ်ပြိုင်မည် မဟုတ်ကြောင်း စိုင်းအိုက်ပေါင်း ကပြောသည်။

“မဟာမိတ်ရှိတဲ့နေရာပါ ဝင်ပြိုင်မှာမဟုတ်ဘူး။ သဘောတူထားတာတွေရှိတယ်။ ဥပမာ ကိုးကန့်လို နေရာမျိုးလည်း ဝင်မပြိုင်ဘူးပေါ့နော်။ ကျနော်တို့ ဝင်ပြိုင်မယ့်နေရာက သျှမ်းတိုင်းရင်းသားတွေ များတဲ့နေရာပဲ။” ဟု စိုင်းအိုက်ပေါင်းက သျှမ်းသံတော်ဆင့်ကိုပြောသည်။

လာမည့် ၂၀၂၀ ရွေးကောက်ပွဲတွင် ကျားဖြူပါတီသည် သျှမ်းပြည်တွင်းရှိ မြို့နယ် ၂၉ မြို့နယ်နှင့် ကချင်ပြည်နယ် မြို့နယ် ၅ မြို့နယ်မှာဝင်ရောက် ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း စိုင်းအိုက်ပေါင်း ကပြောသည်။

လာမည့် ရွေးကောက်ပွဲအတွက် ဝင်ရောက်ယှဉ်ပြိုင်မည့် အမတ်များကို ၉၀ ရာခိုင်နှုန်း ကိုယနေ့ ဇူလိုင် (၁၆) ရက်တွင် သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့မှာ ကျင်းပသည့် ကျားဖြူပါတီ၏ ဗဟို အလုပ်အမှုဆောင်အဖွဲ့ ဆွေးနွေးပွဲတွင် ရွေးချယ်ခဲ့ပြီးကြောင်းလည်း ပါတီဥက္ကဌ ဖြစ်သူ စိုင်းအိုက်ပေါင်းက ထပ်လောင်းပြောသည်။

“ဝင်ပြိုင်မယ့် နေရာကို လာဆွေးနွေးတာ။ လွှတ်တော်အမတ် ကို အတည်ပြုတာပေါ့နော်။” ဟု စိုင်းအိုက်ပေါင်း ကဆိုသည်။

ကျားဖြူပါတီသည် သျှမ်းပြည်တွင်းရှိ တိုင်းရင်းသား ပါတီ (၁၁) ပါတီ နှင့် မဟာမိတ်ဖြစ်ထား ပြီး ပြည်နယ် လွှတ်တော်နေရာမှာ (၃၀) ကျော် အနိုင်ရပါက မဟာမိတ်ပါတီများနှင့် ပူးပေါင်းပြီး သျှမ်းပြည်အစိုးရ ဖွဲ့စည်းမည်ဟုလည်း သိရသည်။

January 12, 2026
သျှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ စစ်ကောင်စီ ရွေးကောက်ပွဲတွင် စစ်တပ် ကြိုတင်မဲကြောင့်...
January 9, 2026
သျှမ်းပြည်တောင်ပိုင်း ဆီဆိုင်မြို့တွင် စစ်ကော်မရှင် ပြုလုပ်မည့် ရွေးကောက်ပွဲ အပိုင်း (၂) အတွက်...
January 9, 2026
သျှမ်းပြည် တောင်ကြီးမြို့ရှိ ပြည်နယ်အားကစားကွင်း ပတ်လည်တွင် တည်ဆောက်ထားသော ဆိုင်ခန်း/...
January 8, 2026
သျှမ်းပြည် တန့်ယန်းမြို့တွင် ရွေးကောက်ပွဲ၌ မဲမထည့်သူများကို ခရီးသွားလာခွင့် ကန့်သတ်မည်ဟု...